Wednesday, 18 July 2012

မန္တလေးကို လွမ်းတဲ့ည

မန္တလေးကို လွမ်းတဲ့ည

ခံစားချက်တွေနဲ့
ညညထမက်တဲ့ အိပ်မက်တွေထဲမှာ
ဟောဒီလို
ထီးနဲ့နန်းနဲ့ကြငှန်းနဲ့ နေခဲ့တဲ့ ကျုံးမြို့ရိုးကြီးပါတယ်
အတိတ်က ငါနေခဲ့တဲ့ မန္တလေးဟာ
ခုထက်ထိ ငါ့ရင်ဘတ်ထဲမှာ
နွေးနွေးထွေးထွေး ဖွေ့ဖက်နေဆဲ
အဲဒီ ငါနေခဲ့မန္တလေးမှာ
ငါ ကျောင်းတက်ခဲ့တဲ့
နပသကျောင်းတော်ကြီးပါတယ်။
မနက်ပိုင်း ဆောင်းတွင်းတွေမှာ
အချုပ်တန်းဆရာဖေရဲ့ မန္တလေးဆောင်းရနံ့အတူ
လမ်းလျှောက်ဖူးတဲ့
ဟော ဒီကျုံးဘေး ပလက်ဖောင်းတွေပါတယ်၊
စာကျက်ရင်း ခရေပန်းတွေ သွားကောက်ဖူးတဲ့
ကုသိုလ်တော် ဘုရားဝင်းထဲက
ခရေပန်းခြောက်လေးတွေပါတယ်၊
အင်္ဂလိပ်စာတွေ ဒွတ်ဒက် ရွတ်ရှက်လုပ်ဖို့
ကျောင်းပိတ်ရက်တိုင်း ခဏခဏတက်ဖြစ်ခဲ့တဲ့
ဟော ဒီမန္တလေးတောင်ကြီးပါတယ်၊
ခေတ်မီစစ်လက်နက်တွေ
အကြောင်းဖတ်ရတိုင်း ခေတ်နောက်ကျနေတဲ့
မန္တလေးအတွက် စိတ်မကောင်းဖြစ်မိရင်
ခဏခဏ သွားကြည့်ဖြစ်တဲ့
စန္ဒာမုနိဘုရားဝင်းထဲက
ကနောင်မင်းသားကြီး အုတ်ဂူပါတယ်၊
သီပေါမင်းနဲ့ စုဘုရားလတ်အကြောင်း
သတိရတိုင်း
ခဏခဏ သွားဖြစ်တဲ့
ဧရာဝတီမြစ်ကြီးနဲ့ ဂေါဝိန်ဆိပ်ကြီးပါတယ်၊
ခုလို အဝေးမှာရောက်နေတဲ့ အချိန်
ငါ့အမိတက္ကသိုလ်ကြီးကို သတိတရစိတ်နဲ့
ဟောဒီလို အိပ်မက်တွေနဲ့
ဝေေ၀လာတဲ့ ညတိုင်းမှာ
ကြယ်တွေမကြွေခင် ဆုတောင်းဖြစ်တာက
ငါနေခဲ့ မန္တလေး ကျန်မာချမ်းသာပြီး
နေကောင်းပျော်ရွှင်ပါစေ။ ၊


ရှင်အကုင်္ရ (ရွှေမန်းသား)
သာသနတက္ကသီလာဓမ္မာစရိယ၊ B.A( Hons) M.A(thesis) M.A( Sri lanka)
Ph.D ( research) Annamalai University. India.

 

No comments:

Post a Comment