Saturday, 14 June 2014

တနင်္ဂနွေထဲက အဟောင်းများ



အလိုလိုနေရင်း
သတိရစိတ်မှာ တက်ချိတ်မိတဲ့
ပြက္ခဒိန် အဟောင်း
အပ်ကြောင်းထပ်အောင်
ခဏခဏ ဖွင့်ဖတ်မိတဲ့ ဒိုင်ယာရီ
ရာသီတွေသာ ပြောင်းတယ်
မက်မက်မောမောနဲ့ လွင့်မျောခဲ့ဖူးတဲ့စိတ်က
သူ့ဆီမှာ
စာမလာ သတင်းမကြား
ဖုန်းလိုင်းလဲ မအား
နေနိုင်တော်မူအားရက်တယ်
အဲဒီလိုနဲ့ တနင်္ဂနွေတိုင်းဟာ ပျော်ဝင်လို့
ငါ ချကျွေးမိတဲ့ ကျားဟာ
ငါ့ကို ပြန်စားသွားတယ်

သစ္စာမိုးဝေ

No comments:

Post a Comment