သူ မဇ္ဈိမကို ရောက်တာ (၂၈.၁၀. ၂၀၁၃)နေ့က တစ်နှစ်တင်းတင်းပြည့်ခဲ့တယ်၊ တစ်နှစ်သား ပြည့်မြောက်လာတော့ သူဟာ မဇ္ဈိမယဉ်ကျေးမှု တစ်ချို့နဲ့ ခင်မင်ရင်း နှီးလာတယ်၊ တိုင်းတစ်ပါးပေမယ့် ယဉ်ကျေးမှု ရေစီးကြောင်းက ရွှေပြည်ကြီးက လူတွေနဲ့ သူနေထိုင်တဲ့ မဇ္ဈိမဒေသသား တမီးလ်ပြည်သူပြည်သားတွေနဲ့က ထပ်တူနီးကျကျ နေလေတော့ အစိမ်းသက်သက်ကြီးတော့ မဟုတ်တော့ဘူး။
ဆွေမျိုးရင်းချာလို စီးမျောတတ်လာတယ်၊မိတ်ဖြစ်ဆွေဖြစ်အကျွမ်းတ၀င်ရှိလာတယ်၊ အခု (၂.၁၁. ၂၀၁၃) မှာလဲ မဇ္ဈိမဒေသသားတို့ရဲ့ ယဉ်ကျေးမှုတွေထဲက တစ်ခုအရ
ဒေပါဝလီ( သို့ ) ဒေ၀ါလီ နေ့ကျသတဲ့၊ ဒေ၀ါလီဆိုတာ ရွှေပြည်ကြီးက ယဉ်ကျေးမှု နဲ့ နားလည်အောင်ပြောရရင်တော့ သီတင်းကျွတ် မီးထွန်းပွဲလိုပေါ့၊ ဒီက မဇ္ဈိမသားများ က ဆီမီးတွေ လျှပ်စစ်မီးတွေ ထိန်နေအောင် ထွန်းကြ၊ ဗျောက်အိုးတွေ တစ်ဒိုင်းဒိုင်း ဖောက်ကျ၊ တစ်အိမ်နဲ့တစ်အိမ် တစ်မိသားနဲ့တစ်မိသား မုန့်တွေဝေကြ လက်ဆောင် တွေပေးကြနဲ့ ချစ်စရာကောင်းတဲ့ ဓလေ့လေးတစ်ခုပါ၊ ရွှေပြည်ကြီးက အညာဘုရားပွဲ ဆွမ်းတော်ကြီးလောင်းပွဲတွေလိုပ၊
ဘာပဲပြောပြော ဒီလိုလေးတွေ မြင်ရတွေ့ရတာ့ ရွှေပြည်ကြီးက ဆွေတော်မျိုးတော် တွေကို သတိရစိတ်အထွေထွေက ယိုဖိတ်လာလေတော့ သဗ္ဗေသတ္တာ အဝေယျာ ဟောန္တု၊ အနီဃာ ဟောန္တု အဗျာပဇ္ဖာဟောန္တု ----- ဟောန္တု ဟောန္တုရယ်လို့ သွန်းထုကာ မေတ္တာ ချွေလိုက်မိပါကြောင်း သူတော်ကောင်းတို့--------------။ ။
ရွှေမန်းသား အရှင်အကုင်္ရ ( ခေတ္တအိန္ဒိယ)
No comments:
Post a Comment