Friday, 20 July 2012

တောင်ပေါ် မြို့လေးက နှင်းနှင်းရီ



ဟောဒီလို နှင်းတွေမကျတကျအချိန်မှာ
နှင်းနှင်းရီအကြောင်း ကဗျာရေးတဲ့
ကဗျာဆရာ ကာဒရိုင်လုပ်နေတဲ့
အနုပညာသမားစစ်စစ် တစ်ယောက်နေတဲ့
မြို့လေးတစ်မြို့တစ်မြို့ဆီ
အလည်ရောက်ခဲ့ဖူးတယ်။
သူမောင်တဲ့ကားလေးပေါ်တက်စီးရင်း
သူရွတ်ပြတဲ့ နှင်းနှင်းရီအကြောင်း
ကဗျာလေးကို
သိင်္ဂါရ ကရုဏာ ခံစာမှုများစွာနဲ့
နားဆင်ခဲ့ရဖူးတယ်
ကဗျာဆရာက ကဗျာသာရေးတာ
ကဗျာစာမူခ ထုတ်မယူဘူးရှာလို့
သူ့သူငယ်ချင်းအသိုင်းအ၀ိုင်းမှာကြားဖူးတယ်
အဲဒီကဗျာဆရာလေးက
ကဗျာရေးတယ်၊ အငှားကားမောင်းတယ်၊
သူ့ကားလာစီးတဲ့သူနဲ့
အနုပညာရင်ခုန်သံချင်း တူနေရင်
ကဗျာကောင်းကောင်း တစ်ပုဒ်ရွတ်ပြမယ်၊
အဲဒီတုန်းက
သူရွတ်ပြတဲ့ နှင်းနှင်းရီဆိုတာ
ကဗျာထဲမှာပဲ
ရှိနေမယ်ထင်ခဲ့တာ
ခုချိန်မှာ
နှင်းနှင်းတွေတဖွဲဖွဲကျနေတဲ့
အဲဒီမြို့လေးမှာ
အမြဲတမ်းကြင်နာမှု
နှင်းတွေကျပေးတတ်တဲ့
နှင်းနှင်းရီတစ်ယောက်
အပြင်မှာ တကယ်ရှိတယ်ဆိုတာ
သိလိုက်ရတယ်။ ။

ရွှေမန်းသား 

အမြဲတမ်း ပန်းတွေဝေနေတတ်တဲ့ တောင်ပေါ်မြို့လေးက
ကဗျာဆရာ ကိုနွယ်စိမ်းဝေသို့ သတိတရ ။ ။

1 comment:

  1. နွယ်စိမ်းဝေ ရဲ့ နှင်းနှင်းရီကို ဝေတဲ့နှင်း ကဗျာလေး ရှိရင်တင်ပေးပါဦး ခင်ဗျ

    ReplyDelete