မြစ်တစ်မြစ် လွတ်လပ်စွာ
စီးခွင့်ရချင်တယ်
ပင်လယ်တွေ သက်ဇိုးရှည်စေဖို့။
သစ်တစ်ပင်
စိမ်းလမ်းစွာ ဝေစီကြည့်ချင်တယ်
တောတောင်တွေ အမောအပန်းပြေစေဖို့။
လမ်းတစ်လမ်း
ဖြောင့်ဖြောင့်တန်းတန်းနဲ့ ရပ်နေစေချင်တယ်
လမ်းမှားနေသူတွေ ပန်းတိုင်ရောက်စေဖို့။
မီးတစ်ပွင့်
တောက်ပစွာ လင်းလက်ခွင့်ရစေချင်တယ်
ကမ်းမမြင်လမ်းမမြင်တွေ အလင်းတွေ့စေဖို့။
ပန်းတစ်ပွင့်
တစ်လွင့်လွင့်နဲ့ ဖူးပွင့်နေစေချင်တယ်
ရနံ့လိုသူတွေ ကူးခတ်ပျော်ပိုက်ဖို့။
လှူသူက လှူ၊ ယူသူက ယူ
စေတနာတွေနဲ့ ကြည်ဖြူကြပါရင်
အတ္တနဲ့ ပရ ၊ထာဝရဟာမိုနီဖြစ်နေပါရင်
တို့ကမ္ဘာကြီးဟာ သာယာမှာ အမှန်ပင်။ ။
ရွှေမန်းသာ အရှင်အကုင်္ရ
ပရဟိတတွေ အများကြီးလုပ်ချင်နေတဲ့ မိတ်ဆွေများအတွက် အမှတ်ရ။ ။
No comments:
Post a Comment