အင်း ဆရာတော်
တစ်ခါတုန်းက ရွာတစ်ရွာရဲ့ရွာဦးကျောင်းမှာ အလွန်းအေးတဲ့ ဦးသုမနဆိုတဲ့ဦးဇင်းလေးတစ် ပါးရှိပါတယ်၊ ဦးသုမနက ဘယ်လောက်အေးသလဲဆိုရင် တစ်နေကုန်နေလို့ စကားဆယ်ခွန်းပြည့် အောင်ပြောတာ မဟုတ်ပါဘူး၊ သူစိမ်းတွေမပြောနဲ့ သူ့အိမ်က အစ်ကိုတွေညီမတွေကိုတောင် စကားများများပြောတာ မဟုတ်ပါဘူး၊
တစ်ရက်တော့ ကျောင်းထိုင်ဆရာတော်ကြီးက ဦးသုမနကို မန္တလေးရွှေမြို့တော်ကြီးဆီ ပညာ သင်လွှတ်လိုက်ပါတယ်၊ ဒီလိုလွှတ်တာကို ကျန်တဲ့သူတော့မသိဘူး ဦးသုမနရဲ့ အစ်ကိုတွေညီမတွေက ၀မ်းသာကြတာပေါ့၊ သူတို့ဦးဇင်းမြို့ရောက်လို့ လူပေါင်းဆန့်သွားရင် လူရည်လည်လာမယ်၊ စကား တွေလဲ ဖောင်ဖွဲ့ပြောတတ်လာမယ်ဆိုပြီး အတွေးနဲ့ကို ပျော်နေကြတာ၊
ဒါပမဲ့ ဦးသုမနဟာ မန္တလေးရွှေမြို့တော်ကြီးမှာ သုံးနှစ်သုံးမိုးသာကြာလာတယ် ဒုံရင်းကဒုံရင်းပဲ ရွာပြန်လာရင် စကားများများမပြော တရားမဟောနဲ့ နကမ္ပတိတုဏှိဘာဝေ တေမိဖြစ်နေလေတော့ သူရဲ့အစ်ကိုတွေ ညီမတွေမှာ မှန်းချက်နဲ့နှမ်း ထွက်ကလွဲနေတော့ စိတ်ညစ်ကြရတာပေါ့၊ မြို့ရောက်လို့ လည်း ရွာကအိမ်ကို သတိရကြောင်း မာကြောင်းသာကြောင်းလည်း စာမလာသတင်းမကြားတော့ ပိုဆိုး တာပေါ့၊ ဒါနဲ့အိမ်မှာကျန်ခဲ့တဲ့ ညီမတွေက သူတို့အစ်ကိုဦးဇင်းကို စာတွေအများကြီးရေးအောင်ကြံပြီး
သတိရကြောင်း ကျန်းမာကြောင်းကို စာလုံးပေါင်းပြီး “ဦးဇင်းကျန်းမာရေး ကောင်းရဲ့လား၊ စာတွေ လိုက်နိုင်ရဲ့လား၊ ဆွမ်းကွမ်းရောအဆင်ပြေရဲ့လား၊ ဒကာဒကာမတွေကနဲ့ ဆက်ဆံရတာရောအဆင် ပြေတယ်မို့လား၊ ၀တ္ထုငွေရောလိုသေးလား” အစရှိတဲ့ မေးခွန်းပေါင်းများစွာကို စာနှစ်မျက်နှာအပြည့် ရေးပေးလိုက်ပါတယ်၊ ဒီလိုရေးမှ သူတို့အစ်ကိုက သူတို့ဆီကို စာအရှည် ကြီးပြန်ရေးမယ်ဆိုတဲ့အကြံ နဲ့လေ၊ ဒါပေမဲ့ သူတို့အစ်ကိုဦးဇင်းဆီက ပြန်စာလည်းလာရော၊ ညီမတွေခမျာ ရီရခက်ငိုရခက်နဲ့ ပန်လန်လက် ပက်လက်လန်သွားပါတယ်၊
ရေးထားတာကလည်းကြည့်ပါဦး တစ်မျက်နှာလုံးမှ“အင်း”ဆိုတဲ့ စာလုံးတစ်လုံး တည်းလေ၊အဲဒီအချိန်က စ ဦးသုမနလည်း “အင်း” ဆရာတော်ဆိုတဲ့ဘွဲ့ရသွားပါတော့တယ်၊
ရွှေမန်းသား (အရွင္အကုၤရ)
No comments:
Post a Comment