Friday, 13 June 2014

ယသော်ယရာ လွမ်းချင်း



ပွင့်လို့ ကြွေ ဝေလို့ မဖြစ်
နေလို့ ရစ်ပါတော့
ချစ်ပေမယ့် ခွဲ မလွဲသာဘူးရယ်လို့ မဆိုသာ
အသဲမာသူကြီးပဲ ဆိုချင်ဆိုပါ
ငိုချင်တာကို အသာသိမ်း
လိုချင်တာကို ရှာဖွေဖို့
ငြိုငြင်မှာကို သိပေမယ့်
အတောမသတ်တဲ့
သောက ဇာတ်ကိုထိန်းရင်း
ဟောဒီ အနော်မာ ကမ်းတစ်ဖက်က
အလွမ်းလျှက်နဲ့ နေရစ်ပါ
အားလုံးအတွက်ပေးဝေဖို့ အားလုံးအတွက် အေးစေဖို့
အငြိမ်းဓာတ် အမတ စခန်းဆီကို
တန်းတန်းမတ်မတ်ကြီး သွားပါရစေတော့ ။ ။

သစ္စာမိုးဝေ

No comments:

Post a Comment