စာရေးသူကို တာချီလိတ်မြို့မှာတာဝန်ကျနေတဲ့ ဆရာမလေးမကေသီယဉ်က မေးခွန်း
လေးတစ်ခုမေးပါတယ်၊ မေးခွန်းလေးက အထူးဆန်းကြီးတော့မဟုတ်ပါဘူး၊ ဒါပေမဲ့
အဖြေပေးရမှာ ကြတော့ ချက်ချင်းကြီးကမလွယ်ဘူးဖြစ်နေပါတယ်၊ ဘာသာရေးနဲ့ပတ်
သက်တဲ့မေးခွန်းတွေဖြေရတာ
လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပါတယ်၊
ဆရာမလေးမကေသီယဉ်က ”သီလရှင်ဆရာလေး များကို လူသာမာန်ယောကျာ်းပုဂ္ဂိုလ် များက ရှိခိုးကောင်းပါသလား”လို့မေးပါတယ်၊
ဒီမေးခွန်လေးကိုမဖြေခင် ဆရာလေးတွေအကြောင်းကို
အရင်စဉ်းစားစေချင်ပါတယ်၊ ဆရာ လေးတွေဆိုတာ (၈) ပါးသီလကိုစောင့်ထိန်းကြတာပါ၊
(၈) ပါးသီလကိုစောင့် ထိန်းတယ်ဆိုရင် လူတွေ ထက် သီလတွေက (၃)
ပါးတောင်သာပါတယ်၊ သီလနည်းတဲ့သူနဲ့ သီလများတဲ့သူ ဘယ်သူကရှိခိုး
ဦးချသင့်သလဲဆိုတာ အဖြေကတန်းသိလွယ်ပါတယ်၊ ဒီအဖြေကိုမကျေနပ်သေးရင်၊ နောက်
အဖြစ် အပျက်လေးတစ်ခုကို ပြောပြပါဦးမယ်၊
တစ်ခါက သိကြားမင်းက
လူ့ပြည်ကိုလှမ်းမျှော်ပြီး ရှိခိုးဦးချနေပါ တယ်၊ ဒါကိုမြင်တဲ့ မာတလိက
အရှင်သိကြားမင်း ဘယ်ကိုများရှိခိုးနေပါသလဲလို့မေးတော့၊ မာတလိ
ငါလူ့ပြည်ကိုရှိခိုးနေတာပါလို့ ဖြေပါတယ်၊ ဒါကိုမကျေနပ်လို့ မာတလိက
အရှင်သိကြားရယ် လူ့ပြည်မှာ အရှင်သိကြားမင်း ရှိခိုးရမဲ့သူရှိလို့လားလို့
ပြန်မေးပါတယ်။ မာတလိတွက်တာက သိကြားမင်းဟာ နတ်ပြည်မှာ အကြီးဆုံး
အာဏာပါဝါအရှိဆုံးဆိုတော့ ဒီကမ္ဘာပေါ်မှာသိကြးမင်း အလေးထား ရှိခိုးရမယ့် သူ
မရှိဘူးလို့ထင် နေလောက်ပါတယ်၊ သိကြားမင်းဖြေတဲ့အဖြေလေးကိုကြည့်ရအောင်ပါ၊ “မာတလိ ရေ လူ့ပြည်မှာ သီလမြဲတဲ့သူတွေရှိတယ်လေ၊ ငါ အဲဒီသီလမြဲတဲ့ပုဂ္ဂိုလ်တွေကို ရှိခိုးနေတာပါ”လို့ပြောမှ မာတလိလည်း သဘောပေါက်သွားပါတော့တယ်၊
ဒီအဖြစ်ပျက်လေးစဉ်းစားကြည့်မယ်ဆိုရင် သီလရှိတဲ့သူကို
သိကြားမင်းက တောင်ရှိခိုးဦးချနေ ရင် သာမာန်သီလနည်းတဲ့သူက
ကိုယ့်ထက်သီလရှိတဲ့သူ မြတ်တဲ့သူကိုရှိခိုး သင့်တယ်ဆိုတာပေါ် လွင်နေပါတယ်၊
နောက်တစ်ခု သီဟိုဠ်ကျွန်းမှာ ဖြစ်ပြစ်ခဲ့တဲ့အကြောင်းလေးကို
ဆက်ပြောချင်ပါသေးတယ်၊ သီဟိုဠ်ကျွန်းမှာ တိဿဘုရင်ကြီးအုပ်ချုပ်နေတဲ့အချိန်က
ဖြစ်ပျက်ခဲ့တာပါ၊ ဖြစ်ပုံကဒီလိုပါ သက်တော် ရှည်မထေရ်ကြီးတစ်ပါးဟာ
ရဟန်းဖြစ်တဲ့နေကစပြီး သီလတွေလုံအောင်ထိန်းပြီး ဂူကြီးတစ်ခုထဲမှာ
တရားအားထုတ်နေပါတယ်၊ အဲဒီလိုအားထုတ်လာတာ နှစ်ပေါင်းကလည်းကြာလာတော့
မထေရ်ကြီး ရဲ့ ဂုဏ်သတင်းဟာ ဘုရင်မင်းတရားရဲ့
ရွှေနားတော်ထိပေါက်ရောက်သွားပါတယ်၊ ဒါနဲ့ ဘုရင်မင်း တရားလည်းနာမည်
ကြီးလွန်းလို့ လာရောက်ဖူးမျှော်ပါတယ်၊ ဖြစ်ချင်တော့ ဘုရင်မင်းတရားလာဖူးတဲ့
အချိန် ဂူတံခါးနားအရောက်မှာ မထေရ်ကြီးဟာ လေနာရောဂါထနေလို့
ငြီးညူအော်ဟစ်နေရပါတယ်၊
ဒီအသံကို မင်းတရားကကြားတော့“ ဒါလားကွာ
ရဟန္တာဆိုပြီးနာမည်ကြီးနေတာ ကိုယ်ဖြစ်နေတဲ့ ဝေဒ နာလေးတောင် မပါယ်နိုင်သေးတာ
ဘယ်မှာရဟန္တာဖြစ်နိုင်မှာလဲ၊ တော်ပြီ မဖူးတော့ဘူးကွာ ဒီကိုလှူမဲ့
ပရိက္ခရာတွေလည်း မဟာဗောဓိပင်ကိုပဲ သွားလှူလိုက်တော့မယ်”လို့
စိတ်ပျက်စကားဆိုပါတယ်၊ တကယ်လည်း မထေရ်ကြီးက အဲဒီအချိန်မှာ
ရဟန္တာမဖြစ်သေးပါဘူး၊ မထေရ်ကြီးရဲ့သီလအစွမ်း ကြောင့်သာ မထေရ်ကြီဟာ
နာမည်ကြီးနေတာပါ၊ အဲဒီလို ဘုရင်မင်းတရား စိတ်ပျက်ငြီးညူပြော ဆိုတာကို
မထေရ်ကြီးထံပါးလုပ်ကျွေးပြုစုပေးနေတဲ့ ရဟန်းငယ်လေးက ကြားပါတယ်၊ ကြားတော့
မထေရ်ကြီးကို ပြန်လျှောက်ထားတာပေါ့၊ လျှောက်ထားတယ်ဆိုရင်ပဲ မထေရ်ကြီးက
မင်းတို့ဘုရင်ကို ခဏစောင့်ခိုင်းလိုက်ပါကွာလို့ တားခိုင်းလိုက်ပြီး
တင်ပလ္လင်ခွေထိုင်သမာဓိရအောင်ကြိုးစားပြီး ရဟန်း ဖြစ်စကနေ ဒီနေ့ဒီအချိန်ထိ
စောင့်ထိန်းလာခဲ့သီလတွေကို ကြိုးပျက်ခဲ့တာများရှိသလားလို့ ဆင်ခြင်
ကြည့်ပါတယ်၊
ဆင်ခြင်တဲ့အခါ ပေါက်တာကြိုးတာ မတွေ့ရတဲ့အတွက် ၀မ်းသာ
ပီတိတွေဖြစ်လာပါ တယ်၊ အဲဒီပီတိတွေပေါ်အခြေခံပြီး
ဆက်လက်ကြိုးစားအားထုတ်လိုက်တာ တစ်ထိုင်တည်းနဲ့ ရဟန္တာအရှင်မြတ်ကြီး
ဖြစ်သွားပါတယ်၊ အဲဒီအချိန်ရောက်မှ ဘုရင်မင်းမြတ်ကိုအကြောင်းကြား
အဖူးမျှော်ဝင်ဖို့ လာခိုင်းလိုက်ပါတယ်၊ မင်းတရားလည်း
လာရောက်ရှိခိုးဦးချပါတယ်၊ နောက် မင်းတ ရား လျှောက်ထားတဲ့စကားလေးက
မှတ်သားစရာကောင်းပါတယ်၊“အရှင်ဘုရား တပည့်တော် ယခုရှိခိုးဦးချနေတာ အရှင်ဘုရားရဟန္တာဖြစ်သွားတဲ့ဟောဒီကိုယ်ကိုရှိခိုးတာ
မဟုတ်ပါဘုရား၊ အရှင်ဘုရား ရဟန်းဖြစ်သည့်နေ့မှစကာ
ယနေ့တိုင်အောင်စောင့်စည်းထိမ်းသိမ်းလာခဲ့တဲ့ သီလတွေကို ရှိခိုးတာပါဘုရား”တဲ့
ဘယ်လောက်မှတ်သားစရာကောင်းလိုက်ပါသလဲ၊ သီလတွေကိုမကြိုးမပေါက်
အောင်စောင့် ထိန်းခဲ့တာကို ရှိခိုးတာပါဆိုတဲ့စကားလေးလေ၊ ဒါကြောင့်
သီလရှင်ဆရာလေးများကို သာမာန်လူ ယောက်ျားက ရှိခိုးဦးချသင့်သလား
မသင့်ဘူးလားဆိုတာ ခုဖော်ပြခဲ့တဲ့ သာဓကလေးတွေကို ကြည့်မယ်ဆိုလျှင်လည်း
သီလစောင့်စင်းစည်းမှုဟာ ဘယ်လောက်ထိတာသွားတယ်ဆိုတာ သိ လောက်ပါတယ်၊
ဒါကြောင့်
သီလရှင်ဆရာလေးတွေကို သာမာန်လူယောက်ျားပုဂ္ဂိုလ်မျးက ရှိခိုးသင့် တယ်ဆိုတာ
ဆုံးဖြတ်ရပါတော့မယ်။ ။
ရွှေမန်းသား ( အရွင္အကုၤရ)
No comments:
Post a Comment