Monday, 23 February 2015

နွေမက်စေ့




+++++++++++++++++
နွေသည် ရုတ်တရက်
လေရူးနဲ့အတူ
ကျွန်တော်ခေါင်းပေါ်မှာ ထိုးကျလာသောအခါ
အလွမ်းသည်
ရင်ဘတ်ထဲမှ
ညင်ညင်သာသာ ထခုန်ကလေသည်
ကျွန်တော်ပုထုဇဉ်ဖြစ်ကြောင်းလက်မှတ်တစ်ခုကို
အချစ်က ချောင်ချိုချောင်ကြားက
လှောင်လှောင်ပြောင်ပြောင်
ရယ်သံဖြင့် ဟားတိုက်လေပြီ
ရွက်ဝါတွေကြွေလေပြီ
နေသည် အရှိန်တောက်တောက်အောက်
ခမောက်မဆောင်းမိသော နှလုံးသားလေးခမျာ
အပူရှပ်မှာ စိုးရိမ်ရ၏
ဘာပဲဖြစ်ဖြစ် ပန်းတွေမြိုင်မြိုင်ဆိုင်ဆိုင်ပွင့်ကြတော့မည်
ဥသြငှက်တို့ တေးဆိုတော့မည်
ပိတောက်ရွှေဝါတို့ ရာသီအညီ
ရွှေရည်သန်းတော့မည်
အလွမ်းကို မထုပ်ပိုးထားသောသူတွေအတွက်
နွေသည် လွမ်းစရာကောင်းနေပေလိမ့်မည်။ ။
×××××××××××××××××××
သစ္စာမိုးဝေ


No comments:

Post a Comment