အို-နွယ်ရှင် သင်သွားလိုရာ
သွားသာ သွားပါ
သင်တွယ်လိုရာ တွယ်သာ တွယ်ပါ
သင် ရစ်ပတ်ချင်ရာ ရစ်သာ ရစ်ပတ်ပါ
အို- နွယ်ရှင်
အထက်ကိုသာ
ထိုးစိုက်မတ်ကာ ထိုးထွက်ပါ
အို- နွယ်ရှင် မိုးထက်ဝဠာ
အာကာ ဟင်းလင်း မှီခိုကင်းမှာ
သင်ဟာ တစ်နေ့
ညွှတ်ကျခွေပြောင်း
မလဲလျောင်းရဖို့
တောင်းဆုတစ်ခု
ထပ်မံပြုလိုက်ရပါတယ်
အို-- ဘယ့် နွယ်ရှင်
သင် ဆက်လက် အသက်ရှင်ပါစေ။
အောင်မိုးသစ်
No comments:
Post a Comment