ချင်းတောင်တန်းတစ်ခုလုံး မိုးကြောင့် မှိုင်းမှိုင်း မှုံနေသည်၊ တောင်ယာခုတ်သွားတဲ့ ချင်းသူချင်းသားတို့ သည်ပင် ခိုက်ခိုက်တုန်လို့ထင်သည် ကိုယ်စိကိုယ်စီ မီဖိုရှေ့မှာ အကြမ်းအိုး ကိုယ်စီနဲ့ မီးဖိုလေးတွေရှေ့မှာ ငုတ်တုတ်ထိုင်နေကြသည်၊ တစ်ရွာလုံး တိတ်ဆိတ်လို့်၊
တိတ်ဆိတ်နေတဲ့ အိမ်ခြေနှစ်ဆယ်မျှသာရှိသော ရွာလေးထဲသို့ သာသနာပြုကိုယ်တော်တစ်ပါး ရွာဦးကနေ ရွာလယ်လမ်းအတိုင်း ၀င်လာနေသည်၊ “ဝေါင်း ဝေါင်း” ခွေးဟောင်သံတို့က အဆက်မပြတ်ကြားနေရသည်၊ မိုးကလဲ တ၀ုန်းဝုန်း တဒိုင်းဒိုင်းကြဲနေသည်၊ တောင်ကျရေတွေက ဒလဟောစီးလျှက် ရွာလည်လမ်းက ကျောက်စရစ်ခဲလေးတွေက ရေစီးတွင် မျောပါနေကြသည်၊ သာသနာပြုကိုယ်တော်လေးသည် ရေစီးရာကို မပါအောင် ကိုယ်ကို ပြန်ပြန်မတ်နေရတာ အလုပ်တစ်ခု ဖြစ်နေသည်၊ လက်ကိုယ်စီတွင် အထုတ်ကိုယ်စီက ၀ဲယာတွဲခိုလျှက် တစ်ဖက်က အင်္ကျီအဟောင်းတွေ ချင်းတောင်တန်းက ကလေးတွေအတွက်ဖြစ်သည်၊ တစ်ဖက်က ချင်းတောင်ပေါ်တွင် ရှားပါးသော ရိက္ခာပစ္စည်းများ၊
မိုးမဲမဲအောက်တွင် ခရီးက သွားရတာ ထင်တိုင်း မတွင် ဘေးဘီကို လှမ်းကြည့်တော့ အိမ်တိုင်းက မှီးမှိတ်တုတ်လေးတွေအောက်တွင် ငြိမ်နေသည်၊ သူနဲ့အသိအကျွမ်းက ဒီရွာတွင် တစ်ယောက်မျှမရှိ ၊ ဒီရွာက ဗုဒ္ဓဘာသာလူဦးရေထက်
ခရစ်ယာန်လူဦးရေက ပိုများနေခြင်းက သူ့အတွက် နားခိုဖိုခက်ခဲနေပြန် သည်၊
ကိုယ့်အတွေးနဲ့ ကိုယ် မိုးသံညံညံတွင် လျှောက်လှမ်းလာရင်း တစ်နေရာအရောက်တွင်-
“အရှင် ဘုရား ၊ အရှင်ဘုရား”
“ဟ အသံက ဗမာသံပီသလှချည်းလားဟ ဒီရွာမှာ ငါ့ကို သိတဲ့သူလဲ မရှိပါဘူး” သူအတွေး မဆုံးခင် အရှင်ဘုရားလို့ ခေါ်တဲ့ အသံရှင်က ရှေ့တွင် ဘွားကနဲ့ ရောက်လာသည် ၊ လက်ထဲတွင် ထီးအလွတ် တစ်ချောင်းပါ ပါလာသည်၊
“အရှင်ဘုရား တပည့်တော်တို့ အိမ်ထဲကို မိုးခိုဖို့ ကြွပါဘုရား၊”
“အင်းတော်သေးရဲ့ မိုးရွာကြီးထဲ ကယ်မယ့်သူ ဒကာပေါ်လာလို့၊” တောင်သုံးလုံးကို ကျော်ရင်း သူတာဝန်ကျရာ ချင်းရွာလေးဆီအပြန် မိုးနဲ့ ပက်ပင်းအတိုးမှာ ဒီတစ်ခါ အလူအလဲခံလိုက်ရခြင်းက တော်တော် ပင်ပန်းသည်၊ လက်ထဲက အထုတ်တွေက မိုးနဲ့ဆိုတော့ ပိုလေးလံနေသည်၊
“အရှင်ဘုရား နွေးသွားအောင် ရေနွေးကြမ်းလေး ဘုန်းပေးဦး ဘုရား”
“ဟုတ်ပါပြီ ဒကာ၊ ဒါနဲ့ နေပါဦး ဒကာက ချင်းလူမျိုးတော့ မဟုတ်လောက်ပါဘူး”
“တင်ပါး ၊ တပည့်တော်က ဗမာလူမျိုးပါ ၊ အရှင်ဘုရားလိုပါပဲ မန္တလေး( န. ပ.သ) တက္ကသိုလ်ကနေ ကျောင်းပြီးလို့ ဒီဒေသမှာ တာဝန်ကျရင်း ဒီမှာ သူကြီးသ္မီးနဲ့ အိမ်ထောင်ကျနေတာ ဘုရား၊”
ဒကာက စကားပြောရင်း မောသွားဟန်နဲ့ အကြမ်းပုဂံကို ဂွက်ခနဲ့ တစ်ငုံသောက်လိုက်ပြီး သူစကား ကို ဆက်သည်၊ “ တပည့်တော်ဘွဲ့က ၀ိလာသာလင်္ကာရပါဘုရား ၊ အခုလူနာမည်ကတော့ မောင်ဝင်းရှိန်ပါ”
ဒါထက် အရှင်ဘုရားကို ကြုံတုန်းလျှောက်လိုက်ဦးမယ် ဘုရား၊နားနဲ့ မနာ ဖ၀ါးနဲ့ နာတော်မူပါ၊
“ဟ ဘာများလဲ မသိဘူး၊ သူစိတ်ထဲ တွေးတွေးဆဆဖြစ်လို့”
“ဒီလိုပါ ဘုရား မနေ့ညက တပည့်တော် ဟောဒီ ရေရီယို အစုတ်လေးနဲ့ မန်ချက်နဲ့ အာစင်နယ်ပွဲ နားထောင်တယ်ဘုရား အဲဒါ မန်ချက်နိုင်သွားတယ် ဘုရား”
“ဟာ ဒကာကလဲဗျာ ဘာများလဲလို့”
“တင်ပါး ဒီတစ်နယ်လုံးမှာ မန်ချက်ကို သိတာဆိုလို့ တပည့်တော်ပဲရှိတာ ဘုရား၊ အဲဒါ မန်ချက်နိုင်တာ ရင်ဖွင့်ချင်လို့ လူရှာနေတာ ဘယ်သူကို ပြောရမှန်းမသိလို့
အခက်တွေ့နေတာ၊ အခုမိုးရွာထဲ အရှင်ဘုရား ကြွလာတာ အဆင်ပြေသွားတာ ဘုရား၊”
အပြင်ကို လှမ်းကြည့်လိုက်တော့ မိုးရေတို့ စဲစပြုနေလေပြီ၊ တောင်ခိုးတွေတောင် ဝေလို့ မှုံလို့၊
“ကဲ ဒကာရေ မိုးလေးစဲတုန်း ရှေ့ခရီးဆက်လိုက်ဦးမယ်၊”
“တင်ပါး တင်းပါ ဘုရား၊ နောက်ကြုံရင်လဲ တပည့်တော်တို့ အိမ်ကို ကြွပါဘုရား”
ဒကာမောင်ဝင်းရှိန်ကို နှုတ်ဆက်ပြီး သူလဲ သူတာဝန်ကျရာ ချင်းရွာလေးဆီ ခရီးဆက်လာခဲ့သည်၊
“အော် တစ်ခါတစ်ခါ ကိုယ်ပြောချင်တာကို ကိုယ်ဆွေးနွေးချင်တာကို နားထောင်ပေးမယ့်သူက လက်ခံဆွေးနွေးပေးမယ့်သူ နားလည်တတ်ဖို့ အဆင့်မှီမှီိဆွေးနွေးတတ်ဖို့ အမြင်ကျယ်ဖို့ လိုသေးပါ လား”လို့ သူတွေးဖြစ်လာသည်၊
ေ
ရှ့ခရီးကို မျှော်ကြည့်လိုက်တော့ သူတာဝန်ကျရာ ရွာလေးကို ရောက်ဖို့ တောင်တစ်လုံးကို ထပ် ကျော်ရဦးမည်။ ဘာပဲဖြစ်ဖြစ် ရောက်အောင်သွားရင်တော့ တစ်နေ့ပန်းတိုင်ဆိုတာ ရောက်မည် သာ၊ မသွားပဲ ရပ်နေခြင်းကသာ ---------------------။ ။
ေ
ရႊမန္းသား အရွင္အကုၤရ
(စာကြွင်း = သူငယ်ချင်း ကိုလှဖေ အရှင်စန္ဒာသီရိ ပြောပြဖူးသော အဖြစ်အပျက်ကလေးအား ပြန်လည် ရေးဖွဲ့ပါသည်၊ )
No comments:
Post a Comment