အရှင်ဘု၇ား...
ဝိပဿာနာ ဘာဝနာတရား အားထုတ်နေတဲ့ သူတစ်ယောက်က သေခါနီးသူလုပ်ခဲ့တဲ့ မကောင်းမှုတစ်ခုကိုပြန်မြင်ခဲ့မယ်ဆိုရင် ငရဲကျမှာလားဘုရား..?
မကောင်းမှုကိုပြန်မြင်တာက သူကျင့်တဲ့ ၀ိပသာနာတရား အားနည်းလို့ပါလားဘုရား...?
Ei thu Aung
ဒီမေးခွန်းလေးက စာရေးသူကို တိုက်ရိုက်မေးတဲ့ မေးခွန်းတော့ မဟုတ်ပါဘူး၊ ဓမ္မလမ်းပြကြယ်ဆိုတဲ့ ပေ့လေးကိုထောင်ထားတဲ့ မစန္ဒာကို ဘုန်းကြီးတစ်ပါး ထင်ပြီး မေးတဲ့ မေးခွန်းလေးပါ၊ မစန္ဒာက တဆင့် ဦးဇင်းကို ဖြေကြားပေးဖို့ လျှောက်ထား လာတာနဲ့ ဖြေကြားပေးလိုက်ပါတယ်၊
ပထမမေးထားတဲ့ ၀ိပဿနာဘာဝနာ တရားအားထုတ်နေတဲ့ သူတစ်ယောက်က သေခါနီး သူလုပ်ခဲ့တဲ့မကောင်းမှု တစ်ခုကိုပြန်မြင်ခဲ့မယ်ဆိုရင် ငရဲကျမှာလားဘုရား၊
ဆိုတဲ့ မေးခွန်းကို အရင်ဖြေပေးပါမယ်၊
သေခါနီးမှာ သတ္တ၀ါတိုင်းဟာ ကိုယ်လားရောက်ရမဲ့ ဘုံတွေကို ထင်လာတတ်ပါ တယ်၊ အဲဒီလို ထင်လာတာကို စာပေမှာတော့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တွေထင် လာတာလို့ သုံးနှုံးပါတယ်၊
အဲဒီလို ဖြစ်ပုံကို ပုံထတ္ထုဇာတ်ကြောင်းလေးနဲ့ ပြောပြပါမယ်၊ ရှေးအခါက အရှင်သော ဏဆိုတဲ့ ရဟန်းတစ်ပါးရှိပါတယ်၊ အဲဒီရဟန်းရဲ့ ဖခမည်းတော်ကြီးကတော့ မဆိုး လုပ်ငန်းနဲ့ အသက်မွေးပါတယ်၊ ဒီလိုနဲ့ အသက်ကြီးလာတော့ ၊အရှင်သောဏက သူဖခင်အိုကြီးကို ရဟန်းဝတ်ပေးထားပါတယ်၊
ရဟန်းဝတ်ပေးထားတဲ့ သူဖခင်အိုကြီးဟာ တစ်နေ့မှာ ရောဂါတွေအပြင်အထန်ဖြစ်ပြီး အိပ်ယာပေါ်မှာလဲနေပါတယ်။ လဲနေရာကနေ ပါးစပ်ကလဲ ငါကို ခွေးတွေလာဆွဲနေ ပြီ၊ ခြောက်ပေးကြပါဦးလို့ အော်နေပါတယ်၊ အဲဒီလိုအော်နေတာဟာ သူမုဆိုးဘ၀ က ခွေးတွေနဲ့ တောလိုက်ခဲ့တဲ့ မကောင်းမှုကံက အကျိုးပေးလို့ အဲဒီမကောင်းမှုတွေ ကို သေခါနီးမှာသွားရောက်သတိရနေလို့ အဲဒီလိုဖြစ်တာပါ၊
အဲဒီလိုအော်နေတာကို သူသားဖြစ်တဲ့ အရှင်သောဏက သိတော့ ငါရှိရက်သားနဲ့ ငါအဖေ ငရဲမကျစေရဘူးဆိုပြီး၊ ကိုရင်တွေကို တောပန်းတောင်ပန်းတွေခူးခိုင်းပါ တယ်၊ နောက် စေတီမှာတင်လှူခိုင်းပါတယ်၊ အဲဒီဘုရားပန်းတွေ တင်လှူထားတဲ့ နေရာကို သူရဲ့ လူမမာခမည်းတော်ရဟန်းကြီးကို မယူခေါ်သွားပြီး၊ ခမည်တော် ဘုရားမှာ ပန်းတွေပူဇော်ထားပါတယ်၊ ကြည့်ညိုအာရုံပြုပါလို့ ပြောလိုက်တော့ ခမည်းတော်ကြီးဟာ ဘုရားကိုအာရုံပြုရှိခိုးလိုက်ပါတယ်၊
အဲဒီကောင်းမှုကံကြောင့် ခမည်တော်လူမမာဦးဇင်းကြီးရဲ့ အာရုံမှာ နတ်သမီးတွေက သူကို လာခေါ်နေပြီလို့ အာရုံပြောင်းသွားပါတယ်။ အဲဒီ အာရုံနဲ့ သေပွဲဝင်လိုက်တော့ ရှင်သောဏဖခင် လူမမာဦးဇင်းကြီးဟာ နတ်ပြည်ကိုရောက်သွားပါတယ်၊
ဒါဟာ သေခါနီးဟာ ကိုယ်ယူလိုက်မဲ့အာရုံပြုမှုဟာ ဘယ်လောက်အရေးကြီးတယ်ဆို တာ မီးမောင်းထိုြး့ပနေတဲ့ သာဓကပါ၊
ကံတွေအနေနဲ့ပြောပြရရင် ကံလေးမျိုးရှိရာမှာ သေခါနီးမှာ အနီးဆုံးလုပ်လိုက်တဲ့ ထင်လိုက်တဲ့ကံ(အာသန္နကံ) က အရင်ဆုံးအကျိုးပေးတတ်ပါတယ်၊
ပိုပြီးရှင်းသွားအောင် ရေတွင်းပေါင်းရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်းရှစ် သောင်းလေးထောင် ကျမ်းကုန်အောင်လှူဒါန်းခဲ့တဲ့ အသောကမင်းကြီးဟာ အဲဒီလို သေခါနီးကာလမှာ အာရုံပြုမှုလွဲခဲ့လို့ ငရဲကျခဲ့ရတယ်ဆိုတဲ့ သာဓကလေးရှိပါတယ်၊
ဖြစ်ပုံက ဒီလိုပါ၊ အသောကမင်းတြားကြီးဟာ သေခါနီးအချိန်ရောက်နေချိန်မှာ သူလှူခဲ့တဲ့ ကုသိုလ်တွေကို အာရုံပြုကြည်နူးနေပါတယ်၊ အဲဒိလိုအချိန်မှာ သမား တော်က မင်းကြီးကို ဇီးဖြူသီးလေး တစ်ခြမ်းရှုဖို့ဆက်ကပ်ပါတယ်။
မင်းကြီိးဟာ အဲဒီဇီဖြူသီးအခြမ်းလေးကို ကြည့်ပြီး “အော် ငါဟာ အရင်က ဇမ္ဗူဒီပါ တစ်ကျွန်းလုံးတောင် ပိုင်ဆိုင်ခဲ့တဲ့မင်းတြားဟာ အခုတော့ဖြင့် ဒီဇီးဖြူသီး အခြမ်း လေးသာ ပိုင်ဆိုင်တော့ပါလား” လို့ နှလုံးသွင်းမှားပြီး ၀မ်းနည်းမှုတွေ ဒေါမနဿန တွေဖြစ်လာတာကြောင့် သေပြီးနောက်ဘ၀မှာ စပါးကြီးမွေဖြစ်ရတဲ့ သာဓက တွေရှိပါတယ်၊
အဲဒီတော့ အားလုံးကိုကောက်ချက်ချမယ်ဆိုရင် ၀ိပဿနာတရားအားထုတ်ထားတဲ့ သူတစ်ယောက်ဟာ သေခါနီးမှာ အာရုံယူမှုမှားရင် ငရဲကျနိုင်ပါတယ်လို့ ဖြေရပါမယ်၊
နောက်တစ်ခါ ဒုတိယမေးခွန်းကို ဖြေရမယ်ဆိုရင် မကောင်းမှုကို ပြန်မြင်တာဟာ သူကျင့်တဲ့ ၀ိပဿနာတရားအားနည်းလို့လားဆိုရင်၊ ၀ိမဿနာတရားအားထုတ်ဖို့ ဆိုတာ ပထမဆုံး သမာဓိရအောင်တည်ဆောက်ရပါတယ်၊ သမာဓိတွေတည်ငြိမ်လာ မှ ၀ိပဿနာဘက်ကို ကူးပြီးအားထုတ်ရတာပါ၊
အဲဒီတော့ အဲဒီလိုမကောင်းမှုတွေပြန်မြင်တာဟာ ၀ိပဿနာအားနည်း လို့ပြန် ပြန်တာလို့ ပြောရမှာထက် မိမိထူထောင်ထားတဲ့ သမာဓိအားနည်းလို့ လို့ပြောရ မယ်ထင်ပါတယ်၊
ဝိပဿနာ တရားကို စပြီးအားထုတ်တဲ့သူတွေတောင်မှ အများစုဖြစ်လေ့ရှိတာက သမာဓိတွေတော်တော်ရင့်သန်လာပြီးဆိုရင် မိမိလုပ်ခဲ့ဘူးတဲ့ မကောင်းမှုအကြီးကြီး တွေက စပြီးပေါ်တတ်ပေါ်လေ့ရှိကြပါတယ်၊ အဲဒီမကောင်းတဲ့အာရုံတွေကို တဖြေး တဖြေးချင်း ပျောက်အောင်ရှုပြီးမှ ၀ိပဿနာ အစစ်တရားတွေနဲ့ တွေ့ရတာပါ၊
အဲဒီတော့ အကောင်းဆုံးကတော့ အဲဒီလိုမကောင်းတဲ့အကုသိုလ်အာရုံတွေ မထင် မမြင်အောင် သမာဓိကို ကောင်းကောင်းထိန်းနိုင်အောင် တည်ဆောက်ဖို့ လိုပါတယ်၊ လို့ ဖြေရပါမယ်၊
တကယ်လို့ မနိုင်လို့ သေခါနီးကာလမှာ မကောင်းမှုအာရုံတွေပေါ်လာရင်လဲ အရှင် သောဏရဲ့ ခမည်းတော်ရဟန်းကြီးလို့ ကောင်းတဲ့ အာရုံကို ပြောင်းပေးနိုင်အောင် ကြိုးစားအားထုတ်နိုင်ရင် သုဂတိဘုံကို ရောက်နိုင်ပါကြောင်းဖြေပေးလိုက်ပါတယ်၊
အရှင်အကုင်္ရ (ရွှေမန်းသား)
သာသနတက္ကသီလာဓမ္မာစရိယ၊ B.A( Hons) M.A(thesis) M.A( Sri lanka)
Ph.D ( research) Annamalai University. India.
ကျမ်းကိုး===
အဘိဓမ္မတ္ထ သင်္ဂဟကျမ်း၊
အဘိဓမ္မတ္ထ၀ိလာသိနီ ဋီကာကျော်၊
သင်္ဂြိုဟ်ဘာသာဋီကာ
အဋ္ဌသာလိနီ အဋ္ဌကထာကျမ်း

No comments:
Post a Comment