ရှေ့ကိုလှမ်းတဲ့ ခြေလှမ်းတွေက
ခဏခဏ နောက်ကြောင်းတွေသတိရ
ရောက်အောင် မသွားသရွေ့
ဝေးနေတဲ့ ခရီး
နီးနီးလေးလေးတော့မဟုတ်ဘူး
သွားရင်းနဲ့ ရှေ့မရောက်
လျှောက်ရင်းနဲ့ လဲကျ
ခဏခဏ အဲဒီလို။
ရှေ့ရောက်ဖို့ လျှောက်ပါတယ်ဆို
ငါ့စိတ်နဲ့ ငါကိုယ်
ဘာလို့ အလိုမတူပဲ ခဏခဏ
ကွဲလွဲနေတာလဲ ။
ငါ့ကိုယ်ငါ ချစ်မှ
ငါတို့ရဲ့အချစ်တွေကို စွန့်လွတ်နိုင်ကြမပါ့ ။ ။
အခုကြတော့
ငါ့ကိုယ်ငါ ချစ်ဖို့မေ့
တွေ့တွေ့သမျှ
ဟိုလူ့ကို ချစ်လိုက်ရ
ဒီလူ့ကို ချစ်လိုက်ရ
အ၀ိဇ္ဖာကြီး ကာဆီးလို့
ချစ် ချစ် -- ချစ်လိုက်တိုင်း
လွမ်းလွမ်းနေရ ။
ကွယ် ဖြစ်ချင်စမ်းသပ
ဘယ်ပေတန်နဲ့မှ တိုင်းတာမရ
ဘယ်သမုဒယနဲ့ ခြည်နှောင်မရ
လွတ်လွတ်ကင်းကင်း
ဟိုး -- ကောင်းကင်က
လတစ်စင်းလို လင်းလင်သာပြ
တစ်ကိုယ်တည်း အေးချမ်းလှ ။
သစ္စာရှာဖို့ မြင်းစီးသူအကြောင်း
ချုပ်ရိုးကြောင်း အထပ်ထပ်နဲ့
ဦးနှောက်မှာ ချုပ်သီခဲ့
ဒါပေမယ့်
ငါ့နှလုံးသား
သစ္စာရှာဖို့မပြောနဲ့
ခရီးဝေးဝေး နှင်နေရင်းလဲ
ငါ့အိမ်ကို သတိရ
ငါ့အိမ်ထဲမှာ နေနေ ရင်းလဲ
ငါ့အိမ်လေးကို နှမြောလှ ။
ဒီလိုဘ၀ ဒီလိုနဲ့ မလှ
ကျလိုက် ရှုံးလိုက်၊ ကုန်းလိုက် ထလိုက်
ရေပေါ်ဆီနဲ့ မုသားနှုတ်ဖျား
ဓားသွားထက်က ပျားရည်စက်များကြား
ငါဟာ လမ်းသလား ။
တရားမတွေ့
အမှားဝေ့
အများဓလေ့မှာ
မွှေ့မွှေ့ပျော်ပျော်
သူတော်ကောင်းဆိုတဲ့
တံဆိပ်တစ်ခု တပ်ဖို့အတွက်
ငါ့ကိုယ်ငါ ချစ်ကြည့်ရဦးမယ် ။ ။
ရွှေမန်းသား
https://www.facebook.com/
http://
No comments:
Post a Comment