ငွေနဲ့လူ
ညီမလေးရေ ငွေနဲ့လူဆိုတာ မပတ်ချင်လည်း ပတ်သက်နေရတဲ့အရာလေ၊ ငွေရှိရင်
အရာရာဖြစ်နိုင်တယ်လို့တောင် ဆိုထားကြသေးတယ်မဟုတ်လား၊ နောက်ပြီး ငွေကို “Money is second god” လို့လဲပြောကြသေးတယ်လေ၊
အဓိပ္ပါယ်ကတော့ Money make everything ဆိုတဲ့အဓိပ္ပါယ်ပေါ့ ညီမလေးရယ်၊
ဒါပေမဲ့ ညီမလေးသိစေချင်တယ် နေရာတကာမှာငွေနဲ့ဖန်တီးတည်ဆောက်ယူလို့ မရတာတွေရှိနေသေးတယ်လေ၊ အဲဒါဘာတွေလဲဆိုရင် စေတနာတရားတို့ မေတ္တာတ ရားတို့ အကြင်တရားစတာတွေပေါ့၊
အဲဒီအရာတွေကို ငွေနဲ့ဝယ်လို့မရ ဖန်တီးလို့မရဘူး လေ၊ ဘာနဲ့ဖန်တီးယူရသလဲဆိုရင်
ရင်ထဲက စေတနာတွေ နားလည်မှုတွေနဲ့ ဖန်တီးယူ မှရတဲ့အရာတွေလေ၊
နောက် ငွေဆိုတာမီးနဲ့တူတယ်လို့ပြောပြန်ရင် မှားမယ်မထင်ဘူး၊ ဘယ်လိုတူတာ လဲဆိုရင်
မီးဆိုတာ သုံးတတ်ရင် ကိုယ့်အတွက်အသုံးဝင်ပြီးဆေးဖြစ်နိုင်သလို မသုံး တတ်ပြန်ရင်
ကိုယ့်ကိုယ်လောင်ကျွမ်းမယ့် ဘေးဖြစ်နိုင်တာလေ၊
ဒါကြောင့်ငွေတွေကို အကျိုးရှိသုံးစေချင်တယ် ညီမလေးရယ်၊
ဖြုန်းပစ်တာမျိုးမဖြစ်စေချင်ဘူးလေ၊
ညီမလေးရေ ငွေဆိုတာလူကိုသာမက ဘာမှမသိနားမလည်တဲ့တိရစ္ဆာန်ရဲ့ စိတ်ကိုတောင်ပြောင်းလဲသွားနိုင်တယ်လေ၊
တစ်ခါက မြို့တံခါးအထွက်နားမှာ ပုတ်သင် ညိုလေးတစ်ကောင်နေတယ်လေ၊ အဲဒီပုတ်သင်ညိုလေးက ဘုရင်ကြီးမြို့ပြင်ထွက်လို့ မြို့တံခါးနားရောက်လာတဲ့ အခါ တိုင်းမှာ မြို့တံခါးပေါ်ကနေ ဆင်းလာပြီး ဦးခိုက်သတဲ့ ၊ ဒါနဲ့ ဘုရင်ကြီးက သဘောကျလို့ ငွေဒင်္ဂါးလေးဖောက်ပြီး သူ့လည်ပင်းကိုဆွဲပေးစေခဲ့တယ်၊
ဒီလိုနဲ့ ဘုရင်ကြီးနောက်တစ်ခါ မြို့အပြင်ထွက်ဖို့တံခါးနား ရောက်လာတော့ ပုတ်သင် ညိုလေးဟာ ငွေရှိလို့မာန်တက်ပြီး မြို့တံခါးတိုင်ပေါ်ကဆင်းပြီး ဦးမချတော့ဘူးတဲ့၊ ငွေကြောင့် ပုတ်သင်ညိုလေး စိတ်ထားပြောင်းသွားတာလေ၊
ကဲညီမလေးရေ ငွေကြောင့်လူမပြောနဲ့ တိရစ္ဆာန်တွေတောင်စိတ်ထားပြောင်းလဲ သွားတယ်ဆိုတဲ့ သာဓကလေးနော်၊
တစ်ချို့အရမ်းချစ်ကြတဲ့ ညီအစ်ကိုမောင်နှမတွေလဲ ငွေနဲ့ပတ်သက်လာရင် စကားများကြ တရားရင်ဆိုင်ကြရတာတွေ ရှိကြတယ်မဟုတ်လား၊ ငွေဆိုတာမလိုအပ်ဘူးလို့ မပြောလိုပါဘူး ဒါပေမဲ့ ညီမလေးလိုအပ်တာနဲ့ လိုချင်တာခွဲခြားသတ် မှတ်ပြီး သုံးနိုင်ရင်ကောင်းမယ်ထင်ပါတယ်၊
အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေလဲ တစ်ခါတစ်ခါမှာ ဒီငွေကြောင့် တစ်ယောက်နဲ့ တစ်ယောက်အထင်မှားအမြင်မှားကြတာတွေရှိတယ်လေ၊ နောက်တစ်ခု ရပ်ကွက်ထဲမှာ ဘယ်လောက်ပဲမကောင်းမှုတွေ မတရားတာတွေလုပ်ထားတဲ့သူဖြစ်နေပါစေ၊ ငွေမျက် နှာနဲ့ဆို အားလုံးကမသိချင်ယောင်ဆောင်ပြီး သူတော်ကောင်း လူကြီးလူကောင်းဆိုပြီး စာရင်းသွင်းထားတတ်ကြတယ်လေ၊ ငွေမျက်နှာကြောင့်သူကို လူတိုင်းက သူအပြစ်တွေ မသိကျိုးကျွံပြုပေမဲ့ သူသေရင် သူသွားရမဲ့နေရာက သူကိုမသိကျိုးကျွံပြုမှာမဟုတ်ပါဘူး ညီမလေးရယ်၊
ဒါကြောင့် ငွေနောက်လိုက်ပြီးလဲ ဘ၀မပျက်သင့်သလို့ ငွေတွေရှိလို့လည်း ကိုယ့် ဘ၀ကိုကိုယ်ပြန်ဖျက်ဆီး တဲ့သူမဖြစ်စေချင်ဘူးလေ၊ တကယ်လို့ ညီမလေးမှာ ငွေနဲ့ပတ်သက်ပြီး ပူပန်စရာတွေစိတ်ညစ်စရာတွေဝင်လာရင် ပုတ်သင်ညိုလေး အကြောင်းကို ကောင်းကောင်း သတိရလိုက်ပါနော်၊
ဒီလိုသတိရမိရင် ညီမလေးရင်ထဲ အဖြေတစ်ခုခု အလင်းတစ်စုံတစ်ရာ ပေါ်လာပါလိမ့်မယ်ကွယ် ။ ။
ရွှေမန်းသား ( အရွင္အကုၤရ)

No comments:
Post a Comment