သံသရာတဲ့
ကူးခတ်ဖို့ တော်တော်ကျိုးစားရဦးမယ်၊
ဘ၀တဲ့
လှပလွန်းလို့တော့မဟုတ်ဘူး
ခဏခဏ ဖက်တွယ်နေမိတယ်၊
အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးဆိုတဲ့
အတွေးနဲ့ အချစ်ကို စစ်လို တိုက် တိုက်ယူခဲ့၊
သစ္စာတရားတဲ့
ဘယ်သူ့ကို ပြောပြရင် ယုံမှာလဲ
အဖော်မဲ့တဲ့စိတ်ကူးမှာလဲ
မေတ္တာစစ်စစ်တွေ စိုစွတ်နေတတ်တာ၊
အနွေးဓာတ်တဲ့
လိုနေတဲ့ဥယျာဉ်မှာ ပျောက်ဆုံးလို့
ခိုက်ခိုက်တုန်တဲ့ ဥတုကြီးထဲမှာ
ဝတ်မှုံမကူးတတ်တော့
ဘ၀ဟာ ပန်းလိုကြွေခဲ့
ပန်းလို အဝေမဲ့ ၊
နဲ့နဲ့ သွားတိုင်း
ပြန်ပြန် မတ်ရပါ များလာ
ဒီလိုနဲ့ ဘ၀ဟာ
ရေနဲငါး၊
နေရင်းထိုင်ရင်း၊ ထိုင်းရင်းနေရင်း
ကိုယ့်ကိုယ်ကို ပြန်စမ်းသပ်ရင်း
အနေမြဲသလား အမြဲနေသလား
လားလား လားနဲ့ ဝေကျလာတဲ့ မေးခွန်းတွေထဲမှာ
ပုထုဇဉ်စစ်စစ်ကြီးဟာ
ဟောဒီလို
ဟောဒီလို ဘ၀ဟာ ညလိုပါပဲ
မှောင်ပြီးရင် မှောင် မှောင်လာ။ ။
ရွှေမန်းသား
No comments:
Post a Comment