တွေ့ရကြုံရ တက္ကသိုလ် ကျောင်းသား ဘ၀ (၁၈)
မဟုတ်ဘူး ငါကမြန်မာ
တစ်ခါက
မြို့ပေါ်သို့တစ်ခေါက်တစ်ခါမှ မရောက်ဘူးသော တောသားဦလေးကြီး တစ်ယောက်သည်
မန္တလေးမြို့တွင် စာပေသင်ကြားနေသော သူသားဦးပဉ္ဇင်းနှင့် ဘုရား ဖူးရန်
မန္တလေးမြို့တော်ကြီးပေါ်သို့ အလည်အပတ်လိုက်လာလေသည်၊
မြို့ပေါ်ရောက်ပြီး
တစ်ရက်တွင် မန္တလေးမဟာမြတ်မုနိဘုရားကြီးသို့ ဘုရားဖူး သွားကြလေသည်၊
ဘုရားဖူးပြီးသောအခါ ဘုရားကြီးမြောက်မုခ်တွင်ရှိသော ရှမ်းခေါက် ဆွဲဆိုင်သို့
သူ့သားဦးဇင်းက သူ့ဒကာကြီးအား ရှမ်းခေါက်ဆွဲကျွေးရန်ခေါ်သွားလေ သည်၊
အားလုံးဆိုင်ရောက်၍
စားပွဲတွင်ထိုင်ကာ အသီးသီးကိုယ်ကြိုက်ရာအစားအစာ များကိုမှာကြလေသည်၊
အားလုံးအသီးသီးမှာပြီး၍ တောသားဦးလေးကြီးအလှည့် ရောက်သောအခါ
ဆိုင်ရှိစားပွဲထိုးလေးက “ဦးလေး ရှမ်းလား”ဟု မေးလိုက်ရာ၊
ဦးလေး
ကြီးအဖြေစကားကြောင့် စားပွဲထိုးကောင်လေးမှာ
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ် သွားရသည်၊ ဦးလေးကြီးအဖြေစကား အခြားမဟုတ်“
မဟုတ်ဘူး ငါက မြန်မာပါ”ဟူ၍ ဖြစ်တော့သည်။ ။
မဟုတ်ဘူး ကြွတ်ကြွတ်အိပ်နဲ့ထည့်ပေး
နောက်တစ်နေ့မနက်တွင်လည်း
ထိုဦးလေးကြီးအား မနက်စာစားရန် သူသားဦး ဇင်းက
ကျောင်းတိုက်အနိးမှစိန်မေတ္တာလ္ဘက်ရည်ဆိုင်သို့ခေါ်ဆောင်သွားလေသည်၊
ဆိုင်ရောက်၍
အားလုံးစားသောက်ပြီးကြသောအခါ ဦးလေးကြီးမှ စားပွဲထိုးလေးအား
“နောက်ထပ်အီကြာကွေး အလွတ်တစ်ပွဲပေးကွာ”ဟု မှာလေသည်၊ ထိုအခါ စားပွဲထိုး
လေးက“ပါဆယ်လား ဦးလေး”ဟု ပြန်မေးရာ၊ ဦးလေးကြီးအဖြေစကားကြောင့် ဘေးမှာ
ထိုင်ကာ စားသောက်ဘုန်းပေးနေသော စာသင်သားသံဃာများမှာ ပြုံးချင်စရာဖြစ်သွား
ခဲ့ရသည်၊ ဦးလေးကြီးဖြေလိုက်ပုံမှာ “မဟုတ်ပါဘူးကွာ
ကြွတ်ကြွတ်အိပ်နဲ့ထည့်ပေး” ဟူ ၍ဖြစ်ချေသည်။
ရွှေမန်းသား ( အရှင် အကုၤရ)
No comments:
Post a Comment