Friday 6 June 2014

ဧည့်သည်

 တစ်ချို့က ခဏလေးနဲ့ ခင်ပြီး ခဏလေးနဲ့ လက်ပြနှုတ်ဆက်သွားကြတယ်
ဒါလဲ ဧည်သည့်
တစ်ချို့ကြတော့ အမြဲတမ်းခင်ပြီး အမြဲတမ်းကြင်နာကြတယ်
ဒါလဲ ဧည့်သည်
တစ်ချို့ကြတော့ ခင်လဲ မခင် သိလဲမသိ သတိမမူပဲ
ပိုနေမြဲ ကျားနေမြဲ နေလာကြတယ်
ဒါလဲ ဧည့်သည်
တစ်ချို့ကြတော့ တကယ်ခင် တကယ်ကြင်မယ် ထင်ကာမှ
အထင်နဲ့ အမြင်မှား လမ်းခွဲစကားဆိုကြတယ်
ဒါလဲ ဧည့်သည်
တစ်ချို့ကြတော့ အတူနေ အတူစား အတူသွား အတူလာ
နှစ်ယောက်တစ်ကိုယ် လိုတာတွေဖြည့် ပိုတာတွေကိုလဲ အမှားမတွေ့အောင် ကွေ့ရှောင်
ချစ်ချစ် ခင်ခင်ကြင်ကြင်နာနာ နေလာကြတယ်
ဒါလဲ ဧည့်သည်
ဘာပဲ ပြောပြော
သန္တိသုခ အစစ်အမှန် ရဖို့ရန် အကြောင်းကံဝေးနေသမျှတော့
ဘေးတွေတွေ့နေရဦးမယ်
ဆွေးမပြေတွေးနေရဦးမယ် အဝေးကနေလဲ ခင်တွယ်
အနီးကနေလဲ ခင်တွယ်
တကယ့် တကယ်တော့
 ငါလဲ ဧည့်သည် ။ ။

သစ္စာမိုးဝေ

No comments:

Post a Comment