Tuesday, 7 January 2014

ဒုက္ခသစ္စာ



ထွက်သွားပြီဆိုမှ
လက်က လှမ်းတားနေချင်သေးတယ်
ဝေးဝေးကို ပြေးတာဆိုရင်လဲ
ဖြေသာတာပ

အခုကြတော့ နီးလျှက်နဲ့ဝေး
ငေးနေရုံပဲလေ ။

ဘ၀က ခါးလွန်းပါတယ်
နေ့တိုင်း သောက်နေကြ ကော်ဖီတစ်ခွက်လို
ဘာဆို ဘာမှ မမျှော်လင့်တတ်အောင်
သင်ယူဖို့ မေ့လာခဲ့တယ်

ဟောဒီ လောကီဇာတ်ဝင်ခန်းမှာ
မခေါ်ပဲနဲ့ ရောက်လာကြ
မနှင်ပဲနဲ့ ပြန်သွားကြ
ထုသား ပေသာမကျတဲ့
အလွမ်းဇာတ်ကားကြီးပဲ
ခဏခဏ ရိုက်နေရတာ
နှလုံးသားလေးခမျာ
သနားစရာ ဇာတ်တွေနာ

ကွာ ကွာကျနေတဲ့ အနာဟောင်းက
အမာရွတ်တက်ဖို့မလွယ်

နှုတ်ဆက်လိုက်ပါတယ်
ညီမလေးရယ်
ဘ၀တွေက
ခြားပြီပဲ ။ ။

အောင်မိုးသစ်

No comments:

Post a Comment