Friday 13 June 2014

တောက်



ဘ၀ဆိုတာ
ပန်းပင်လေးတွေလို မဟုတ်
စိုက်ကြဲချတဲ့ အပင်က စိမ်းချင်မှ စိမ်း စိုချင်မှစို
မစိုက်ကြဲချတဲ့ အပင်က စိမ်းချင်စိမ်း စိုချင်စို
ကိုယ်လိုချင်သလို
ဘယ်ဖြစ်ပါ့မလဲ ညီမလေးရယ်

တစ်ခါ တစ်ခါကျ တောက်ခေါက်တာနဲ့
ကျေနပ်လိုက်ရ
တစ်ခါတစ်ခါကျ ဘ၀တစ်ခုလုံး တောင်
ထိုးကျွေးလိုက်ရ

တစ်ခါတစ်ခါကျ ငါ့တို့ရဲ့ ဘ၀တွေက
မြေနိမ့်ရာ လှံစိုက်ခံရ
နူရာလဲ ၀ဲစွဲ
လဲရာလဲ သူခိုးထောင်း အခံရနဲ့
ကယ်သူမယ့် ကွယ်သူမယ့်
အို- သစ္စာတရား သင်ကား စိမ်းကား လှချေတကား

ဒီလိုနဲ့ ဟိုလိုနဲ့ ဟိုလိုနဲ့ ဒီလိုနဲ့
မျှောင်လင့်ရင်းငေး
အဝေးက သြဥသံ အဆွဲ
ကျမ်းဂန်ထဲက သစ္စာတရားကို ယုံစားရင်း
ဘ၀ဆိုတာ တိုက်ပွဲတဲ့လား
တောက် ။ ။

No comments:

Post a Comment