ယနေ့ခေတ်တွင် ဘာသာရေးကို အလေးပေးကာ လုပ်ဆောင်လာသော ၀တ်အသင်းဖွဲ့ များ၊
ဆွမ်းလောင်းအသင်းများ၊ တရာပွဲများကို ကမကထလုပ်ကာ စေတနာဝန်ထမ်း ဒကာများ
ဒကာမများ လွန်စွာပေါများလေနေပြီ၊ ၀မ်းသစရာပင်၊ ကြိုဆိုဂုဏ်ပြုစရာပင်၊
မန္တလေးရွှေမြို့တော်ကြီးမှာပင် ဆွမ်းလောင်းအသင်းလေးတွေ အစီအရီတစ်နေ့တခြား
တိုးပွါးလာနေသည်၊ သာသနာတော်ကြီးအ တွက် အားတက်စရာပင်၊
ရှေးယခင်က
သံဃာတော်များ ဆွမ်းကွမ်းအတွက် ပင်ပန်းကြရှာသည်၊ ယခု
ပူပန်ကြောင့်ကြစရာမလိုတော့ မှိုလိုပေါက်လာနေသော ဆွမ်းလောင်းအသင်းများသို့
သပိတ်ပိတ်ကာ ကြွရုံပင်၊ ရန်ကုန်ရွှေမြို့တော်ကြီးတွင်လည်း
ထိုနည်းနှင်နှင်ပင်၊ သံဃာတော်အရှင်မြတ်တွေ မပူပင်မ ကြောင့်ကြရ၊
အပတ်စဉ်ဆွမ်းလောင်းသင်းများသို့ ကြွလျှင်အဆင်ပြေချောမွေ့ကြသည်၊
ထို့ပြင်
ပြည်ပ နိုင်ငံများတွင်ရောက်ရှိနေသော မြန်မာလူငယ်များကလည်း အားကျမခံ
အဖွဲ့အစည်း အသီးသီးဖွဲ့ကာ တရားပွဲများကျင်းပကြ၊ ကထိန်ခင်းကြနှင့် သူထက်ငါ
သာသနာတာဝန် ဒကာဒကာမတို့၏ တာဝန် တွေကို ကျေပွန်စွာထမ်းရွက်ပြန် သည်၊
ထိုထိုကဲ့သို့သော အဖွဲ့အသီးသီးတွင် တာဝန်ထမ်းရွက်မှုပြုနေသော
ဒကာဒကာမများအား ဥပါသကာ၏ ဂုဏ်အရည်အချင်းများပြောပြချင်ပါသည်၊
သိပြီးသူများလည်း ရှိပါလိမ့်မည်၊ သိပြီးလျှင် နာဖူးထပ်မံဟု
သဘောထားစေချင်ပါသည်၊ မသိသေးလျှင်မှတ်သားကာ မပြတ်ပွားများကာ လိုက်နာ
ဆောင်ရွက်ပါဟု တိုက်တွန်းစကား ဆိုလိုက်ချင်ပါ သည်၊ ဥပါသကာ၏ဂုဏ်အင်္ဂါများမှာ-
(၁) ရဟန်းသံဃာနှင့် အေးအတူပူအမျှဖြစ်ရပါမည်၊
ဆိုလိုသည်မှာ ရဟန်းသံဃာများနှင့်အတူအကွ သာသနာ့တာဝန်များကို အတူလက်တွဲကာဆောင် ရွက်ရမည်ကို ဆိုလိုပါသည်၊
(၂)တရားတော်ကိုသာလျှင် အလေးထားရပါမည်၊
ဆိုလိုသည်မှာ သာသနာတော်အလုပ်ကိုလုပ်လျှင် မည်သူ့မျက်နှာမှမကြည့်ပဲ
တရားသောနည်းလမ်း အတိုင်း မှန်မှန်ကန်ကန် ထမ်းရွက်ရန်ဖြစ်ပါသည်၊
“ဘုရားလူကြီးများ မနက်လင်းဘုရားမှ အိမ်ပြန်လျှင်
အထုတ်ကြီးတွေနဲ့”ဆိုတာမျိုးမဖြစ်စေရပါ၊
(၃)မိမိမှာရှိသော ပစ္စည်းအင်အားပေါ်မူတည်၍ လှူဒါန်းမှုပြုရပါမည်၊
ဆိုလိုသည်မှာ ကိုယ်နိုင်သော ပစ္စည်းဝတ္ထုကိုလှူရပါမည်၊ နာမည်ကြီးချင်၊
ဂုဏ်တက်ချင်မှုမျိုးကို ရှေ့ရှု ကာပိုက်ဆံအရမ်းကုန်အောင် ၊လူအထင်ကြီးအောင်
မလှူရပါ၊
(၄)သာသနာတော်မြတ်ကြီး တိုးတက်စည်ပင်ရန်ကြိုးစားအားထုတ်ရပါမည်၊
ဆိုလိုသည်မှာ သာသနာတော်အတွက် မမြဲတမ်းနိုးကြားနေရပါမည်၊
ဘုရားလူကြီးအမည်ခံပြီး၊ “မလုပ်မပြုတ်” သဘောမျိုးမလုပ်ရပါ၊
တကယ်သာသနာတော်အတွက် အလုပ်လုပ်ရပါမည်၊
(၅) သာသနာတော်မှ ပြင်ပပုဂ္ဂိုလ်များကို မဆည်းကပ် မကိုးကွယ်ရပါ၊
ဆိုလိုသည်မှာ သာသာတော်၏ အလုပ်များကို ဦးစီးဦးရွက်ပြုလုပ်နေပြီး၊ နတ်၊ဘိုးတော် မယ်တော်၊ အကြားအမြင်များကို မကိုးကွယ်ရပါ၊
(၆)ကိုယ်နှုတ်အမူအရာ စောင့်စည်းရပါမည်၊
ဆိုလိုသည်မှာ ကိုယ်ရောနှုတ်ရောယဉ်ကျေးစွာ ပြောဆိုလုပ်ကိုင်ရပါမည်၊
ဘုရားလူကြီး၊ ဂေါပက၊ ဆွမ်းလောင်းအသင်း၊ ဗုဒ္ဓဘာသာလူငယ်
အသင်းဝင်တစ်ယောက်ဖြစ်နေပြီး ဆဲဆိုနေလျှင် ပတ်ဝန်း ကျင်အမြင်တွင်
မတင့်တယ်နိုင်ပါ၊
(၇)သင့်တင့်ညီညွတ်ရေးကို ဆောင်ရွက်ရပါမည်၊
ဆိုလိုသည်မှာ တစ်ခါတစ်ခါ အသင်းထဲတွင် မညီညွတ်မှုများဖြစ်တတ်ပါသည်၊
ထိုကဲ့သို့မဖြစ်အောင် ညီညွတ်ရေးကို အစဉ်မြဲအလေးပေး ဆောင်ရွက်ရပါမည်၊
“အစုရှိက မှုရှိမြဲမှာ ဓမ္မတာတည်း“ ဆိုသည် ကိုလည်း သဘောပေါက်ထားရပါမည်၊
(၈)၀န်တိုစိတ်မရှိရပါ၊
ဆိုလိုသည်မှာ သာသာတော်အလုပ်ကြီးကို လုပ်ကိုင်နေပြီး အခြားသူများ သ၀န်မတို ရပါ၊ မေတ္တာစိတ်၊ ကရုဏာစိတ်ထားကာ လုပ်ကိုင်ပြောဆိုရပါမည်၊
(၉)ကောက်ကျစ်စင်းလဲမှု မရှိရပါ၊
ဆိုလိုသည် ဘုရားပိုင်ငွေ၊ အသင်းအဖွဲ့ပိုင်ဘဏ္ဍာငွေများကို မှန်မှန်ကန်ကန် စာရင်းထားရပါမည်၊
(၁၀)ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရပါမည်၊
ဤနောက်ဆုံးအချက်သည် အရေးကြီးပါသည်၊ သာသနာတော်အလုပ်ကို လုပ်ကိုင်နေသူသည်
ရတ နာသုံးပါးကို ယုံကြည်စွာကိုးကွယ်သူဖြစ်လျှင် မမှန်မကန်လုပ်စရာ
အကြောင်းမရှိတော့ပါ၊ ထို့ကြောင့် ရတနာသုံးပါးကို ယုံယုံကြည်ကြည်
ကိုးကွယ်ဆည်းကပ်ရပါမည်၊ ရတနာသုံးပါး၏ဂုဏ်ကို အမြဲ တမ်းအာရုံပြုနေသဖြင့်
မှန်ကန်သော စိတ်ထားဖြင့် လုပ်ကိုင်နိုင်လိမ့်မည်၊
စာဖတ်သူများလည်း ယခုအချိန်မှစကာ ဥပါသကာအင်္ဂါ(၁၀)ပါးနှင့် ပြည့်စုံနိုင်ပါစေကြောင်း ဆုမွန် ကောင်းတောင်းလိုက်ရပါသတည်း
ရွှေမန်းသား ( အရွင္အကုၤရ)
No comments:
Post a Comment