ကာမေသုအကြောင်းလေးကိုဆက်လိုက်ရအောင်ပါ၊ မနေ့က ကာမေသုနဲ့ပတ်သက်တဲ့ ပိုစ်လေးတင်လိုက်တော့ လူငယ်အများစုဆီက မေးခွန်းတွေတသီကြီးရောက်လာပါ တယ်၊ စာရေးသူအနေနဲ့က ဒါလေးတွေဟာ ငါးပါးသီလထဲမှာပါတော့ အားလုံးသိပြီး လောက်ပြီလို့ယူဆပြီး မရေးပဲနဲ့ လက်ရှောင်နေခဲ့တာပါ၊ ခုလိုရေးလိုက်တော့မှ လူငယ် တော်တော်များများက မသိကြသေးဘူးဆိုတာ အဖြေပေါ်လာပါတယ်၊
ကဲဆက်လိုက်ကြရအောင်ပါ၊ လွန်ကျူးရင်အပြစ်ဖြစ်နိုင်တဲ့ သူတွေစာရင်းကို မနေ့က ရေးထားတဲ့ပိုစ်မှာဖော်ပြခဲ့ပါတယ်၊ ဒါပေမဲ့ မရှင်းတာလေးတွေဟာ လူငယ်တွေရင် ထဲမှာကျန်နေပါသေးတယ်၊ အဲဒါဘာတွေလည်းဆိုတော့ နိုင်ငံခြားနေတဲ့မြန်မာတွေ ဟာ များသောအားဖြင့် အမေရိကလိုနိုင်ငံမျိုးမှာ တရားဝင်လက်ထပ်ပြီးနေနိုင်ထိုင်ဖို့ ဆိုတာ သူတို့နိုင်ငံဥပဒေနဲ့ကျတော့ အရမ်းခက်ခဲပါတယ်၊ အဲဒီလိုအခြေအနေမှာ တစ်ချို့က နှစ်ဦးသဘောတူလက်ထပ်ပြီးနေကျပါတယ်၊ ဒီလိုနေတာဟာ အပြစ်ဖြစ် သလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်၊
ဒီလိုအခြေနေဖြစ်ပေါ်လာရင် အဲဒီမိန်း ကလေး ယောင်္ကျားလေးတွေကို စောင့်ရှောက်တဲ့ မိခင်နိုင်ငံမှာ ရှိနေတဲ့မိဘတွေ သို့ မဟုတ်အုပ်ထိန်းသူကို တရားဝင်ခွင့်ပြုချက်လှမ်းတောင်းပြီးလက်ထပ်ရင် အပြစ် မဖြစ်ပါဘူး၊ ဒီလိုမဟုတ်ပဲ ဘယ်သူကိုမှလည်း အသိမပေးပဲ နှစ်ဦးသဘောတူ living together နေကြမယ်ဆိုရင်တော့ စောင့်ရှောက်သူတွေကို အသိမပေးခွင့်ပြုချက် မတောင်းတဲ့အတွက် အပြစ်သင့်နိုင်ပါတယ်၊ ပြောရရင်တော့ ကာမေသုသိက္ခာပုဒ် ဟာ ဆုံးဖြတ်ရတာ အရမ်းကိုသိမ်မွေ့ပါတယ်၊ ကိုယ်တိုင်တရားဝင်လက်ထပ်ယူထား တဲ့ဇနီးမယား လင်ယောင်္ကျားကိုတောင် သူ့ဆန္ဒမပါပဲ ကာမဂုဏ်ကိစ္စမှာ အတင်းအ ကြပ် အချစ်ဓါးမြတိုက်ပါရင် ကာမေသုမိစ္ဆာစာရ အပြစ်ဖြစ်နိုင်တယ်လို့ ရှေးကကျမ်း စာတွေမှာ ဆုံးဖြတ်ချက်ချထားပါတယ်၊ အကောင်းဆုံးကတော့ မလွန်ကျူးမိအောင် စောင့်ထိန်းတာဟာ အကောင်းဆုံးပါ၊ လွန်ကျူးရင် ဘယ်လိုအပြစ်တွေဖြစ်မလဲဆို တာ အောက်က တောင်မြို့ဆရာတော်ဘုရားကြီးရေးထားတဲ့ လင်္ကာလေးကြည့်ရ အောင်ပါ၊
“မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွါး၍၊ ရှားပါးလာဘ်တိတ်၊
ချမ်းသာဆိတ်၏၊ ဣတ္ထိ ပဏ္ဍုတ် မျိုးယုတ်ခါခါ၊ မျက်နှာမလှ အရှက်ရလျှက်၊
လက္ခဏ ဣနြေ္ဒ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ခါ
အပြန်အကျိုးတည်း”။
ကာမေသုမိစ္ဆာစာရ ကံကျူးတဲ့သူတွေဟာ-
(၁) လူမုန်းများခြင်း၊
(၂) လူမုန်းများရုံတင်မကပဲ ရန်သူတွေလည်း ၀ိုင်းဝိုင်းလည်နေခြင်း၊
(၃) စီးပွါးရေး ဘယ်လောက်ရှာရှာ တိုးတက်မလာပဲနေခြင်း၊
(၄) စိတ်ချမ်းသာ ကိုယ်ချမ်းသာ မရှိပဲဖြစ်နေခြင်း၊
(၅) ဘ၀တိုင်းဘ၀တိုင်း မိန်းမသာဖြစ်ရခြင်း၊
(၆) မိန်းမမဟုတ်ယောင်္ကျားမဟုတ် ဂျယ်ကြီးဖြစ်ရခြင်း၊
(၇) တကယ်လို့ ယောကျာ်းဖြစ်ရင်လည်း ယုတ်ညံ့တဲ့ အမျိုးတွေထဲမှာ ဖြစ်ရခြင်း၊
(၈) မျက်နှာပျက်ပြီး အရှက်တကွဲအကျိုးနဲတဲ့ ကိစ္စတွေကြုံတွေ့ရခြင်း၊
(၉) ခြေလက်အင်္ဂါ နွဲ့နွဲ့နှောင်းနှောင်းနဲ့ ဖြစ်ရခြင်း၊
(၁၀) စိုးရိမ်ကြောင့်ကြ စိတ်များနေရခြင်း၊
(၁၁) ကိုယ်ချစ်တဲ့သူနဲ့ ကွဲကွာကာ အသည်းနာရခြင်း၊
ဒါတွေက ကာမေသုမိစ္ဆာစာရကံကို လွန်းကျူးရင် ရရှိမဲ့အပြစ်တွေပါ၊ တချို့တွေ့ဖူးကြမှာ ပါ၊ ဗလကြီးလည်းတောင့်ပါရဲ့ ယောက်ျားကြီးလည်းဖြစ်ပါရဲ့ ဒါပေမဲ့ သွားပုံလာပုံကြ တော့ နွဲ့တဲ့တဲ့နဲ့လေ၊ ဒါဆိုသေချာပြီး အရင်ဘ၀တွေက ကာမေသုတွေကို ပြုချင် တိုင်းပြုလာတဲ့သူဆိုတာ၊ တစ်ချို့ရှိပါသေးတယ် ဘယ်သူကမှလည်းသူကို ဘာမှမ လုပ်ပဲ မပြောပဲနဲ့ စိုးရိမ်စိတ်တွေများနေတတ်တာလေ၊ ဒါဆိုရင်လည်း ဒီလူဟာ ကာ မေသုတွေလွန်ကျူးခဲ့လို့ပေါ့၊ နောက်တစ်ချက် ဘယ်သူကမှမဖျက်ရပဲ အရမ်းချစ်ကြ တဲ့ချစ်သူတွေ ကွာပြဲသွားတာတွေ့ဖူးမှာပါ၊ ဒါဆိုရင်လည်း သူတို့ဟာအရင်ဘ၀မှာ ကာမေသုတွေ ဝေဆာခဲ့လို့ပါလို့ ကောက်ချက်ဆွဲရပါမယ်၊
ပြောပြရင် ကာမေသုက အဲဒီလိုအပြစ်လေးတွေတင်မဟုတ်ပါဘူး၊ ကာမေသုကို လွန် ကျူးရင် ငရဲကိုလည်းကျပါသေးတယ်။ ထင်ရှားတဲ့ သာဓကအဖြစ်လေးတစ်ခုရေးပြပါ ဦးမယ်၊ အရှင်အာနန္ဒာအလောင်းတော်ဟာ ကမ္ဘာတစ်သိန်းလောက်ပါရီတွေဖြည့်ပြီး လာပါတယ်၊ ကျွတ်တန်းဝင်ခါနီး ဘဒ္ဒကမ္ဘာက တစ်ခုသောဘ၀မှာ ရွှေပန်းတိမ်သည် သားဖြစ်ပါတယ်၊ ရွှေပန်းတိမ်သည်သားဆိုတော့ သုံးချင်းတိုင်းသုံးဖြုန်းချင်တိုင်းဖြုန်း ပေါ့၊ တစ်နေ့တော့ လူရမ်းကားလူရှုတ်တွေနဲ့ ပေါင်းမိပါတယ်၊ ပေါင်းမိတယ်ဆိုရင် သူတို့မလုပ်ဖူးတာ မရှိရအောင်ဆိုပြီး အကုန်လျှောက်ရမ်းပါတယ်၊ နောက်ဆုံးအမျိုး သမီးတွေကိုလည်း ပြစ်မှားစော်ကားပါတယ်၊ အဲဒီလိုပြစ်မှားစော်ကားတဲ့နေရာမှာ အပျိုတွေတင်မကပဲ လင်ရှိမယားတွေကို အဓိကထားစော်ကားနေပါတယ်၊ ဘာ ကြောင့်လည်းဆိုတော့ အပျိုတွေထက်စာရင် လင်ရှိမယားတွေက ခွင်ဖန်ရတာ လွယ်လို့ပါတဲ့၊
အဲဒီလိုပြုခဲ့တဲ့ ကာမေသုကံကြောင့် သေတဲ့အခါမှာ ရောရုဝငရဲမှာ နှစ်ပေါင်းများစွာကျပါ တယ်၊ ငရဲကပြန်လွှတ်ပြန်တော့လည်း မျောက်ထီးလေးဖြစ်ပါတယ်၊ မျောက်ထီလေးဘ ၀မှာလည်း အရွယ်မရောက်ခင် မျောက်ခေါင်းဆောင်ကြီးက သူ့ရဲ့မျောက်မလေးတွေကို လုမှာစိုးတာနဲ့ ဝှေးစေ့ကိုက်ဖြတ်သတ်လိုက်ပါတယ်၊ အဲဒီဘ၀ကနေ နွားထီးဘ၀ကိုသွား ဖြစ်ပါတယ်၊ နွားထီးဘ၀မှာလည်း သင်းကွပ်ခံရပါတယ်၊ အဲဒီဘ၀ကလွတ်ပြန်တော့ လူ ပြည်မှာ လူလာဖြစ်ပါတယ်၊ ဒါပေမဲ့ ဟိုမရောက် ဒီမရောက်ဂျယ်ကြီး ဂျော်ကယ်ကြီးဖြစ်ရ ပါတယ်၊ အဲဒီဘ၀ကနေလွတ်ပြီး ကုသိုလ်ကံလေးပြန်အကျိုးပေးလို့ နတ်ပြည်မှာဖြစ်ရပါ တယ်၊ ဒါပေမဲ့ သူဋ္ဌေးသားဘ၀ကပြုခဲ့တဲ့ ကာမေသုကြောင့် နတ်သားမဖြစ်ပဲ နတ်သမီး ချည်း ငါးဘ၀တိုင်တိုင်ဖြစ်ရပါတယ်၊ အဲဒီနတ်သမီးဘ၀ကနေ စုတေတော့ လူ့ပြည်မှာ ဘုရင်သမီးတော်ဖြစ်ရပါတယ်၊ ဘုရင်သမီးတော်ဖြစ်ပြီး နတ်ရွာစံကာ နောက်ဘ၀ ရောက်မှ ယောကျာ်းဘ၀ကိုပြန်ရပါတယ်၊
သတိပြုစရာလေးက ဒီလောက်ပါရမီတွေ ဖြည့်ဆီးလာတဲ့ အလောင်းတော်ကြီး တောင်တစ်ချက်ကလေးမှားတာနဲ့ ဘ၀ပေါင်းများစွာ မိန်းမဖြစ်လိုက်၊ အခြောက်ဖြစ် လိုက်၊ ဝှေးစေ့အထုခံရ၊ ငရဲအကျခံရနဲ့ ဖြစ်သေးရင် သာမာန်လူတွေဆို မတွေးရဲစရာပါ၊ ပြောရရင်တော့ သတိလေးထားပြီးရှောင် ကြဉ်တာအကောင်းဆုံးပါ၊ ဒါပေမဲ့ အမှောင်တ ကာ့ အမှောင်ဆုံးထဲမှာ ဒီကာမအမှောင်က အမိုက်ဆုံးဆိုတော့ ရှောင်ကြဉ်နိုင်ဖို့ဆိုတာ မလွယ်ရေးချာ မလွယ်ပါ၊ ဒါပေမဲ့ လွယ်သွားအောင် ချစ်သူဘ၀မှာဆိုရင် ကိုယ့်ရဲ့ချစ်သူ အိမ်ထောင်ရှင် အကြာင်လင်မယားဘ၀မှာဆိုရင် ကိုယ့်အိမ်သူ ကိုယ်အိမ်သားကိုပဲ စွဲမြဲ ပြီး တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်အမှတ်နဲ့ သစ္စာထားမယ်ဆိုရင် ကာမေသုဟာ ကုဖြစ်မှာပါ၊ အဲဒီလို ကုသိုလ်တွေဖြစ်လာရင် နှစ်ဦးသားပျော်ရွင်ပြီး အိမ် ထောင်ရေးလည်းသာယာ၊ ကျန်းမာရေးအတွက်လည်း စိတ်ချရမှာပါ၊ နို့မို့ဆိုရင် လေးလုံးရောဂါက အချိန်မရွေး နေရာမရွေးမှာ ကိုယ့်အတွက်စောင့်ကြိုနေမှာပါ၊
ဒါကြောင့် စာဖတ်သူအားလုံး ယခုအချိန်ကစပြီး ကာမေသုကံကို ရှောင်ရှားနိုင်ကြပြီး ဒီဇနီးဒီမယား ဒီသမီးဒီသားတွေနဲ့ ဘ၀ဘ၀တိုင်းမှာ ပျော်ရွှင်နိုင်ကြပါစေလို့ ။ ။
ရွှေမန်းသား (အရွင္အကုၤရ)
No comments:
Post a Comment