Thursday 12 June 2014

ပတ်သက်မှု


ချစ်ခြင်း မေတ္တာတရားသည်
သူနှင့် သဟဇာတ မမျှလေသော အရပ်မှ
တိတ်တဆိတ်
ထွက်ခွါသွားလေသော အခါ
ဘာမဆိုင် ညာမဆိုင်
နှလုံးသား လေးခမျာ
တသိမ့်သိမ့် လောင်ကျွမ်းကာ
ငိုကြွေးနေလေ၏ ။ ။

သစ္စာမိုးဝေ

No comments:

Post a Comment