Tuesday 24 December 2013

ဝန်ထုပ် ၀န်ပိုး( သို့ ) ၀ဋ်ထုပ် ၀ဋ်ပိုး

သူ့ကို ငါက မပစ်ရက်လို့ သယ်လာခဲ့တယ်
တဖြေးဖြေးနဲ့ ပိုပို လေးလာပေါ့
လေးလွန်းလို့ ပစ်ခဲ့မယ်ကြံပြန်ရော့

အကြာကြီးသယ်လာပြီးမှ
ပစ်ခဲ့ရမှာ နှမြောစရာ
နှမြောနေရင်းနဲ့ ဆက်သယ် ဆက်သယ်
ဆက်သယ်လာ

ဆက်သယ်ရင်းနဲ့ ပိုပိုလေးလံလာ
အခုလို သယ်လာတာဟာ သံသရာတွေ
ဘယ်လောက်လည်လို့ လည်မှန်းမသိ
ကြာလေ ကြာလေ လေးလံလှတော့၏ ။ ။

ရွှေမန်းသား အရွင္အကုၤရ

No comments:

Post a Comment