Saturday, 24 January 2015

ခင်များတို့က ဗမာတွေလား


ဝေါ--------ကျွိ အမြန်ဆုံး အလျှင်နဲ့ မောင်းလာတဲ့ ဆိုင်ကယ်ကို ဘရိတ်အုပ်လိုက်ပြီး ဆိုင်ကယ်ပေါ်က အသက်ခြောက်ဆယ်ကျော်ကျော် ဟိန္ဒူဘာသာဝင်လူတစ်ယောက်က
သူတို့ကျောင်း သွားနေကြလမ်းမှာ ရှေ့ကနေ ဆိုင်ကယ်ကို ပိတ်ရပ်လိုက်ပြီး အထက်ပါ စကားကို မေးခြင်းခံလိုက်ရတော့ စိတ်ထဲ နဲနဲ ကသိသအောက်ဖြစ်သွားသည်၊
အစပထတွင်တော့ သူမေးတဲ့ မြန်မာစကားကို သိပ်နားမလည်ချင် ဒီနေရာ ဒီဒေသမှာ မြန်မာစကားပြောတတ်တဲ့သူ တစ်ယောက်ရှိနေမယ်လို့ မထင်ထားတာလဲ ပါတာပေါ့လေ၊ သေချာနားထောင်မှ “ဟ သူက တို့ကို မြန်မာလို ပြောနေပါလား”လို့ အသိဝင်မှ
“ဟုတ်ပါတယ် ဗမာတွေပါ၊”
ကျွန်တော် ခင်များတို့ကို ကြည့်ကြည့်နေတာ ဗမာတွေ ထင်တယ်လို့ ၊ မေးမယ် မေးမယ်နဲ့ မမေးဖြစ်လို့ ဗျ၊ သူက ထိုကဲ့သို့ စကားစပြီး
ကျွန်တော်က ဒီမြို့လေးနားက စီဝပူရီရွာမှာနေတာပါ၊ ကျွန်တော်တို့က မိသားစု သုံးယောက်ရှိတယ်၊ ကျွန်တော်ရယ်၊ ကျွန်တော်အမျိုးသမီးရယ်၊ ကျွန်တော့်သမီးရယ်ပေါ့၊ ကျွန်တော်က အရင်က မြန်မာပြည်မှာ ခုနှစ်တန်းအထိ ကျောင်းတက်ဖူးတယ်။ ဦးနေ၀င်းက ကုလားတွေ ကုလားပြည်ကို ပြန်ပို့တော့ ကျွန်တော်တို့ သင်္ဘောကြီးနဲ့ ပြန်လာခဲ့ရတာ၊ ကျွန်တော်
မြန်မာပြည်ကို အရမ်းချစ်တယ် သဘောကျတယ်၊ ဒီက ကုလားတွေက ငွေးရေးကြေးရေး အရမ်း ခက်ခဲတာဗျ၊ မြန်မာပြည်က လူတွေလို ကူညီချင်တဲ့ စိတ်နဲကြတယ်၊ မြန်မာပြည်က လူတွေကတော့ သိသိ မသိသိ ကူညီရိုင်းပင်း တတ်တာ မြန်မာပြည်နေတုန်းက ကိုယ်တွေ့မို့ သိတယ်ဗျာ၊ သူသည် ကုလားလူမျိုး တစ်ယောက်ဖြစ်သော်လဲ သူ့ကိုသူ ဗမာတစ်ယောက်လို့ ခံယူပြီး စကားတွေပြောနေတာ မြင်တော့ အော် သူဟာ မြန်မာပြည်ကို ချစ်တတ်တဲ့ မြန်မာနွယ်ဖွား တစ်ယောက်ပါလားလို့ စိတ်ထဲမှာ အောက်မေ့မိကြသည်။ ။
ဒီလိုနဲ့ သူနဲ့စကားတွေ အများကြီးပြောဖြစ်သွားပြီး သူ့ကို တမီးလ်နာဒူးပြည်နယ် အနမလိုင်းမှာ ကျောင်းတက်နေကြတဲ့ မြန်မာရဟန်းတော်များက အထူးဧည့်သည်တော်အဖြစ် နေထိုင်ရာ အဆောင် ကို ဖိတ်လိုက်ကြသည်၊
သူ့ဆီကနေ တမီးလ်စကားတွေသင်ဖြစ်ကြသည်၊ သူ့ဆီကနေ လိုအပ်တဲ့ အကူအညီတွေ အတော်များများ ရကြသည်၊ သူနဲ့ မြန်မာရဟန်းတော်များနဲ့ ဆွေးမျိုးရင်းချာ ဖြစ်သွားကြသည်။ သူလဲ မေ့ပျောက်နေတဲ့ မြန်မာစကားတွေကို တော်တော်ပြောနိုင်လာတာတွေ့ရသည်၊ သူ့နာမည်ကလဲ ထူးထူးဆန်းဆန်းပင် မြန်မာကျောင်းသား ရဟန်းတော်နေထိုင်ရာမြို့လေးနာမည်နဲ့ ထပ်တူထပ်မျှ ချီရန် ဘရန်းတဲ့၊။ ။

( နောက်များ အလျှင်းသင့်လျှင် သူ့အကြောင်းကို စာလုံးပေါင်းပြချင်သေးသည်၊)
ရွှေမန်းသား အရွင္အကုၤရ

No comments:

Post a Comment