Sunday 20 October 2013

အန္ဓ

ရှေ့ဆက်ဖို့
လှည့်ထွက်မယ်အလုပ်မှာ
ငိုသံကြား , သနား
နောက်ပြန်ဆုတ်
ငုတ်တုပ်မေ့
ကျောက်ရုပ်တစ်ရုပ်လို
အရင်လိုပါပဲ
ထုသားပေသားတကျ
ဘ၀က ဘယ်လိုမှ
ပြောင်းလဲမသွား
ချစ်သလားမမေးနဲ့
ချစ်သလားမမေးနဲ့
အတ္တစစ်စစ်ကြီးနဲ့ ပျော်ဝင်ဖို့
ကိုယ့်ကိုယ့်ကို လောင်ကျွမ်းလို့
စနက်တန်ကို
ခပ်ရဲရဲပဲ မီးရှို့လိုက်တယ်
ရှူးးးးးးးးးးးးးးးးးးးးးး ဒိုင်းးးးးး ။ ။

အောင်မိုးသစ်

No comments:

Post a Comment