Saturday, 21 July 2012

ဘယ်သူမပြု မိမိ မှု


 
 
တစ်ခါက ဖိုးသူတော်တစ်ပါးဟာ ရွာတစ်ရွာကို ဆွမ်းဆန်အလှူခံကြွသွားပါတယ်၊
ကြွသွားရင်း လမ်းမှာဗိုက်ဆာတာနဲ့ တွေ့တဲ့ပြောင်ဖူးခင်းတစ်ခင်းထဲကို ဝင်သွားပါတယ်၊ပြောင်းဖူးချိုးဖို့ ပြောင်းပင်တွေကို တစ်ပင်ချင်းလိုက်ပြီး ပြောင်းဖူးလေးတွေကို ဖြဲကြည့်ပါတယ်။ သူကြည့်တဲ့ ပြောင်းပင်အားလုံး အဖူးတွေဟာ အစေ့မစုံတာ မညီမညာတာတွေပဲတွေ့နေရပါတယ်၊

ဒါန့ ဦးသူတော်လဲ ပါးစပ်ကနေ”ဟင်း စိုက်တဲ့ကောင်ကလည်း တယ်ညံ့တာပဲ ပြောင်းဖူးလေးတောင် အဖြစ်ရှိအောင် မစိုက်တတ်ဖူး”လို့ တစ်ယောက်တည်း ငြီးတွား ပြောဆိုလိုက်ပါတယ်၊

အဲဒီအချိန်မထင်မှတ်ပဲ ပြောင်းခင်းပိုင်ရှင်ကရောက်လာပါပြီး “ဦး သူတော်ကလဲ အပြစ်တင်မစောနဲ့လေ မိုးလေဝသကိုလဲမော့ကြည့်ပါဦး၊ မိုးဒီလောက်ခေါင်နေ တာ၊ ဘယ်လိုလုပ် ပြောင်းစေ့ကအောင်တော့မလဲ”လို့ ပြန်ပြောလိုက်ပါတယ်၊
ဒါနဲ့ ဦးသူတော်လည်း အင်းဒါလဲဟုတ်တာပဲ၊ မိုးနတ်မင်းကလည်း မိုးတောင်မှန်အောင် မရွာဘူးလို့ မိုးနတ်မင်းကို အပြစ်တင်လိုက်ပါတယ်၊

ဒါနဲ့ မိုးနတ်မင်းလည်း ဦးသူတော်ရေ မိုးနတ်မင်းကိုချည်းအပြစ်တင်မနေနဲ့ဦး တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ အရှင်ဘုရင်ကိုလဲ ကြည့်ဦး မင်းကျင့်တရားနဲ့မှမညီတာ မိုးကဘယ်မှန်နိုင်မလဲ” လို့ ပြန်ပြောလိုက်တော့၊ ဦးသူတော်လည်း တိုင်းပြည်သနင်း ဘုရင်မင်းတြားကြီးဆီသွားတွေ့ပြီး ဖြစ်ကြောင်း ကုန်စင်အောင်ပြောပြလိုက်ပါတယ်၊ ဒါနဲ့မင်းကြီးက ဒီလိုရာသီဥတုဖောက်ပြန်တာကို ဦးသူတော်က ဘယ်လိုလုပ်သိတာလဲ”လို့ ပြန်လျှောက်ထားပါတယ်၊
   
ကျုပ်လည်း ခရီးသွားရင်း ဗိုက်ဆာလို့ပြောင်းဖူးခင်းတစ်ခု ဝင်ချိုးရင်းနဲ့ သိတာပါ” လို့ပြန်ပြောပြတော့၊ ဘုရင်ကြီးက ” ဦးသူတော်တို့လို တရားစောင့်ရမဲ့သူတွေ တောင် သူများအခင်း ပြောင်းဖူးဝင်ခိုးတဲ့ မကောင်းမှုကြီးလုပ်သေးတာ၊ တပည့်တော် မင်းကျင့်တရားနဲ့မညီတာ ဘာဟုတ်သေးမှာလဲ ဘုရား”လို့ ပြန်လျှောက်လိုက်တော့ ဦးသူတော်လဲ နောက်ဆုံး ပြစ်မှုက ကိုယ်ရှူးကိုပြန်ပတ် နေတော့ နန်းတော်ထဲက အသာလေးပြန်ထွက် လာရပါတယ်၊
   
ဒါကတော့ ပုံပြင်လေးပါ၊ စာဖတ်သူတွေကို ဆိုလိုရင်းကို နားလည်စေချင်လို့ ပုံပြင်လေးနဲ့ စပြောပြလိုက်တာပါ၊ တစ်ခါတစ်ခါ လူတိုင်းဟာ အပြစ်တစ်ခုဖြစ်လာပြီဆို ရင် သူကြောင့် ငါကြောင့်ဆိုပြီး အငြင်းအခုန်ဖြစ်တတ်ပါတယ်၊ ပြောရရင် သူ့ကြောင့် မဟုတ်ပါဘူး၊ ကိုယ်ကြောင့်ပါ၊
   
ဒါကြောင့် မြတ်စွာဘုရားကတောင်”သူများတွေရဲ့ ကောင်းကောင်ဆိုးဆိုး အပြုအမူမျိုးစုံကို အပြင်တင်လိုစိတ်နဲ့ သွားမကြည့်ပါနဲ့၊ ကိုယ့်ရဲ့ကောင်းကောင်းဆိုးဆိုး အပြုမူမျိုးစုံကိုသာ ကြည့်ကြပါ”လို့ ဟောကြားထားတာပါ၊
   
ဘာကြောင့်လဲဆိုရင် သူများအပြစ်တွေကြည့်နေရင် ကိုယ်အပြစ်တွေပျောက်နေ တတ်ပြီး အသိတရားနဲ့ အလှန်းဝေးနေမှာမို့ပါ၊ ကိုယ့်အကြောင်းကို ပြန်ကြည့်တော့ ကိုယ်လုပ်နေတာတွေဟာ ကောင်းတာလုပ်နေတာလား ဆိုးတာလုပ်နေတာလား ဆိုတာ ကြည့်ပါများတော့သိလာမှာမို့ပါ၊ အဲဒီလိုသိလာရင် ပြင်သင့်တာ ပြင်လို့ရသွားပြီး တစ်နေ့မှာ အမှန်တရားနဲ့ ပိုပိုပြီးနီးလာမှာမို့ပါ၊
   
ဒါကြောင့် နောက်နောင်များ တစ်ခုဖြစ်ဖြစ်ရင် ဘယ်သူကြောင့် ၊ ဘယ်သူအတွက် ဘယ်သူလုပ်လို့ဖြစ်တာလို့ တခြားသူတွေကို လွှဲချမနေလိုက်ပါနဲ့ ကိုယ့်ကြောင့်လည်း ဖြစ်တတ်သေးတယ်ဆိုတာ ဖိုးသူတော်ပုံပြင်လေးဖတ်ပြီး သတိရနေလိုက်ပါနော်။ ။
   
ဒီစာရေးမယ်လို့ တွေးနေချိန်လေးမှာပဲ မလေးမှာအလုပ်လုပ်နေတဲ့ ညီလေးတစ် ယောက်ဆီက ဖုန်းဝင်လာပါတယ်၊ မနက်က သူကောင်းမလေးနဲ့ အဆင်မပြေဖြစ်ပြီး လမ်းခွဲဖို့အထိဖြစ်သွားပါတယ်တဲ့၊ သူကောင်မလေးက သူတို့တည်ဆောက်ကြံရွယ်ထား တဲ့အနာဂတ်အိမ်လေကိုဖျက်ဆီးပြစ် လိုက်တယ်လို့ရင်ဖွင့်ရှာပါတယ်၊
   
အဲဒါ သူမှာအပြစ်ရှိပါသလားတဲ့ စာရေးသူလဲ အထက်ကဖိုးသူတော်ပုံပြင်လေးနဲ့ နှစ်သိပ်စကားဆိုလိုက်ရပါတယ်၊ ဆိုင်လားမဆိုင်လားတော့မသိပါဘူး၊ ကိုယ်မှတ်ဖူးတာလေးနဲ့ သူ့ကိုအားပေးဖြစ်လိုက်တာပါ၊ စာဖတ်သူများရော အဲဒီလိုအခက်ခဲများဖြစ်ခဲ့ တစ်ဖက်ကသူ့ကို အပြစ်မတင်၊ အပြစ်မမြင်လိုက်ပါနဲ့“ အချစ်ရေကိုယ့်ကြောင့်”လို့ ပါးစပ်ကတိုးတိုးလေးရွတ်ကြည့်ပြီး၊ သူနဲ့ငါရဲ့အချစ်ရေးမှာ ငါဘာတွေပြင်ရဦးမလဲဆိုတာ တွေးကြည့်နေပါလို့ တိုက်တွန်းချင်ပါတယ်။ ။
 
ရွှေမန်းသား (အရွင္အကုၤရ)
 
 

No comments:

Post a Comment