ဘုရားအလောင်းသည် ဘုရားဖြစ်ဖို့ရန်ဆုတောင်းမည့်ဘ၀၌“သုမေဓာ”ဟူသောအမည်
အားဖြင့် ထင်ရှားသော သူဌေးသားဖြစ်ခဲ့ဖူးလေသည်၊ သူ၏အမိအဖတို့သည် သူငယ်
ရွယ်စဉ်ကပင် သေဆုံးကြလေသည်၊ ရွှေတိုက်၊ငွေတိုက်စသော ပစ္စည်းဥစ္စာရတနာတိုက်
ကြီးတွေ များစွာကျန်ရစ်ခဲ့၏၊ သုမေဓာလေး တစ်ဆယ့်ခြောက်နှစ်ရှိ၍ ပညာတတ်ပြီး
သောအခါ ပစ္စည်းထိန်းမင်းကြီက ပစ္စည်းအားလုံးကို သူအားလွှဲအပ်လေသည်၊
သုမေဓာသူဌေးသားကလေး စဉ်းစားသည်မှာ“ငါ၏ဘိုးဘွား မိဘတို့သည် ပစ္စည်း
ဥစ္စာကိုရှာရုံသာ ရှာတတ်၍ ယူမသွားတတ်ကြပါတကား၊ ငါသည် စွန့်ကြဲပေးကမ်း၍ ကု
သိုလ်ကို ငါနောက်ပါအောင်ယူသွားမည်” ၊ ဤသို့စဉ်းစားပြီးလျှင်
ရတနာတိုက်တို့ကို ဖွင့် ၍ “အလိုရှိသူ ယူရစ်ကြလော့”ဟုကြွေးကြော်ကာ
ဟိမ၀န္တာတောသို့ထွက်ခွါ၍ ရသေ့ရ ဟန်းပြုလုပ်သွားလေသည်။
အထက်ကဖော်ပြခဲ့တဲ့စာလေးတွေက ဗုဒ္ဓ၀င်ထဲမှာပါတဲ့စာလေးတွေပါ၊ စာလေး
တွေဖတ်ပြီး တွေးမိပါတယ်၊ စာဖတ်သူတွေလည်း စာရေးသူနဲ့အတွေးချင်တူနေမလား
မသိပါဘူး၊ စာရေးသူတွေးမိတာကဒီလိုပါ၊ သုမေဓာသူဌေးသားလေးဟာ အသက်အား
ဖြင့်ကြည့်မယ်ဆိုရင် (၁၆) နှစ်ဆိုတော့ အရမ်းကိုငယ်ပါသေးတယ်၊ လောကီလူ့ဘောင်
ဘက်ကနေကြည့်မယ်ဆိုရင်လည်း ဒီအရွယ်ဆိုတာ ပျော်လို့မော်လို့ကောင်းမဲ့အရွယ်ပါ၊
ဒါပေမဲ့ ပျော်ရမဲ့အရာတွေကို အပျော်မရှာပဲ အားလုံးကိုစွန့်ကာ
တော်ထွက်ခဲ့ပါတယ်၊
ဒါဘာကြောင့်စွန့်နိုင်သလဲဆိုရင် ဘ၀ဘ၀က
ဖြည့်ဆည်းပူးလာတဲ့ပါရမီတွေကြောင့်ပါ၊ ပါရမီဆိုလို့ ဖတ်ဖူးတဲ့“ ပါရမီဆိုတာ
အပုံတစ်ရာပုံလျှင် တစ်ပုံသာဖြစ်သည်”ဆိုတဲ့ စာပိုဒ် လေးကိုလည်း
ပြေးသတိရမိပါတယ်၊ ပါရမီဖြည့်တယ်ဆိုတာ လွယ်တာမှမဟုတ်တာ၊
မြင့်မြတ်တဲ့ဘုရားအလောင်း သူတွေကောင်းတွေရဲ့အလုပ်လေ၊ ဒါကြောင့် သာမာန်လူ
သာဆိုရင် ဒီပစ္စည်းတွေနဲ့ ပျော်ပါးနေပါမယ်ထင်ပါတယ်၊
အသက်(၁၆)နှစ်သားကလေးလေးက လူကြီးမတွေးတဲ့ အတွေးမျိုးတွေးနိုင်တာ လည်း
ရှေးရှေးဘ၀တွေက ပညာဥာဏ်ပါရမီတွေဖြည့်ဆည်းလားလို့ပါ၊ နို့မို့ဆို မိဘတွေ
ကလည်းမရှိ ပစ္စည်းတွေကလဲ လက်ထဲမှာဖောခြင်းသောခြင်းဆိုတော့ စိတ်လွတ်ကိုယ်
လွတ်နဲ့ တော်တော်ကိုပျော်လိုက်မဲ့အဖြစ်မျိုးပါ၊ နောက်
ပစ္စည်းဥစ္စာတွေဆိုတာပြောရရင် ရန်သူမျိုးငါးပါးနဲ့ ၀ိုင်းနေတာပါ၊ ရေ၊မီး၊
မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူတွေနဲ့ အမြဲတမ်း ဆက်ဆံနေရတော့
တစ်နေ့မဟုတ်တစ်နေ့ သူတို့လက်ထဲရောက်သွားနိုင်တာပါ၊ ဒါကြောင့်
အဲဒီလိုမရောက်ခင် ကိုကအပိုင်ဦးပြီး ကုသိုလ်ကောင်းမှုတွေလုပ်လိုက်တာ
ထင်ပါတယ်၊
ဒါကြောင့် ဆက်တွေးမိပါတယ်၊ ဘုရားအလောင်းတော်ဟာ ဘုရားမဖြစ်ခင်
အလောင်းတော်ဘ၀တည်းကပင် အလွန်အင်မတန်မှကြည့်ညိုစရာကောင်းပါလားဆို တာကိုပါ၊
ဘာဖြစ်လို့လဲဆိုတော့ စာဖတ်သူစဉ်းစားကြည့်ပါ စာရေးသူရောစာဖတ်သူပါ
ကိုယ်ပိုင်ပစ္စည်းဥစ္စာဆိုရင် ငါးဆယ်တန်အနွမ်းအစုတ်လေးတစ်ရွက်တောင် လက်လွတ်
ဆုံးရှုံးရမှာ ၀န်လေးနေကြတာလေ၊
သုမေဓာသူဌေးသားလေးလို ပစ္စည်းဥစ္စာရတာနာ
တိုက်တွေလှူဒါန်းစွန့်ကြဲဖို့ရင် အိပ်မက်ထဲတောင် မက်ဖြစ်မယ်မထင်မိပါဘူး၊
ကဲစာဖတ်သူရေ တွေးနေတာတွေကတော့ တစ်သီကြီးပါ၊ ဒါပေမဲ့ စာရှည်သွားမှာ
စိုးတဲ့အတွက် ဒီနေရာလေးမှာရပ်လိုက်ကြရအောင်ပါ၊ စာဖတ်သူရော သုမေဓာသူဌေး
သားလေးအကြောင်းဖတ်မိပြီး ဘယ်လိုများတွေးဖြစ်နေပါလဲ။ ။
ရွှေမန်းသား ( အရွင္အကုၤရ)
No comments:
Post a Comment