Friday, 20 July 2012

ကံမကုန်လို့ ပြန်ဆုံခဲ့ကြရင်



သိပ္ပံပညာရှုထောင့်က ကြည့်ရင် ကမ္ဘာကြီးဟာ လည်နေတာပါတဲ့၊ အဲဒီလည်နေတဲ့ ကမ္ဘာကြီးထဲမှာ သက်ရှိတွေကော သက်မဲ့တွေကောနေထိုင်ကြပါတယ်၊ သက်ရှိတွေက တော့ အများဆုံးနေထိုင်ကြတာပါ၊ သက်ရှိတွေဟာ ကံကောင်းထောက်မစွာနဲ့ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြရပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက်ရင်းနှီး ခင်မင်ကြတယ်၊ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ပြီး အတူနေထိုင်ကြရတယ်၊

  တစ်ချို့များကြတော့ အသက်ထက်ဆုံး အတူတကွပေါင်းသင်းပြီး တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကဖြေရှင်းပေးပြီး တစ်ယောက်ရဲ့အားငယ်မှုကို တစ် ယောက်ကနှစ်သိမ့်ပေးရင်း ရာသက်ပန်ရိုးမြေကြနေထိုင်သွားကြတယ်၊
တစ်ချို့ကအချိန်တိုလေးအတွင်းမှာတွေ့ပြီး အချိန်တိုလေးအတွင်းမှာ ကံဆိုးစွာ ကွဲကွာ သွားကြတယ်၊ ကွဲကွာသွားကြတဲ့ သူတွေဟာ တစ်ချိန်ချိန်တစ်နေရာရာမှာ ပြန်တွေ့ တတ်ကြပါတယ်။ ဘာကြောင့်လဲဒီလိုတွေ့ကြသလဲဆိုရင် ကမ္ဘာကြီးကလည်နေလို့ပေါ့၊
ဒါမှမဟုတ် ကံမကုန်ကြလို့ပေါ့၊

အဲဒီလိုကံမကုန်လို့ ပြန်ဆုံဖြစ်ခဲ့ရင် တစ်ယောက်နဲ့တစ်ယောက်ပြုံးပြနိုင်အောင် ဘာတွေ လုပ်ကြမလဲ
(၁) သူ့ကို နေ့စဉ်နေ့တိုင်းမေတ္တာပို့ပေးပါ၊
(၂) သူ့ကို တတ်နိုင်သမျှနားလည်ခွင့်လွှတ်နိုင်အောင်ကြိုးစားပါ
(၃) သူ့ကို တတ်နိုင်သမျှ သတိရကြောင်းစားလေးတွေရေးပို့ပေးပါ၊
(၄) သူ့ကိုတတ်နိုင်သမျှ သူမကောင်းကြောင်းတွေကို ဘေးမှာမပြောမိအောင်စောင့် စည်းပါ၊
(၅) သူ့ကိုတတ်နိုင်သမျှ ကံမကုန်လို့ ပြန်ဆုံဖြစ်ခဲ့ကြရင် တစ်ယောက်နဲ့ တစ်ယောက်ပြုံး ပြနိုင်ဖို့ ကြိုးစားပါ၊

ဘာကြောင့် ဒါလေးတွေကိုရေးပြရသလဲဆိုရင် အဖက်ဖက်က ရိုးယွင်းပျက်ဆီးလာနေ တဲ့ ဒီလောကကြီးထဲမှာ လူတိုင်း၊သက်ရှိတိုင်းလိုအပ်နေတာက ရွှေတွေငွေစတဲ့ တန်ဖိုးရှိ တဲ့အရာတွေမဟုတ်ပါဘူး၊ နားလည်ခွင့်လွှတ်မှု မေတ္တာတရားဖြစ်နေလို့ပါ၊

စာဖတ်သူလဲ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားတဲ့ချစ်သူ၊ သူငယ်ချင်းမိတ်ဆွေ တွေနဲ့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကံမကုန်လို့ပြန်ဆုံဖြစ်ကြရင် ဘယ်လိုအပြုံးမျိုးနဲ့ သူ့ကိုနှုတ်ဆက်မလဲ၊ မေတ္တာနဲ့လား ဒေါသတရားတွေနဲ့လား စဉ်းစားကြည့်စေချင်ပါ တယ်၊ သူနဲ့ကိုယ်နဲ့က ဘယ်တော့မှ ပြန်မဆုံတော့ဘူးလို့တော့ မတွေးလိုက်နဲ့နော် ဘာကြောင့်လဲဆိုရင် ကမ္ဘာကြီးကလည်နေလို့ပါ၊ ဒါထက် တရားသလောကျကျပြောပြရ ရင် သံသရာကြီးက နိဗ္ဗာန်မရမချင်း မရောက်မချင်းလည်နေဦးမှာမို့ပါ၊

ဒါကြောင့် ကံမကုန်လို့ ပြန်ဆုံဖြစ်ခဲ့ရင်-------------------------------။  ။

ရွှေမန်းသား (အရွင္အကုၤရ)

 

No comments:

Post a Comment