တွေ့ရကြုံရ တက္ကသိုလ်ကျောင်းသား ဘ၀ (၁၄)
ဆရာတော်အတွက် မှတ်လို့
တစ်ခါက မိသားစုစာသင်တိုက်လေးတစ်ခုမှာ ရှင်သောဘနလို့ခေါ်တဲ့ကိုရင် ကြီးတစ်ပါး
ရှိပါတယ်၊ မိသားစုစာသင်တိုက်ဆိုတာက စာသင်သားသံဃာတွေအများကြီး လက်ခံ
တာမဟုတ်ပါဘူး၊ ကိုယ်နဲ့သိရာ ရင်းနှီးရာနယ်က ရဟန်းသာမဏေစာသင်သားတွေနဲ့
အဲဒီနယ်ကပဲ ဆရာတော်စာချဘုန်းကြီးသီတင်းသုံးပြီး တာဝန်ယူစာချပေးနေတဲ့
ကျောင်းတိုက်လေးပါ၊
အဲဒီလိုမိသားစုကျောင်းတိုက်လေးဖြစ်တော့
အားလုံးကိုနိုင်နိုင်နင်းနင်း ကိုင်တွယ် ထိန်းကျောင်းအုပ်ချုပ်နိုင်ပါတယ်၊
ဘယ်ကိုယ်တော်ကတော့ သိပ်ဥာဏ်မကောင်းဘူး၊ ဘယ်ကိုယ်တော်ကတော့ တော်တယ်ဆိုတာ
စာချဘုန်းကြီးက သိနိုင်ပါတယ်၊ ဒါကြောင့် ကျောင်းထိုင်ဆရာတော်
စာချဘုန်းကြီးက တူလည်းတော် တပည့်လည်းဖြစ်တဲ့ ကိုရင် သောဘနအကြောင်းကို
ကောင်းကောင်းသိပါတယ်၊ ကိုရင်သောဘနက ဥာဏ်ကောင်း ပေမဲ့ အရမ်းပျင်းပါတယ်၊
စာကိုဟုတ်တိပတ်တိမကျက်ချင်ပါဘူး၊ ဆွမ်းမစားရသေးခင် တော့ ဗိုက်ဆာလို့ဆို
အကြောင်းပြကာ တစ်နေရာရာမှာ မှေးကာကွေးနေတတ်ပါတယ်၊
ဆွမ်းဘုန်းပြီးရင်လည်း ဗိုက်လေးလို့ဆိုကာ တစ်နေနေရာရာမှာ သင်္ကန်းခေါင်းမြီးခြုံပြီး
ထမင်းလုံးစီနေတတ်ပါတယ်၊
ဒါမျိုးတွေခဏခဏတွေ့ရတော့ဆရာတော်က သူ့တူကိုရင်သောဘနကိုခေါ်ပြီး
”သောဘနစာကြိုးစားကွာ စာကငယ်တုန်းကြိုးစားရတာ၊ နောက်ပြီး ဒီလိုစာကျက်
ခိုင်းနေ တာကလဲ ငါ့အတွက်ပြောနေတာ မဟုတ်ဘူး မင်းအတွက်ပြောနေတာ”လို့စီ
ကာပတ်ကုံးစကားလုံးစီ ဆုံးမနေပါတယ်၊ ဒါပေမဲ့ ကိုရင်သောဘနပြန်လျှောက်ကြား
လိုက်တဲ့ စကားကြောင့် ဆရာတော်လည်း ရှေ့ဆက် စကားလမ်းစဖို့ခက်သွားပါတယ်၊
ကြည့်ပါဦး ကိုရင်သောဘနပြောလိုက်တာက ” မသိပါဘူးဘုရား တပည့်တော်က
ဆရာတော်အတွက် စာကျက်နေရတယ်မှတ်လို့ ကျက်နေတာ တပည့်တော်အတွက်ဆို
ကျက်မနေတော့ဘူး ဘုရား” ကဲ ကောင်းကျသေးရဲ့လား။
စာသင်စာချလောကမှာလည်း ဒီလိုရီရမလို ငိုရခက်တဲ့ ဟာသလေးတွေ ရှိနေပါ သေးတယ် စာဖတ်သူရေ။
ရွှေမန်းသား ( အရှင် အကုၤရ)
No comments:
Post a Comment