Thursday 31 October 2013

ဒေပါဝလီ ( သို့) ဒေ၀ါလီ



သူ မဇ္ဈိမကို ရောက်တာ (၂၈.၁၀. ၂၀၁၃)နေ့က တစ်နှစ်တင်းတင်းပြည့်ခဲ့တယ်၊ တစ်နှစ်သား ပြည့်မြောက်လာတော့ သူဟာ မဇ္ဈိမယဉ်ကျေးမှု တစ်ချို့နဲ့ ခင်မင်ရင်း နှီးလာတယ်၊ တိုင်းတစ်ပါးပေမယ့် ယဉ်ကျေးမှု ရေစီးကြောင်းက ရွှေပြည်ကြီးက လူတွေနဲ့ သူနေထိုင်တဲ့ မဇ္ဈိမဒေသသား တမီးလ်ပြည်သူပြည်သားတွေနဲ့က ထပ်တူနီးကျကျ နေလေတော့ အစိမ်းသက်သက်ကြီးတော့ မဟုတ်တော့ဘူး။
ဆွေမျိုးရင်းချာလို စီးမျောတတ်လာတယ်၊မိတ်ဖြစ်ဆွေဖြစ်အကျွမ်းတ၀င်ရှိလာတယ်၊ အခု (၂.၁၁. ၂၀၁၃) မှာလဲ မဇ္ဈိမဒေသသားတို့ရဲ့ ယဉ်ကျေးမှုတွေထဲက တစ်ခုအရ
ဒေပါဝလီ( သို့ ) ဒေ၀ါလီ နေ့ကျသတဲ့၊ ဒေ၀ါလီဆိုတာ ရွှေပြည်ကြီးက ယဉ်ကျေးမှု နဲ့ နားလည်အောင်ပြောရရင်တော့ သီတင်းကျွတ် မီးထွန်းပွဲလိုပေါ့၊ ဒီက မဇ္ဈိမသားများ က ဆီမီးတွေ လျှပ်စစ်မီးတွေ ထိန်နေအောင် ထွန်းကြ၊ ဗျောက်အိုးတွေ တစ်ဒိုင်းဒိုင်း ဖောက်ကျ၊ တစ်အိမ်နဲ့တစ်အိမ် တစ်မိသားနဲ့တစ်မိသား မုန့်တွေဝေကြ လက်ဆောင် တွေပေးကြနဲ့ ချစ်စရာကောင်းတဲ့ ဓလေ့လေးတစ်ခုပါ၊ ရွှေပြည်ကြီးက အညာဘုရားပွဲ ဆွမ်းတော်ကြီးလောင်းပွဲတွေလိုပ၊

ဘာပဲပြောပြော ဒီလိုလေးတွေ မြင်ရတွေ့ရတာ့ ရွှေပြည်ကြီးက ဆွေတော်မျိုးတော် တွေကို သတိရစိတ်အထွေထွေက ယိုဖိတ်လာလေတော့ သဗ္ဗေသတ္တာ အဝေယျာ ဟောန္တု၊ အနီဃာ ဟောန္တု အဗျာပဇ္ဖာဟောန္တု ----- ဟောန္တု ဟောန္တုရယ်လို့ သွန်းထုကာ မေတ္တာ ချွေလိုက်မိပါကြောင်း သူတော်ကောင်းတို့--------------။ ။

ရွှေမန်းသား အရှင်အကုင်္ရ ( ခေတ္တအိန္ဒိယ)

Wednesday 30 October 2013

သံသယ သားကောင်များ


အချက်မသိတော့
သမက်ကို သူခိုးထင်
ငှက်မသိတော့
ဇရက်ကို ဂျိုးထင်
တစ်ခါတစ်ခါ
အမြင်နဲ့ အကြားဟာ
တက်တက်စင်အောင် လွဲတတ်ပါကလား ။

ဗုဒ္ဓဘုရားဟောကြားထားတဲ့
ကာလာမသုတ်ကြီးကို
ခဏခဏ ပုဒ်ထီးပုဒ်မ
မချွင်းမချန် အတင်းလှန်
ရွတ်ဖတ်နေတာတောင်
 
တစ်ခါတရံ
ကြားတာလဲယုံ
မကြားတာလဲယုံ
မြင်တာလဲယုံ မမြင်တာလဲယုံ
အတင်းစုံ ပုလင်းစုံ
အတင်းယုံ အတင်းယုံ
ယုံကြယုံကြ ပုံကြပုံကြ
 
နောက်ကျမှ ခုန်ဆွခုန်ဆွနဲ့
ထွက်ဖို့ခက် တက်ဖို့ခက်
ပက်လက်နဲ့ ကယ်သူမဲ့သူမဲ့
မျောရက်နဲ့ ဆယ်သူမဲ့သူမဲ့
ဟောဒီမှာကွယ့်
အမှန်တရားဆိုတော့ ခါးသွားရဲ့ ။

ဒီလိုနဲ့ အမှန်နဲ့ အမှားကို
လက်တစ်လုံးကြား ကစားရင်း
သစ္စာစကားဆိုတာ
လားလားမှ သူနဲ့ မဆိုင်သလို
အပိုင်ကို မလိုင်ချိုချိုတွေနဲ့
ချီနိုင်မှ ဘ၀ကမခါးသတဲ့ ၊

အများနဲ့ တစ်ယောက်
တစ်ယောက်နဲ့ အများ
မှောက်နေတာလား မှားနေတာလား
ထားထားလိုက် သွားမတားနဲ့
ကားကနဲ့နေအောင် အတိုက်အခိုက်ခံရမယ် ။

မိစ္ဆာတရားတွေ ပိတ်ကာလွှမ်း
အ၀ိဇ္ဖာနှုတ်ခမ်းဖျားတွေနဲ့
လမ်းသလား နေသရွေ့
အမှန်တရားဆိုတာ
ဟောဒီ ကမ္ဘာကြီးရဲ့
အခြားတစ်ဖက်ကို ရွှေ့ ။ ။

အောင်မိုးသစ်

ပန်းတိုင်ဆီ


Tuesday 29 October 2013

အချိန်


သံသရာ

သစ္စာရှာဖို့
မြင်းစီးဖို့နေနေသာသာ
မြင်းရှာနေတာနဲ့တင်
အချိန်တွေကုန်လိုက်တာ

အောင်မိုးသစ်

Monday 28 October 2013

တစ်ခါတည်းပါ

ကောင်းတာမှာပဲ ဖြစ်ဖြစ်၊ ဆိုးတာမှာ ဆိုဆို တစ်ခါတည်းက စခဲ့ကြတာပါ
တစ်ခါတည်းဆိုပြီးလုပ်ကြည့်လိုက်တယ်၊ နောက်တဆင့်တက် စွဲလမ်းသွားတယ်၊
ဖြတ်မရတော့ဘူး၊ များသောအားဖြင့် မကောင်းတဲ့ ဘက်မှာပိုပြီး သိသာပါတယ်၊
ကောင်းတဲ့ဘက်မှာကြတော့ တစ်ခါလေးစဖြစ်ဖို့ အကြိမ်ကြိမ်အားယူရပါတယ်၊
အကြိမ်ကြိမ်ကြိုးစားရပါတယ်၊ စမိရင်တော့ တစ်ခါလေးက အကျိုးရှိပါတယ်၊
ဘ၀တစ်ခုလုံးလဲပြောင်းလဲနိုင်ပါတယ်၊

မကောင်းတဲ့ဘက်မှာ အစပျိုးမိရင်တော့ ဘ၀ပျက်တဲ့အထိလဲ ကြုံတွေ့ရနိုင်ပါတယ်၊ဘ၀သေတဲ့အထိလဲ ရင်ဆိုင်တတ်ရပါတယ်၊
ကောင်းတဲ့ဘက်မှာ အစပျိုးမိရင်တော့ ဘ၀ဟာ အများကြီးပြောင်းလဲသွားနိုင်သလို အောင်မြင်မှုတွေနဲ့ဝေဆာတဲ့ တစ်နေ့ကိုရောက်ဖို့ ခြေလှမ်းစတဲ့ နေ့လဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကောင်းတာမှာပဲဖြစ်ဖြစ် ဆိုးတာမှာပဲဆိုဆို တစ်ခါလေးကို သတိကပ်ပြီး
လုပ်ကြည့်ကြပါလို့ တိုက်တွန်းစကားဆိုပါရစေ၊မကောင်းတဲ့ ဘက်မှာအစပျိုးမိသွားရင်လဲ အမှားနည်းအောင်လို့ပါ၊ ကောင်းတဲ့ဘက်မှာ အစပျိုးမိသွားရင်လဲ ထပ်ဆင့်ထပ်ဆင့် လုပ်ဆောင်နိုင်အောင်လို့ပါ၊
အကောင်းဘက်ကိုပဲ ဦးတည်တဲ့ တစ်ခါလေးများကိုလဲ ခဏတိုင်း ခဏတိုင်း လုပ်မိကြပြီး ထာဝရမြဲသွားအောင် ကြံဆောင်နိုင်ကြပါစေလို့လဲ တိုက်က်တွန်းစကားနဲ့ ဆန္ဒပြုပြောကြားလိုက်ပါရစေ။

ရွှေမန်းသား အရှင်အကုင်္ရ

29.10.2013

လောကနိယာမ


Sunday 20 October 2013

ပရဟိတ


အန္ဓ

ရှေ့ဆက်ဖို့
လှည့်ထွက်မယ်အလုပ်မှာ
ငိုသံကြား , သနား
နောက်ပြန်ဆုတ်
ငုတ်တုပ်မေ့
ကျောက်ရုပ်တစ်ရုပ်လို
အရင်လိုပါပဲ
ထုသားပေသားတကျ
ဘ၀က ဘယ်လိုမှ
ပြောင်းလဲမသွား
ချစ်သလားမမေးနဲ့
ချစ်သလားမမေးနဲ့
အတ္တစစ်စစ်ကြီးနဲ့ ပျော်ဝင်ဖို့
ကိုယ့်ကိုယ့်ကို လောင်ကျွမ်းလို့
စနက်တန်ကို
ခပ်ရဲရဲပဲ မီးရှို့လိုက်တယ်
ရှူးးးးးးးးးးးးးးးးးးးးးး ဒိုင်းးးးးး ။ ။

အောင်မိုးသစ်