Tuesday 1 July 2014

သင်္ခါရ



ကိုယ်ရောက်ရာ အရပ်က
မင်းဆီကို ဖုန်းခေါ်မယ်
လိုင်းကောင်းတာ မကောင်းတာ အသာထား
မင်းကြားနိုင်လောက်တဲ့ အသံနဲ့
ကိုယ်အော်ခေါ်မယ်

ဟလို ကြားလား ဟလို ကြားလား
ကြားနေကြ အသံထက် ညင်သာတဲ့ အသံနဲ့
လေဟုန်စီး ခရီးနှင်ရင်း
မင်းဆီကို ချင်းနင်းဝင်ရောက်လာမယ့် ကိုယ့်အသံ
ကျေနပ်စွာ လက်ခံပေးပါ

ဘာပဲ ဖြစ်ဖြစ် ကိုယ်လာခဲ့မယ်
ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကိုယ်ရှိနေပေးမှာ
ဘယ်နေရာပဲ ဖြစ်ဖြစ် ကိုယ်အရောက်လာခဲ့မှာ
မင်း ဘယ်ကိုမှ ထွက်မပြေးနဲ့နော်

ရော့ ဟောဒီမှာ မင်းအတွက်လက်ဆောင်
ရွှေရောင်ပျော့ပျော့ အညိုတစ်ကျော့ အဖြူတစ်ကျော့ ခပ်သော့သော့
မင်းခေါင်းမှာ အစဉ်တစိုက် ပန်ဆင်ထားလိုက်ကွယ်။

ရော့ ဟောဒီမှာ မင်းအတွက် သစ္စာ
မင်းဟာ ငါမဟုတ် ငါဟာ မင်းမဟုတ်
ခဏမဟုတ် ထာဝရသရုပ်
ဟုတ်လို့ပဲ မှန်မှန် မဟုတ်လို့ပဲ မှန်မှန်
တကယ့်သရုပ်သကန်က ရုပ်နဲ့နာမ်

ပြန်ပြောခွင့်မပြု
လှန်လှောချင့် ရှု
သမုတိကို သတိမရ
လူ့အရှိကို တထိတရှ ကြည့်ကြရရင်
မင်းရော ငါ ပါ
အို-------- မမြဲခြင်းမှာ သင်္ခါရာ။

No comments:

Post a Comment