ရှေးရှေးတုန်းက ဘုရားအလောင်းတော်
လှည်းကုန်သည်ကြီးခေါင်းဆောင်တဲ့ လှည်းသမား ငါးရာဟာ
အလွန်ပူပြင်းတဲ့သဲကန္တာရကြီးထဲဖြတ်ပြီး လှည်းတွေနဲ့
ကုန်ရောင်းကုန်ဝယ်လုပ်ပါတယ်၊ သဲကန္တာရကြီးဆိုတာ အရမ်းပူတော့
နေ့ဘက်တွေမှာအနားယူပြီး ညဘက်လရောင်လေးနဲ့မှ လှည်းတွေနဲ့ခရီးဆက်ရတာပါ၊
ရှေးရှေးကဆိုတော့ ခုခေတ်လို သံလိုက်အိမ်မြှောင်တွေ အဝေးကြည့်
မှန်ပြောင်းတွေဆိုတာ မပေါ်သေးပါဘူး၊ ဒီတော့ ကောင်းကင်ကကြယ်တွေကိုကြည့်ပြီး
သွားရတာပါ၊ ကြယ်တွေကိုကြည့်တဲ့သူက လှည်းတွေရဲ့ရှေ့ဆုံးကနေ
ကြယ်တွေကြည့်လိုက် လမ်းပြလိုက်နဲ့ ဦး ဆောင်ပြီးသွားပါတယ်၊
အဲဒီလိုသွားရင်းနဲ့ သဲကန္တာရရဲ့အစပ်နားကို ရောက်လာပါတယ်၊ သွားနေ့ကြ
ဖြစ်နေတော့ နောက်တစ်နေ့မနက်ဆိုရင် သူတို့သွားချင်တဲ့မြို့ဆီကို
အမှန်တကယ်ရောက်တော့မယ် ဆိုတာသိကြပါတယ်၊ ဒါနဲ့ ပါလာတဲ့ရေတွေကို
လှည်းတွေလေးနေတဲ့အတွက် ပေါ့ပါးသွားအောင် အားလုံးသွန်ပစ်လိုက်ပါတယ်
ဖြစ်ချင်တော့ အိပ်ရေးပျက်တဲ့ညတွေကလည်း ဆက်တိုက်ဖြစ်လာလို့ ထင်ပါတယ်၊
လမ်းပြတဲ့လှည်းသမားက မှေးကနဲ့အိပ်ပျော်သွားပါတယ်၊ အဲဒီမှာအားလုံးဒုက္ခနဲ့
ရင်ဆိုင် ရတော့တာပါပဲ နွားတွေဟာ လမ်းပြမဲ့သူမရှိတာကြောင့်
နောက်ကြောင်းကိုပြန်လှည့်ကုန်ပါတယ်၊ လှည်းသမားအားလုံးကလည်း
စိတ်ချလက်ချအိပ်နေကြတာဆိုတော့ ဘယ်သူမှ လမ်းလွဲသွားတာမသိ လိုက်ကြပါဘူး၊
မနက်လင်းရင် မြို့ကိုရောက်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့
စိတ်ချလက်ချအိပ်ကြတာလည်းဖြစ် မယ်ထင်ပါတယ်၊ ဒါနဲ့ရောင်နီလေးပေါ်လာတော့
လင်းပြီဆိုပြီးကြည့်လိုက်တာ သူတို့မျှော်မှန်းထားတဲ့ မြို့မဟုတ်ပဲ
အရင်ညကခရီးတစ်ထောက်နားခဲ့တဲ့ နေရာဟောင်းကြီးဆီ ပြန်ရောက်နေတာသိလိုက်
ရပါတယ်၊ အဲဒီမှာ ဒုက္ခရောက်တော့တာပါပဲ ပါလာတဲ့ရေတွေအားလုံးကလည်း
သွန်ထားခဲ့တာဆို တော့ ထမင်းဟင်းချက်ဖို့ရေမရှိ၊ နွားတွေတိုက်ဖို့ရေမရှိနဲ့
ဒုက္ခလှလှ ရောက်ကြတာပေါ့၊ သဲကန္တာရမှာ ရေကဘယ်လိုရှာမလဲ၊ ဒါပေမဲ့ ဘုရားလောင်းက
ဗဟုသုတများတော့ သဲကန္တာရပေါ်မှာ မြက်စိမ်းစိမ်း
ပေါက်တဲ့နေရာလေးတွေကိုရှာပါတယ်၊
မြက်စိမ်းစိမ်းရှိနေရင်
အောက်မှာရေရှိရမယ်ဆိုတဲ့အတွေးနဲ့ပါ၊ ရှာလိုက်တာ တစ်နေရာမှာ
မြက်စိမ်းစိမ်းလေးတွေတွေ့ပါတယ်၊ ဒါနေဲ့ ပါလာတဲ့ ပေါက်ပြားတူရွင်းတွေနဲ့
တူးကြတာပေါ့ တူးလိုက်ကြတာ အားကြိုးမာန်တက်ပါပဲ၊ တူးရင်တူးရင်းနဲ့ ရေမတွေ့ပဲ
ကျောက်ဖြာကြီး ခံနေတာသွားတွေ့ပါတယ်၊ အဲဒီမှာ
တူးတဲ့သူအားလုံးကလက်လျှော့ကုန်တာပေါ့
ဟုတ်တယ်လေ ကျောက်ဖြာကြီးခံနေမှတော့
ရေကဘယ်လိုရတော့မလဲ “ဆင်ကောင်ကြီးအမြီးကြမှတစ်” ဆိုတဲ့ကိန်း ပါပဲ၊ ဒါပမဲ့
ဘုရားလောင်းက အားကောင်းတဲ့လှည်း သမားတစ်ယောက်ကို ပေါက်တူပေးပြီး အားမ
လျှော့ပါနဲ့ ဆက်တူးလိုက်ပါငါ့ညီရာ အောက်မှာလည်းရေသံတွေကြားနေရပါတယ်၊
ငါ့ညီအားနဲ့ တအား လွှဲပေါက်လိုက်ရင် ကျောက်ဖြာကြီးထက်ချမ်းကွဲပြီး
ရေတွေဗျမ်းကနဲ့ ထွက်လာမှာပါ”လို့ အားပေး စကားပြောတာကြောင့်
တအားလွဲကာပေါက်လိုက်တာ ရေတွေဗျန်းကနဲ့ထွက်လာပါတော့တယ်၊ အဲဒီအချိန်ကြမှ
နွားတွေရောလူတွေရော အသက်ချမ်းသာရာရကြရပါတယ်၊
ကဲစာဖတ်သူရေ ပုံပြင်လေးကတော့ဒါပါပဲ ဖတ်လို့ကောင်းကောင်းနဲ့
ဖတ်ဖြစ်နေတယ်မို့လား၊ ခု ပုံပြင်လေးကပြီးသွားပြီဆိုတော့
အဲဒီပုံပြင်လေးကပေးတဲ့သင်ခန်းစာ လေးတွေကို ပြောကြည့်ရအောင် ပါ၊
လူတိုင်းလူတိုင်း အဲဒီလိုအခက်ခဲတွေနဲ့ကြုံဖူး ကြမယ်ထင်ပါတယ်၊ အခက်ခဲဆိုတာ
အဲဒီပုံပြင်ထဲက လိုအားလုံးတူရမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး၊
ဥပမာပြောရရင်
ကိုယ်ကကြိုးစားခဲ့တယ် ရာထူးတိုး တော့မယ် အဲဒီလိုအချိန်လေးရောက်မှ
ကိုယ်ကိုယ်ကိုရာထူးမတက်အောင် ကြားကအနှောက်အယှက် လေးတွေခံနေတတ်တာမျိုးလေ၊
ကျောင်းသားတွေဖြစ်နေရင် ကိုယ်ကစာတွေကို တကယ်လုပ်ခဲ့တယ် စားမေးပွဲနီးမှ
ဒါမှမဟုတ်စားမေးပွဲခန်ထဲမှာ စာမေးပွဲဖြေနေချိန်မှ
ကိုယ်လိုချင်တဲ့အမှတ်မရဘူးဆိုပြီး၊ မှင်နီခြစ်ပြစ်လိုက်ချင်လာတာမျိုးပေါ့၊
တကယ်လို့အဲဒီလို အခက်အခဲမျိုးကြုံလာရင် အလျှော့ပေးလိုက် ရမှာလား
ကိုယ်ကြိုးစားထားတာတွေ ရပ်ပစ်လိုက်ရမှာလား မဟုတ်ပါဘူးစာဖတ်သူရယ်
ဆက်ကြိုးစား ရမှာပေါ့၊
နောက်တစ်ခုဆက်ပြောပြရရင် အောင်မြင်ရေးလမ်းကြောင်းဆိုတာ
တစ်ကြောင်းတည်း တစ် လမ်းတည်းရှိတာမဟုတ်ဘူးလေ၊
ကိုယ်ရှာနိုင်သလောက်လမ်းကြောင်းတွေအများ ကြီးရှိတာပါ၊ ဒါကို
ပေါ်လွင်အောင်ဥပမာလေးနဲ့ပြောပြရရင် ကမ္ဘာအေးကနေ ဆူးလေကို
သွားချင်တယ်ဆိုပါတော့ ကမ္ဘာ အေးမှတ်တိုင်ကနေ ကိုယ်ကြိုက်တဲ့လိုင်းကားကို
ရွေးစီးလို့ရတယ်မို့လား (၄၂)စီးမလား၊ ပါရမီးစီးမ လား၊ အထူးကားစီးမလား၊
ရိုးရိုးစီးမလား အောင်မြင်ရေးလမ်းကြောင်းတွေဆိုတာလည်းဒီလိုပါပဲ
ကိုယ်ကြိုက်တဲ့လမ်းကြောင်းကသွားလို့ရပါတယ်၊ တစ်ကြောင်းတည်းတစ်
လမ်းတည်းကနေသွားနေပြီး ကျရှုံးမယ်လို့ ဖြစ်နေရင် စိတ်ဓာတ်မကျလိုက်ပါနဲ့နော်၊
စောစောကပြောပြခဲ့တဲ့ ပုံပြင်လေးကို သတိရလိုက်ပါ၊“ရှေ့ဆက်တိုးဖို့ခက်နေတာ တစ်ခုတည်း နဲ့တော့ နောက်မဆုတ်လိုက်ပါနဲ့”လို့ ပြောပါရစေ၊ နောက်ဆုတ်ဖို့စဉ်းစားနေရင် ပုံပြင်လေးကို ပြန်ဖတ်လိုက်ပါနော်။ ။
ရွှေမန်းသား ( အရွင္အကုၤရ)
No comments:
Post a Comment