Pages

Friday, 20 July 2012

အမေသို့



အမေ့အိမ်က ထွက်ခဲ့တဲ့ သားက
အမှောင်ထဲမှာ
တ၀ဲဝဲလည်
ရွာနဲ့ဝေး ဆွေမျိုးတွေနဲ့ကွာ
တစ်ယောက်တည်းလျှောက်လာတဲ့
သက္ကရာဇ်ကို တွက်စစ်ကြည့်တော့
ဆယ်စုနှစ် သုံးခုတောင်
ကျော်ပြီပေါ့
ဆိုးလိုက်တဲ့အမေ့သား
အမှန်အမှားလဲ မကွဲ
အမေဆုံးမဲ့ နောက်ဆုံးနေ့နဲ့လဲ လွဲ
အဖေဆုံးတဲ့ နေ့နဲ့လွဲ
တစ်ယောက်တည်း ရှင်သန်ရင်း
အခုဆို အမေ့သားက
အချစ်အတွက်နဲ့ အသည်းတွေတောင်
ကွဲပြီးပေါ့
မြို့ပြ နိုင်ငံစုံ လူဂုဏ်တန်တွေကြားမှာ
မျှော်လင့်ချက်ပါးပါးကိုလေးကို
ခြုံထားတာကလွဲရင်
အမေသားလက်ထဲမှာ
ဘာမှမရှိတော့ဘူးအမေ
အမေ----အမေ--အမေ
ဟိုတစ်ချိန်လို
အမေ့ထမီစလေးဆွဲပြီး နောက်ကလိုက်လို့ရရင်
ပြန်လိုက်ချင်သေးတယ်၊

ရွှေမန်းသား ( အရွင္အကုၤရ)

No comments:

Post a Comment