Sunday, 29 June 2014

နားလည်မှု



ကျွန်တော် အဲဒီနားလည်မှုနဲ့
ခဏခဏ စီးချင်းထိုးဖူးတယ်
ဘယ်လိုမှ နားမလည်
မျက်စိတွေပဲ လည်လည်သွားတယ်

ခင်များကော
နားလည်ဖို့ ကြိုးစားဖူးသလား
အလွဲများစွာနဲ့
 ဟောဒီကမ္ဘာ
နားလည်ဖို့ ဆိုတာ
တော်တော် ခက်သဗျာ

ချစ်ရတာလဲ နားမလည်
မုန်းရတာလဲ နားမလည်
မချစ်ပဲ နေရတာလဲ နားမလည်
မမုန်းပဲနေရတာလဲ နားမလည်
ကုန်ကုန်ပြောမယ်ဗျာ
အခု ခင်များဖတ်နေတဲ့ ကဗျာဟာလဲ
ဘာဆို ဘာမှ နားမလည် ။ ။

သစ္စာမိုးဝေ

No comments:

Post a Comment