မကြာမီ လာမည်
မကြာမီ လာမည်
အမေ
မကြာမီ ရွာထိပ်က ဘူတာရုံလေးမှာ
လော်ကယ်ရထား ဆိုက်ချိန်
သားအရောက်ပြန်လာမည်
မကြာမီလာမည် အမေ
မကြာမီ ရွာအ၀င် လှည်းလမ်းကြောင်းမှာ
ဖုံတထောင်းထောင်း ထခဲ့ရင်
သားပြန်လာပြီ အမေ
မကြာမီ လာမည်
အမေ
ဖုန်းဆက်တိုင်း ဧရိယာ ပြင်ပ ခဏခဏ ရောက်နေတဲ့
အမေ့ရွာလေး ဆီ
သား အရောက်ပြန်လာမည်။ ။
သစ္စာမိုးဝေ
No comments:
Post a Comment