မော်ကွန်းထိန်းရုံးဆီမှ “ ဒေါင် ၊ ဒေါင် ၊ ဒေါင်၊ ဒေါင်” ဆိုသော ကျောင်းတက် အချက် ပေးကြေးစည်သံကြားရသည်၊ စာသင်ခန်းအသီးသီးထဲတွင်လဲ သင်တန်းသား ရဟန်း တော်များ တဖွဲဖွဲရောက်ရှိနေရာယူနေကြသည်၊
မော်ကွန်းထိန်းရုံးဘက်ဆီက လက်မှတ်ထိုးပြီး ဆရာအသီးသီးသည်လည်း ဆိုင်ရာ စာသင်ခန်းများသို့ စာအုပ်ပိုက်လျှက် ခပ်သွက်သွက် လျှောက်လာနေကြပြီ၊
မော်ကွန်းထိန်းရုံးခန်းသည် တက္ကသိုလ်ကွင်းလယ် မြက်ခင်းပြင်ကြီးရဲ့ အရှေ့တောင် ထောင့်တွင် တည်ရှိနေသည်၊
ထိုမှ မြောက်ဖက်ခြမ်းရှိ စာသင်ခန်းများသို့ လာရာ လမ်းသည် သုံးဖြာမွှာထွက်နေသည်၊ လားရာလားရာ အသီးသီးနဲ့ ပန်းချီဆန်ဆန်၊ ထို အထဲက တစ်မွှာသည် သုတ္တန်ဆောင်ဘက်ဆီ၊ နောက်တစ်မွှာသည် ပါဠိဌာန ဒုတိယ နှစ်စာသင်ခန်းဆီ၊ နောက်ဆုံး တစ်မွှာသည် အဆောင်(၄)နဲ့ သာသနာရေးရုံး ရှိရာ ဘက်ဆီ ဦးတည်ဖြာထွက်နေသည်၊
သုတ္တန်ဆောင်ဘက်ဆီ ဦးတည်နေသော လမ်းမွှာလေးပေါ်တွင် သင်္ကန်းစွန်းက တစ်ဖက်တွင် ခပ်ရွဲရွဲ လျှောကျလျှက်၊ ညာဘက်လက်ထဲတွင် သုတ္တန်အဋ္ဌကထာ စာအုပ်ကြီး ပိုက်ထားပြီး၊ မျက်မှန်ထူထူ မျက်ခုံး မျက်လုံး ကောင်းကောင်း၊ သုတ္တန် ဌာမှူဆရာတော်ကြီးသည် သုတ္တန်ဆောင် ပထမနှစ် စာသင်ခန်းဆီသို့ ခုပ်သုတ်သုတ် ကြွချီလာနေသည်၊
အခန်းထဲရောက်လျှင် ဆရာတပည်အားလုံး black board ဘက်ကို့ မျက်နှာမူကာ၊ မတ်တတ်ရပ်လျှက် “နမောတဿ ဘဂ၀တော အရဟာတော သမ္မာသမ္ဗုဒ္ဓဿ” ဟု သုံးခေါက် သုံးခါ ညီညာ စွာရွတ်ဆိုပြီး ဘုရားရှိခိုးလိုက်သည်၊
ပြီးလျှင် အသီးသီး စာသင်ခုန်နေရာများတွင် ထိုင်လိုက်ကြသည်၊ သုတ္တန်ဌာမှူဆရာတော် ကြီးဆရာတော်ကလည်း စတိတ်စင် ထိုင်ခုန်ပေါ်မှ “ကဲ မှတ်ထား” အစချီကာ သုတ္တန်နှင့်ဆိုင်သော lecture များကို ပို့ချလေတော့သည်၊
အတန်းမဆင်းခင် တစ်နေ့တွင် “ကိုယ်တော်တို့ ဒွတ်ဒက် ရွှတ်ရှက်တွေချည်း အားမ စိုက်မနေနဲ့ ဦး ပိဋကတ်တော်ဘက်မှာလဲ ကျွမ်းကျင်အောင်လုပ်ထားကြ”
အောက်က တပည့်များက “ဘာလို့လဲ ဘုရား”
“ဘာလို့လဲ မေးမနေနဲ့၊ နွားကောင်း မကောင်းက ချောင်းအတက်ကြမှ သိလိမ့် မယ်”
ဆရာတော်ကြီးရဲ့ သြ၀ါဒဆိုလိုရင်းကို လင်းကနဲ့သိရန် တပည့်အားလုံးက တွေးနေစဉ်
မော်ကွန်းထိန်း ရုံးခန်းဆီမှ စာသင်ကျောင်းအဆင်းကြေးစည်သံသည် “ဒေါင်၊ ဒေါင်” ဟုထွက်ပေါ်လာသည်၊
“ကဲ တော်ပြီဗျာ” ဟုပြောပြောကြွကြွ သုတ္တန်ဌာနမှူးဆရာတော်ကြီးကား ပြန်ကြွသွား လေပြီ၊
မိမိတို့ စာသင်သားများကား “ နွားကောင်းမကောင်း ချောင်းအတက်ကြမှ သိလိမ့် မယ်ဆိုတဲ့ အကြောင်းကို” ကောင်းကောင်းနားလည်ဘို့ စဉ်းစားရင်း ကျန်ခဲ့ကြရ လေသည်။ ။
သုတ္တန်ဌာမှူး ဆရာတော်ကြီးအားသတိတရဖြင့် ဦးခိုက်ပူဇော်ပါသည်၊
ရွှေမန်းသား အရွင္အကုၤရ
No comments:
Post a Comment