Friday 29 November 2013

ဝဲသြဃ

သံသရာ
ရှည်လျှားလွန်းတယ်
ခန္ဓာ လေးလံလွန်းပ
အချစ်ကြ ပေါ့ပေါ့ ပါးပါးလေး
ပျက်လုံးတစ်ခု
တစ်ခါ တစ်ခါ မရီမိအောင် ကြိုးစားနေရ

ရုန်းရ ကန်ရတာ
ဘ၀နဲ့ ဒုက္ခက တစ်ထပ်တည်းကျ
အစဉ်ထာဝရ သဟဇာတမျှလို့

ဆန္ဒနဲ့ ဘ၀ကြ
ဖရိုမဖရဲ အလွဲလွဲ
ငိုရင်ပုလဲ ရီရင်ရွဲ

ဒီလိုနဲ့
တိုက်ပွဲ
တိုက်ပွဲတွေ
ခဏခဏ တိုက်ကြရ

ဘ၀ဆိုတာ တိုက်ပွဲ
တိုက်လိုက်စမ်း တိုက်လိုက်စမ်း
အချင်းချင်း တိုက်နေကြ
အချင်းချင်း သတ်နေကြ
တို့လူသားတွေ အသက် အိုးအိမ်
စည်းစိမ်တွေ အငြိမ်မနေရ

တကယ်တမ်း တိုက်ရမှာက
အတွင်းစီးထဲမှာ
အပြင်စီးမှာ တိုက်ကြခိုက်ကြ
လဲကြ ပြိုကြ ငိုကြ ရီကြ

ဒါဟာ ဘ၀ဆိုရင်
တို့တစ်တွေ တစ်ထပ်ပြီး တစ်ထပ်
တစ်ပတ်ပြီး တစ်ပတ်
မရပ်မနား လည်နေရဦးမယ်။ ။

အောင်မိုးသစ်

Wednesday 27 November 2013

မကြာမီ လာမည်

ရွှေမန်းသား အရှင်အကုင်္ရ ရဲ့ အွန်လိုင်းပေါ်တွင် ရေးခဲ့သော ဆောင်းပါးတွေထဲမှ လက်ရွေးစင် ဆောင်းပါးများကို စာအုပ်အဖြစ် မကြာမီ မိုးကျော်သူ စာပေမှ ဖြန့်ချီမည်ဟု သိရသည်။ ။

အချစ်နဲ့ ပေါ့ပေါ့ပါးပါး


ချစ်တယ် ဟုတ်လား
ချစ်တယ် ဟုတ်လား
မျက်ရည်ထွက်အောင်
ရီပစ်လိုက်ချင်တယ်
ဟား ဟား ဟား

ကျွတ်
အချစ်က ကစားစရာတစ်ခုမှ မဟုတ်တာ
အချစ်က အလဲအလှယ်နဲ့ ၀တ်စရာ
အင်္ကျီ တစ်ထည်မှ မဟုတ်တာ
အချစ်က ထိုင်ခုံလို လုထိုင်လို့မှ မရတာ
အချစ်က နောက်ကနေ တွဲခိုစီးဖို့ အဆင်မပြေဘူး

အချစ်က ဖြစ်သလို
လ္ဘက်ရည်တစ်ခွက်နဲ့ ညမနက် ရပ်တည်လို့မရ
အချစ်က
အချစ်က
ပြောရရင် အရှည်ကြီးပါဗျာ

ခင်များ ရိုလာကိုစတာစီးဖူးသလား
ခင်များ ပွဲဈေးတန်းက ရဟတ်ကြီး စီးဖူးသလား
ခင်များ ခွဲစိတ်ခံဖို့ အတွက်
ခွဲစိတ်ခန်းထဲ ၀င်ဖူးသလား

အင်း
အဲဒီ အရာတွေထက်ကို
အချစ်က
ရင်လှိုက် သဲဖို
မယုံရင် ခင်များချစ်ကြည့်ပါလား

ချစ်တယ်ဟုတ်လား
ချစ်တယ် ဟုတ်လား
သစ္စာစကားတွေလဲ ပြောတတ်ပ
မေတ္တာတရား ပါးပါးလေး သုတ်ထားပြီး
ခင်များ အချစ်ရခံတဲ့ တစ်နေ့
ချစ်တယ်ဆိုတာ ညာတာပါ

ချစ်တယ် ဟုတ်လား
ချစ်တယ် ဟုတ်လား
ဟား ဟား ဟား ။ ။

အောင်မိုးသစ်

(1999 - လောက်က ရေးဖြစ်ခဲ့ဖူးတဲ့ ကဗျာ အဟောင်းလေးပါ )

Sunday 17 November 2013

တန်ဆောင်တိုင် လပြည့်ည

အဝေးကို ရွက်လွှင့်နေတဲ့
မေ့မေ့သားက
အားလုံးနဲ့ ဝေးရာဆီ

ဦးတည်ချင်လို့တော့ မဟုတ်ခဲ့ဘူး
ခရီးတစ်ခုကို စမိလို့ ဆုံးအောင်
ခုတ်မောင်းနေရသူ
ရေဆူ အမှတ်မရောက်မချင်း
ကိုယ့်ကိုယ်ကို ပြန်ပြန်ရှို့နေရ
ဖွာကနဲ့လဲ လင်းကြည့်ဖူးတယ်
ရှူး-ဒိုင်းဆိုပြီးလဲ ရောင်စုံဖြာကြည့်ဖူးတယ်
ဘ၀က လပြည့်ညလိုတော့
မလှပသေး

ခဏ ခဏ လေး
အဝေးကိုရောက်နေတဲ့ စိတ်
အဲဒီညက အိမ်ကို တိတ်တိတ်လေး ပြန်လာဖြစ်တယ်
အမေ့အမျှဝေသံကြားတယ်
အဖေ့သာဓုခေါ်သံကြာတယ်
ညီငယ် ညီမငယ်တွေက
ဆီမီးတွေ ကိုယ်စီ ထွန်းညှိလို့
ဗျောက်အိုးတွေဖောက်လို့
မီးရှူးတွေလွှတ်တင်လို့

ဒါပေမယ့် မေမေရယ်
ကြည်တွေမစုံသေးတဲ့ ည
မလှမပ

ဟုတ်ကဲ့ပါ မေမေ
သားတစ်နေ့
ကြယ်တွေ အကုန်ယူပြီး ပြန်လာမယ် ။ ။

အောင်မိုးသစ်

http://mingalargarden.blogspot.in/

အကောင်းဆုံး ယတြာ


Wednesday 13 November 2013

အဆုံးထိလျှောက်

တစ်ယောက်ယောက်ကို ဝေဘန်ပြီးဆိုရင်လဲ အဆုံးထိဝေဖန်လိုက်တာမျိုး မလုပ် လိုက်ပါနဲ့၊ ချီးမွမ်းပြီဆိုရင်လဲ အဆုံးထိချီးမွမ်းခန်းတွေ မဖွင့်လိုက်မိပါစေနဲ့ ပါရမီနုနယ် တဲ့ သူတိုင်း အမှားနဲ့ အမှန်ဟာ ဒွန်တွဲနေတတ်တာ သဘာဝပါ၊

ဒါနဲ့ ပတ်သက်ပြီး ကြားဖူးတာကြာပြီဖြစ်တဲ့ ပုံပြင်လေးတစ်ပုဒ်နဲ့ ဥပမာပြောကြည့် ချင်ပါတယ်၊ ပုံပြင်လေးက ဒီလိုပါ၊ တစ်ခါက တောကြီးမျက်မည်းထဲမှာ ရသေ့ကြီးတစ် ပါးသီတင်းသုံးနေပါတယ်။

အဲဒီရသေ့ကြီးဟာ မေတ္တာတရားကြီးမားလေတော့ ရသေ့ ကြီးကျောင်းသင်္ခန်းအနီးမှာ သမင်းလေးတွေ၊ ဒရယ်လေးတွေ၊ အမြဲတမ်းလာလာပြီး အစာရှာကြတယ်၊ နားနေကြတယ်၊ ညညဆိုလဲ ကျားတွေ၊ ခြင်္သေ့တွေဟာ ရသေ့ကြီး ရဲ့ကျောင်းအရိပ် မတ္တောအရိပ်အောက်မှာ လာပြီး အိပ်စက်အနားယူကြပါတယ်၊

အဲဒီလိုနဲ့ တစ်နေ့မှာ ပန်းချီဆရာတစ်ယောက်က အောက်ဒိုးထွက်ရင်း အဲဒီရသေ့ကြီး သီတင်းသုံးရာ ကျောင်းသင်္ခန်းကိုရောက်လာပြီး လောကရဲ့ အငြိမ်းအေးဆုံး ပိုင်ရှင်အဖြစ် တင်စား ကဗျည်းထိုးပြီး အဲဒီရသေ့ကြီးကို ပန်းချီဆွဲယူသွားပါတယ်၊

ဒီလိုနဲ့ နေလာလိုက်တာ နှစ်တွေအတော်ကြာလာတော့ ပန်းချီဆရာဟာ ငါတော့ လောကရဲ့ အငြိမ်းချမ်းဆုံးပုံတူ ပန်းချီကားတော့ ရပြီ ၊ လောကရဲ့ ခက်ထန်ကြမ်း တမ်းဆုံးလူရဲ့ ပုံတူရဖို့ ရှာဦးမှပဲဆိုပြီး လှည့်လည်လာလိုက်တာ စောစောက ရသေ့ကြီး သတင်းသုံးနေထိုင်းသွားတဲ့ ကျောင်းသင်္ခန်းနားရဲ့ အနီးမဝေးမှာ သမင်း လေးတွေ၊ ဒရယ်လေးတွေ ၊ ယုံလေးတွေကို အရှင်လတ်လတ် ခုတ်ထစ်သတ်ဖြတ် စား သောက်ရောင်းချနေတဲ့ မုဆိုးတစ်ယောက်ကို သွားတွေ့ပါတယ်၊

အဲဒီအချိန်မှာ ပန်းချီးဆရာက ငါတော့ လောကရဲ့ အရက်စက်ဆုံး လူသားကို တွေ့ပြီးဆိုပြီး ခွင့်တောင်းပြီး ပန်းချီဆွဲပါတယ်၊ ပန်းချီလဲဆွဲပြီးရော မုဆိုးကြီးကို ကျေးဇူးတင်စကားပြောပြီး ပြန်မယ်အလုပ်မှာ လွန်ခဲ့တဲ့ နှစ်များဆီက ဒီနေရာမှာ အလွန်အင်မတန်မှ မေတ္တာတရားတွေနဲ့ ငြိမ်းချမ်းတဲ့ ရသေ့အကြီးအကြောင်း စကား စပ်မိကြတော့ အဲဒီရသေ့ကြီးဟာ တစ်ခြားသူမဟုတ်ပါဘူး အခု သားကောင်တွေကို ရက်စက်စက် ခုတ်ထစ်ရောင်းစားပြီး စားသောက်နေတဲ့ မုဆိုးကြီးပဲ ဖြစ်ပါကြောင်း ပြောပြတော့ ပန်းချီဆရာခမျာ အံသြနေရှာပါရောလား၊

ဒါကြောင့် စာဖတ်သူကို ပြောပြချင်တာပါ တရားထူးတရာမြတ်နဲ့ သတ်သတ်မှတ် မှတ် ဘ၀ကို စိတ်ချရအောင် မှတ်တမ်းမတင်နိုင်သေးသရွေ့ ဘ၀ဟာ နိမ့်ချီတစ်ခါ သာချီတစ်လှည့်ဖြစ်နေဦးမှာပါ၊ ဗုံလုံတစ်လှည့် ငါးဖျံတစ်လှည့်နဲ့ ခရီးသွားနေရဦးမှာပါ လောကီစည်းစိမ်၊ လောကီ ဂုဏ်သိမ်၊ လောကီအာဏာပါဝါ ဈာသမာပါတ်တွေဟာ ထာဝရမတည်မြဲနိုင်တဲ့ အရာတွေပါ၊ ပြောင်းလဲတတ်တဲ့ သဘောတရားတွေပါ၊

လောကီနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ အရာတွေကို အဆုံးထိရောက်ပြီလို့ သတ်မှတ် ပြီး အဆုံးထိမပျော်လိုက်ပါနဲ့၊ အဆုံးထိ နိမ့်ကျနေလို့လဲ ငါ့ကံကြမ္မာဟာ အဆုံးထိ ရောက်နေပြီလို့ ၀မ်းမနည်းလိုက်ပါနဲ့၊ ချီးမွမ်းခံရရင်လဲ ခနပါ၊ ကဲ့ရဲ့ခံရရင်လဲ တစ်ခနပါ၊ လူဆိုတာ ကြိုးစားခွင့်ရှိပါတယ်၊ ကျရှုံးရမယ့် ကံကြမ္မာရှိပါတယ်၊ ဘာပဲဖြစ်ဖြစ် ဘယ်နေရာပဲရောက်ရောက် လူဆိုတာ သက်ရှိတွေထဲမှာ အသိဥာဏ် အရင့်ကျက်ဆုံး ဆိုတာသတိရလိုက်ပါ၊ လူဆိုတာ အသက်ရှင်နေသရွေ့ မျှော်လင့်ခြင်း မနက်ဖြန်များစွာ ရှိနေပါသေးတယ် ။ ။

စာရှည်ရှည်တွေလဲ ရေးပါဦးလို့ တိုက်တွန်းစကားဆိုတတ်တဲ့ အစ်မတော်အတွက် မှတ်မှတ်ယယ

ရွှေမန်းသား အရှင်အကုင်္ရ
http://mingalargarden.blogspot.in/

Tuesday 5 November 2013

ရွှေမန္တလေး

ကျွန်တော်တို့ ငယ်ငယ်က
စက်ဘီးစီးတဲ့ မြို့က
အခု- စက်ဘီးမစီးတော့ဘူး

မြို့လည်ခေါင်ကလူတွေ
အသား အရေတွေ ပိုပိုဖြူလာတယ်
မြို့တွင်းလမ်း ၀ါတွင်း ပိဏ္ဍပတ်ဆွမ်းနဲ့
နံက်ခင်းတိုင်း
ကြားနေကြ သာဓုသံက
ဟို- အရင်လို မဝေမစီ မပီမသ
မြို့သစ်တွေဘက်မှာ ဝေစီကျ

အောင်ပင်လယ်တစ်ဝိုက်
ကျယ်ပြောတဲ့ လယ်ကွင်းတွေလဲ
လေကောင်းလေသန့်နဲ့ ဝေးတဲ့ အရပ်ဆီ
ရွက်လွှင့်ကြ

ကျွန်တော်တို့ ငယ်ငယ်က
ငုံ့ကြည့်ဖူးတဲ့
ဧရာဝတီ
အသက်ရှူမ၀တစ်ဝနဲ့
ရစ်ခွေလို့ စီးဆင်းလို့

ကျွန်တော်တို့ ကြီးပြင်းခဲတဲမြို့ဟာ
ကျွန်တော်တို့ အပေါ်မှာ သူစိမ်းတရန်ဆန်ဆန်
ဈေးတွေကြေးတွေ အဆမတန်တင်လို့

ဟော အခုနောက်ဆုံး
ကျွန်တော်တို့မှာ
ရွှေနန်းတော်နဲ့ ကျုံးရေပြင်နဲ့
မန္တလေးတောင်တော်ကြီးနဲ့
ဈေးချိုတော်နဲ့ နာရီစင်နဲ့
ဘူတာကြီးနဲ့
ဖုတ်လှိုက်ဖုတ်လှိုက်နဲ့
အသက်ရှူနေရတာကိုပဲ
ကျေးဇူးတင်လို့ မဆုံး ။ ။

အောင်မိုးသစ်

ချက်ချင်း နိုးထပါ


Monday 4 November 2013

အငွေ့ပျံခြင်း (၃၁)

ဘ၀နဲ့ ဆန္ဒ တစ်ထပ်တည်းကျရဲလောက်အောင်
သတ္တိမရှိသေးတော့
ကိုယ့်ကိုယ်ကို ရစ်တွယ်နေရ
ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတဲ့
ရိုးသားမှုကလွဲပြီး
မရိုးသားတွေများခဲ့ရ
ဘ၀တဲ့ ခါးတယ် ချိုတယ်
ချိုတယ်ခါးတယ်
မမြည်းစမ်းအားဘူး
တက်နဲ့လှော်လိုက်
လက်နဲ့လှော်လိုက်
လှော်ရင်းနဲ့ နစ်လိုက်
နစ်ရင်းနဲ့ ပြန်တက်လိုက်
ရက်ကန်ရက်ကန်ပါပဲ
ကော်ဖီတွေ မခါးပဲ
ဘ၀ကသာ ခဏခဏ ခါးခဲ့ရ
ဒုက္ခ၀ဲဂယက်ထဲမှာ ထုသားပေသားကျ
ငယ်ငယ်တုန်းကတော့
အမေကပြောပြဘူးရဲ့
ဘ၀ဆိုတာ တိုက်ပွဲတဲ့
အခုတော့
ဘ၀က တိုက်ရင်းနဲ့
ခဏခဏ လွဲနေပြီး
တိုက်စားခြင်းခံနေရပြီ မေမေ။ ။

အောင်မိုးသစ်

ဇွဲနဲ့လှမ်း