Saturday, 21 July 2012

စိတ်ဆိုသော စိတ်

တစ်နေ့ လ္ဘက်ရည်ဆိုင်တွင် ဒေါင့်ကျကျစားပွဲ၌ ထိုင်နေသော ပင်စင်စားကြီးနှစ်ယောက် စကားဖောင်ဖွဲ့နေကြသည်၊ သူတို့စကားတွေက စိတ်ဝင်စားဖွယ်ကောင်းနေ၍ အာရုံ စိုက်နားထောင်ဖြစ်သည်၊
  
  ပထမပင်စင်စား= ကိုယ်လူရ စိတ်ဆိုတာပြောရခက်တယ်ဗျာ
    ဒုတိယပင်စင်စား= ဘာလို့လဲ ကိုဘမော်
    ပထမပင်စင်စား=ကျုပ်တို့စိတ်တွေဗျာ ဖြစ်တာမဖြစ်တာနောက်ထား တွေးလိုက် ရင် အမေရိကိုလည်း ရောက်သွားတာပဲ၊ နောက် တိုကျိုဆိုလည်းရောက်သွားတာပဲ
   
ဒုတိယပင်စင်စား
=အဲဒါတော့ ဟုတ်တယ်ကိုဘမော်ရေ ဒီနေ့မနက်ခင်းကတောင် ကျုပ်တွေးနေသေးတာ ဒီနေ့မနက် ကိုဘမော်နဲ့တွေ့ရင် ကောင်းမယ်လို့ ၊ ဟော ခုဗျာ စိတ်ကူးထဲကအတိုင်း တွေ့နေရပြီ

    ပထမပင်စင်စား၊ အင်း  ဟုတ်တယ်ဗျာ ၊ တစ်ခါတစ်ခါ စိတ်ကူးထဲကအတိုင်း ဖြစ် ချင်ဖြစ်နေတတ်တာ၊ ကျုပ်ဖတ်ဖူးတယ်ဗျ ၊ စိတ်ဆိုတာဆန်းကြယ်တယ်တဲ့ ၊နောက် ပန်းချီဆရာနဲ့ တူသတဲ့ဗျ၊ နောက် အဘိဓမ္မာအလိုအရ စိတ်က တစ်ခုယုတ်ကိုးဆယ်ရှိ တယ်ဆိုပဲ၊ ဒါကိုအရပ်ထဲက မသိတဲ့သူတွေက ပြောင်သလိုနောက်သလိုနဲ့ဗျာ စိတ်တစ် ခု ရုပ်ကိုးဆယ်ရှိတယ်ဆိုပြီး အမှတ်မှားနေကြတာ၊ အမှန်က စိတ်တွေဟာရေတွက်ရင် အဘိဓမ္မာနည်းအရ စိတ်အကျဉ်း (၈၉)ပါးရှိတယ်ဗျ၊

    ဒုတိယပင်စင်စား=အကျယ်ကြတော့ရောဗျာ၊
    ပထမပင်စင်စား= အင်း အကျယ်က တစ်ရာနှစ်ဆယ့်တစ်ပါးရှိတယ်လေဗျာ၊ ဒိလို သိနေတာကလည်း အဘိဓမ္မာသင်တန်းတက်ထားတဲ့ ကျေးဇူးတွေကြောင့်ပေါ့ဗျာ၊
ဒုတိယပင်စင်စား
= ဒါဆိုရင်တော့ ကျွန်တော်လည်း အဘိဓမ္မာသင်တန်းတက်ဦးမယ်ဗျာ

    ပထမပင်စင်စား= ကဲ ကိုယ့်လူရေ နေတောင်တော်တော်မြင့်လာပြီ ပြန်ဦးမှနဲ့တူ တယ် အိမ်ကမြေးတွေအတွက် အီကြာကွေးပါဆယ်ဆွဲသွားရဦးမယ်၊ အငယ်မလေးက အပြင်သွားရင် တစ်ခုခုပါလာမှဗျ၊ မပါလာရင် တစ်နေကုန်ဂျီကျနေတော့တာ၊

    ဒုတိယပင်စင်စား= ကဲကဲကိုဘမော်ရေ နောက်ကြနေဦးမယ်၊ ပြောရရင်တော့  ဒါလေးတွေဟာလည်း ခင်များဆွဲထားတဲ့ပန်းချီကာားလေးတွေမဟုတ်လားဗျာ၊
    ပြောပြောဆိုနဲ့ ပင်စင်စားကြီးနှစ်ယောက်သည် လ္ဘက်ရည်ဆိုင်အတွင်းမှ တဖြေး ဖြေးခြင်းထွက်သွားကြလေသည်၊


သူတို့ထွက်သွားပေမဲ့ စာရေးသူအာရုံမှာ သူတို့တွေးပြီးပြောနေသော စကားရေစီး ကြောာင်းတွင် ဆက်မျောနေမိသည်၊ နောက်ဆက်၍ ညောင်တုန်းဆရာတော်ဦးဇောတိ ကရဲ့ စိတ်နဲ့ပတ်သက်တဲ့ လင်္ကာလေးတွေက ခေါင်းထဲအလိုလိုရောက်သည်၊


    ၁။ အရေးမလှ ၊ တွေးသမျှ

    ဆွေးရတာလဲ ၊ ဒီစိတ်ပဲ။

   

    ၂။ တရားမ၀င် ၊ အများပင်၊

    မှားချင်တာလဲ ၊ ဒီစိတ်ပဲ၊

   

    ၃။ နှလုံးမ၀င် ၊ မပြုံးရွှင်

    မုန်းချင်တာလဲ ၊ ဒီစိတ်ပဲ၊

   

    ၄။ အကန်းအသွင် ၊ အရမ်းနှင်၊

    ကြမ်းချင်တာလဲ ၊ ဒီစိတ်ပဲ၊

   

    ၅။ အပြုအပြင် ၊ လူ့တစ်ခွင်၊

    နုချင်တာလဲ ၊ ဒီစိတ်ပဲ၊

   

    ၆။ အပြစ်မမြင် ၊ အနှစ်တင်၊

    ချစ်ချင်တာလဲ ၊ ဒီစိတ်ပဲ၊

   

    ၇။ ကာမဂုဏ်တွင် ၊ အာရုံဝင်၊

    ပျော်ချင်တာလဲ ၊ ဒီစိတ်ပဲ၊

   

    ၈။ သာသနာကို ၊ မကြည်ညို၊

    တွန့်တိုတာလဲ ၊ ဒီစိတ်ပဲ၊

   

    ၉။ ဒါန သီလ သမထ၊

    ပြုကြတာလဲ ဒီစိတ်ပဲ။

   

    ၁၀။ ဘာဝနာရုပ်နာမ် ၊ အမြင်သန်၊

    ကျင့်ကြံတာလဲ ၊ ဒီစိတ်ပဲ။

   

    ၁၁။ တစ်မဂ်တစ်ဖိုလ် ၊ ရက်တိုတို၊

    ရောက်လိုတာလဲ ၊ ဒီစိတ်ပဲ။

   

    ၁၂။ သတိဥာဏ်ယှဉ် ၊ သမ္ပဇဉ်၊

    သိမြင်တာလဲ ၊ ဒီစိတ်ပဲ၊

   

    ၁၃။ ဧငြိမ်းသုခ ၊ နိဗ္ဗာန်န

    မြင်ရတာလဲ ၊ ဒီစိတ်ပဲ၊
                    ရွှေမန်းသား ( အရှင် အကုၤရ) 

No comments:

Post a Comment