Thursday, 2 August 2012

အညာ




ဂေဟစနစ်ပျက်ပြားသွားတဲ့
 
ရာသီထဲမှာ
 
ရိုးပြတ်တောလေးတွေ ပိုခြောက်သရောင်းလာတယ်
 
ဟိုးရှေးရှေးကနီးခဲ့တဲ့ ရေခတ်လမ်းလေးတွေ
 
ရှည်လျားသွားခဲ့တယ်
 
ပင်ကျရေတွေကတော့ ဟိုအရင်ကလိုချိုဆဲပဲ
 
 ဒါပေမဲ့ အထွက်နည်းသွားတယ်
 
မြန်မာလုံချည်နဲ့လှနေတဲ့ သနပ်ခါးပါးကွက်ကြားလေးတွေ 

မြို့ပြကဆင်းသက်လာတဲ့
 
ဖန်သားပြင်ပေါ်က သရုပ်ဆောင်များရဲ့ အငွေ့ရိုက်ခတ်ထားသမို့
 
ရှော့ပင်နဲ့စကတ်နဲ့ အရပ်တကာကဘုရားပွဲများမှာ
 
မော်ဒယ်များအလား လမ်းသလားလာတတ်တယ်
 
ဒါပေမဲ့ ဘယ်လောက်ညာနေနေ
 
အညာကတော့ အညာပါပဲ
“
ဟုတ်ထာပ၊ မှန်တာပ၊ ရှိဘဲလား၊ ဒွေးလေးတင်မေရေ အဓမပဲ”
 
ပြောင်းလဲမသွားတဲ့ ကျေးလက်ဆန်ဆန်လက်သုံးစကားတွေကတော့
 
ယနေ့ထက်တိုင်အညာဆန်နေဆဲ
 
ဧည့်သည်လာရင် ကြိုဆိုမယ်
 
ထမင်းကောင်းကောင်း ဟင်းကောင်းကောင်း
 
စေတနာထောင်သောင်းနဲ့ ဧည့်ဝတ်ပြုမယ်၊
 
ဧည့်သည်ပြန်ချိန်မှာ လက်ဆောင်တွေတနင့်တပိုးနဲ့
 
ပစ္စည်းရှိသူရော မရှိသူပါ၊သိသူရောမသိသူပါ
 
ပြန်တော့မယ့်ဧည့်သည်ကို မြတ်နိုးစွာ
 
လာလက်ကမ်းကြပါလိမ့်မယ်
 
ပြောရရင်တော့ အညာဟာ အညာဆန်နေပေမဲ့
 
လာရောက်သူအားလုံးကို ဘယ်တော့မှမညာတဲ့
 
အညာပါ။

ရွှေမန်းသား ( အရွင္အကုၤရ)
 

No comments:

Post a Comment