I come from Myanmar
မန္တလေးသာသာနာ့တက္ကသိုလ်ကြီးက မန္တလေးတောင်ရဲ့ခြေရင်းမှာဆိုတော့ တက္ကသိုလ် ကကိုယ် တော်လေးတွေဟာ ကျောင်းပိတ်ရက်ညနေခင်းတွေမှာ တောင်ပေါ်ကိုတက်ပြီး နိုင်ငံခြားသားတွေနဲ့ အင်္ဂလိပ်စကားပြောလေ့ကျင့်ပါတယ်၊ အဲဒီလိုလေ့ကျင့်တဲ့အထဲမှာ ဦးကုသလဆိုတဲ့ကိုယ်တော်က အရပ်ကလည်းထောင်ထောင်မောင်းမောင်း မျက်လုံးကလည်းပြာပြာဆိုတော့ သူ့အကြောင်းမသိရင် နိုင်ငံခြားသားလို့ထင်စရာရှိပါတယ်၊
ဖြစ်ချင်တော့ တစ်နေ့မှာ အဲဒီဦးကုသလကြီးနဲ့ သူငယ်ချင်းတွေစုပြီး မန္တလေးတောင်ပေါ်ကို အင်္ဂလိပ်စကားပြောလေ့ကျင့်ဖို့တက်သွားကြပါတယ်၊ အဲဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ မြို့ထဲကသင် တန်းပေါင်းစုံက ကျောင်းသားတွေလည်း အင်္ဂလိပ်စကားပြောလေ့ကျင့်ရအောင် တောင်ပေါ်ကိုလာကြ ပါတယ်၊ တောင်ပေါ်မှာ ဒီဇင်ဘာလကလဲဖြစ်ပြန်တော့ နိုင်ငံခြားခရီးသည်တွေကလည်းဖွေးဖွေးလှုပ် နေတာပေါ့၊ ကျောင်းသားကျောင်းသူတွေ ကိုယ်တော်လေးတွေဟာ နိုင်ငံခြားသားတွေနဲ့ ဟိုနားတစ်စု ဒီနားတစ်စုနဲ့ စကားပြောတွေလေ့ကျင့်နေကြပါတယ်၊ တစ်ချို့အဖွဲ့တွေများဆို လေယူလေပေးဖြောင့် ပြီး တဟီးဟီးနဲ့ပျော်လို့ရွှင်လို့၊ အဲဒီလိုအချိန်မှာဦးကုသလကြီးက လူချင်းကွဲပြီး နိုင်ငံခြားသားတွေကြား ထဲရောက်သွားပါတယ်၊ အဲဒီမှာဇာတ်လမ်းကစတော့တာပါပဲ
မြို့ထဲကလပ်ကကျောင်းသူလေးတစ်သိုက်က ဦးကုသလကြီးကို နိုင်ငံခြားသားထင်ပြီး ဒွန်ဒက်ရွန်ရှက် နဲ့ အင်ထရိုဝင်တော့တာပဲ ဒါပေမဲ့ ဦးကုသလကြီးကလည်း ခပ်တည်တည်နဲ့ သူတို့မေးသမျှ ပြန်ဖြေနေ တာပဲ၊ ဘယ်မှာ ဇာတ်လမ်းကလန်းသွားတာလဲဆိုရင် ကောင်မလေးတွေက“ where do you come from?”လို့အမေးမှာ ဦးကုသလကြီးက “I come from Myanmar ”လို့ဖြေချလိုက်တာ၊ ကောင်မလေး တစ်သိုက်လည်း သုတ်ကြီးသုတ်ပြာနဲ့ ပါးစပ်လည်း အောင်မလေးမြန်မာကြီးတော့ဆိုပြီး တစ်ချိုးတည်း လစ်တော့တာပါပဲ၊
ပြောရရင် ဒါကလည်းမန္တလေးသာသနာ့တက္ကသိုလ်ကြီးမှာ ကြုံတွေခဲ့ရတဲ့ဟာသလေးတစ်ခုပါ၊
ရွှေမန်းသား (အရွင္အကုၤရ)
No comments:
Post a Comment