Wednesday 9 July 2014

ရထား

ရှေ့ဆက်တိုးဖို့ ခက်နေပြီလား
ဘ၀ တိုတောင်းလွန်းလှ
ဒုက္ခကြ ရှည်လျှားလွန်းတယ်
တစ်ခါ နှစ်ခါ ချော်လဲတာက
ပြန်ထလို့ ရသေးတယ်
ခဏခဏ ချော်ကျ
ခဏခဏ အမောဖောက်

တစ်ယောက်နဲ့ တစ်ယောက်
နားလည်ခြင်းဟာ နားမလည်တော့
တစ်ဖက်နဲ့ တစ်ဖက် အပစ်အခတ်တွေ
ရပ်ဆဲနေပါရက်နဲ့
ဘာဖြစ်လို့ သေနတ်ထဲမှာ ကျည်တောင့်ထိုးထည့်နေတာလဲ

မယုံကြည်သေးဘူးလား ကွယ်
ရင်ခုံသံကို မှန်အောင်ဖတ်ဖို့
နီးကပ်နေမှ ဖြစ်တာလား
ရင်ချင်းအပ် ကျောချင်းကပ်
ဘ၀မှာ အမှတ်တရများစွာ
မလိုပါဘူး

မင်းရင်ထဲမှာ ရှိတယ် မရှိဘူး
သိတယ် မသိဘူး

 မရူး မမိုက်နဲ့
 အလံဖြူတစ်ချောင်း   စိုက်လိုက်ပါ ။

သစ္စာမိုးဝေ

No comments:

Post a Comment