Thursday 29 January 2015

အန္နမလိုင်း ယူနီဗာစတီ နဲ့ မြန်မာရဟန်းတော်များအတွက် Ph.D


×××××××××××××××××××××××××××××××××××××××××××
သူငယ်ချင်း ဘုန်းတော်ကြီးတစ်ပါးက ငါ့ရှင်တို့ တက်နေတဲ့ ကျောင်းအကြောင်း ရေးပါဦးတဲ့၊ မအားလပ်လို့ အကြားဖြတ်ထားတဲ့ စာကြွေးတွေကိုရေးချင်တာပ၊ ရေးချင်လွန်းလို့ ဖိုးရေချင်ကိုဖြစ်လို့၊
ကျောင်းအကြောင်းကတော့ လောလောဆယ် အခြေနေအရ “မပြောချင်ဘူး၊ ပြောကို မပြောချင်ဘူး မောင်ဝင်းဦးရေ ပြောကို မပြောချင်ဘူး”လို့ ပြောရမလိုဖြစ်နေပြီ၊

ဖြစ်ပုံက ဒီလိုပါ
ဒီကျောင်းက စည်းကမ်းအရ Ph.D ပရိုဂမ်က သုံးနှစ်ပေါ့၊ သုံးနှစ်ပြည့်ရင် ကိုယ့်ကို ဂိုက်လိုင်းပေးနေ တဲ့ စူပါဗိုက်ဆာနဲ့လဲ ပုလဲနံသင့်လို့ ရှောရှောရှူရှူ ဖြစ်ခဲ့ ရင် ကိုယ်ကလဲ ၀ီရိယစိုက်ပြီး ရေးနိုင်ခဲ့ရင် ကိုယ်ရေးတဲ့ ကျမ်းတင်ခွင့်ရတာပေါ့၊ အခုလောလောဆယ်တော့ ဒီနှစ်ထဲမှာ ကျမ်းတင်ရမယ့် ငါးပါးက
သုံးပါးက ရှောရှောရှူရှူ တင်ပြီးသွားပြီ၊ ဒါတောင် တစ်ပါးက မြန်မာပြည်ပြန်ရောက်သွားမှ သုံးနှစ်ပြည့်ပြီး

သုံးရက်လွန်နေတာကြောင့် နောက်ထပ် ကျောင်းဖီးကြေး ထပ်သွင်းဆောင်ပေးရမတဲ့ ခက်ခက်ချေဘူးလား၊ သုံးရက်လွန်တာနဲ့ တစ်နှစ်စာ ထပ်ဆောင်ပေးရတာပ၊ သူ့ကျောင်းတက်နေတော့ သူ့စည်းကမ်းပေါ့လေ၊
နောက်ထပ်နှစ်ပါးကတော့ သူ့တို့ဆရာဂိုက်က အရစ်ရှည်နေလို့ မကြာသင့်ပဲကြာ ကျမ်းစာအုပ်ကြီးတွေ ချုပ်ပြီးတဲ့အခါမှ တစ်ခါ တစ်ကနေပြန်စရမလိုတွေဖြစ်လို့ပေါ့၊ အခုနှစ် တက္ကသိုလ်က စည်းကမ်းအရက

ph.D ကျမ်းတွေကို အင်တာနက်က ခိုးကူးတာ၊ တခြားကျမ်းက ကူးချတာတွေကို ခွင့်မပြုဘူး၊ ကူးယူချရင် ကူးချတာကို သိအောင် ဆော့ဝဲနဲ့ စစ်မယ်ဆိုတဲ့ အစီ အစဉ်က ၀င်ပါလာတော့ အဲဒါနဲ့ သွားပြီး ငြိနေတော့ မတင်ဖြစ်သေးပဲ အစက ပြန်စစ်ရမလိုလို၊ တင်ရမလိုလိုတွေဖြစ်လို့၊ အမှန်ဆို ဆရာသာ အရစ်မရှည်ရင် ( ၁၅.၁.၂၀၁၅) မှစပြီး စစ်ဆေးမယ့်

ဒီဆော့ဝဲ ပြဿနာက ပြေလည်နိုင်တာပေါ့၊ အခုတော့ အခုတော့ မြကြိုးရှက်နွယ် လှမျိုးယှက်ကာ စိမ်းလေသူရယ်ကို ဖြစ်လို့ပေါ့၊

ခင်များတို့ ဆော့ဝဲက စစ်မယ်ဆို အခုစစ်ဗျာ။ ကျုပ်တို့က မြန်မာပြည် ပြန်ရဦးမှာ ဆိုတော့လဲ အဲဒီအစဉ်က စည်းကမ်းဆွဲထားပေမယ့် အဆင်သင့်မဖြစ်သေးဘူးတဲ့ဗျာ၊ ကဲ ကောင်းကြသေးရဲ့ လား၊ ကုလားပြည်မှာ ကျောင်းတက်ရတာတွေက အဲဒိလို ဒုက္ခတွေက ဒုနဲ့ဒေးပါ၊ ဖိုက်မိနစ် ဆိုရင် စောင့်လေရော့ လေးငါးနာရီလောက်၊ တူမောဒိုးရင်တော့ နှစ်ရက်သုံးရက်ကြာတတ်ရဲ့၊ သူတို့ပြော လိုက်ရင် နိုပရောဗလင်၊ ရဲဗရီးသင်း အိုကေ၊

ဒီဘက်က မြန်မာကျောင်းသား ရဟန်းတော်တွေမှာ မအိုကေတာကြတော့ ထည့်မတွက်မိ လေသလားပဲ၊ တစ်လတစ်လ နေစရာအဆောင်ကြေး၊ စားစရိတ်၊ ကျောင်းလခ သုံးနှစ်လို့ စကေးချ ထားခဲ့ရင် “ သားမှားပြီ မေမေရဲ့” လို့ ငြီဆိုရမလိုပါပဲ၊
ဘာပဲဖြစ်ဖြစ် မဇ္ဈိမပြည်ကြီးဆီကို ကျောင်းလာတက်မယ့် အရှင်မြတ်နောင်တော် ညီတော် များကို လက်တွေ့ အဖြစ်အပျက်တွေကနေ သင်္ခန်းစာယူပြီး မှာလိုက်ပါရစေ၊ အိန္ဒိယသားတို့ရဲ့ ဒဏ်ကို ခံနိုင်ပါမှ၊ ဂျပါတီ ပူရီကို စားနိုင်မှ တစ်ခါတစ်ခါ မဇ္ဈိမ နေ့လည်စာအချိန်ရောက်မှ ဆွမ်းဘုန်းနိုင်ပါမှ၊ သုံးနှစ်ကျောင်းဖီးကြေးကို လေးနှစ်လို့ အတွေးပွားထားနိုင်မှ၊ မဇ္စိမက တက္ကသိုလ်တွေဆီ ပညာသင်ကြားဖို့ အပြေးကလေးနဲ့ တွေးတွေးပြီးလာကြပါလို့ အကြံပြုလိုက်ပါ ရစေ၊ ။

( ဒုက္ခတွေက ပြုံးပြတတ်ရင်တော့ ထင်သလောက် မဆင်းရဲပါဘူးဗျာ၊ ချွေးထွက်များမှ သွေးထွက်နည်းမည် ပေါ့ မဟုတ်ဘူးလား ဒီလိုပဲ ပေါ့ပေါ့ပါးပါး ကျော်ဖြတ်ကြတာပေါ့၊ ။)

 ရွှေမန်းသား အရှင်အင်္ကုရ

No comments:

Post a Comment