Tuesday, 24 June 2014

လည်ပြီးရင်း လည်



တစ်ချို့က ထွက်သွား
တစ်ချို့က ပြန်လာ
သံသရာသည် လည်နေ၏၊

မှတ်မိသူလဲရှိ
မမှတ်မိသူလဲရှိ
သူကလဲ မသိ
ကိုယ်ကလဲ မသိ
သံသရာသည် လည်နေ၏။

တိတ်တဆိတ် ထွက်ခွါ
ပြန်လာဖို့ မမျှော်လင့်
သင့်သလိုသွား
မတားလိုက်နိုင်
အားလုံးဟာ ကိုယ်မပိုင်
အားလုံးဟာ သူမပိုင်
ဆိုင်သလို ထင်ရင်း
တပ်မက်ခြင်းတွေနဲ့ ချစ်ကြ
အမြစ်မြေ လှန်တော့
တရစ်ဝဲ၀ဲနဲ့ ကွယ်
သံသရာဟာ လည်နေတယ် ။

သစ္စာမိုးဝေ

No comments:

Post a Comment