ခွေးရူးလည်း မခေဘူးဗျ
တစ်ခါက မန္တလေးမြို့ကသာသနတက္ကသိုလ်ကြီးမှာစာသင်နေတဲ့
ဦးဇင်းလေးတစ်ပါးရှိ ပါတယ်၊ နွေကျောင်းပိတ်တော့ ရွာကိုအလည်ပြန်သွားပါတယ်၊
ရွာမှာက သင်္ကြန်တွင်းဆို လူကြီးလူငယ်မရွေး ဥပုသ်စောင့်ကြပါတယ်၊
ကျောင်းထိုင်ဆရာတော်ကလည်း လူစီစီရှိနေရင် သူတပည့်တွေကို
ပွဲထုတ်လေ့ရှိပါတယ်၊ ခုလည်းဒီသင်္ကြန်မှာလည်း ဘယ်သူပွဲထုတ်ရမလဲလို့
အခြေအနေကြည့်နေတာ မန်းတက္ကသိုလ်ကျောင်းသားကြီး သူ့တပည့်ဦးဇင်းလေးကို
ပရိတ်သတ်များများကြား တရားဟော ခိုင်းပြီး ပွဲထုတ်ပါတော့တယ်၊
ဒီလိုနဲ့သင်္ကြန်အကြိုနေ့မှာ တရားဟောဖို့
ကြော်ငြာမောင်းခတ်လိုက်ပါတယ်၊ မန်းတက္ကသိုလ် ပြန်ဦးဇင်းလေးလည်း
ရသမျှအချိန်တွေကို တရားစာတွေကိုဘိုင်ဟတ်ပြီးရင်း ဘိုင်ဟတ်နေရ ပါတော့ တယ်၊
တရားကလည်း ဟောဖူးဟောစမရှိ၊ ပရိတ်သတ်လူကြားထဲမှာ စကားပြောဖို့မပြောနဲ့ အသက်
တောင်ကောင်းကောင်း မရှူရဲတဲ့ ဦးဇင်းလေး အခက်တွေ့နေတာပေါ့
ဒါပေမဲ့ဆရာသမားရဲ့ အမိန့်ဆိုတော့ ငြင်းဆန်ဖို့ကလည်းခက်နေပါတယ်၊
မကြာပါဘူးဟောမဲ့ပြောမဲ့ သင်္ကြန်အကြိုနေ့ကြီးက
ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပါတယ်၊ အဲဒီနေ့မှာ
ကြော်ငြာကလည်းကြော်ငြာထားတာဆိုတော့ ပရိတ်တွေကလည်း ကျောင်းနဲ့ကိုအပြည့်လာ
ကြတာပေါ့၊ ဟောရမဲ့ကိုယ်တော်လေးက ပရိတ်သတ်ကြည့်ပြီး ချွေးတွေပြန်နေပြီ
ဒါပေမဲ့ ပလ္လင်စအ တက်တာထွက် သီလပေးမှာတော့ အဆင်ချောနေတာပဲ သီလပေးပြီး
တရားဟောကြားရာကြမှ ပြဿနာကစတော့တာပါ၊
ဘယ်လိုဖြစ်သလဲဆိုရင် “ဦးဇင်းတို့ ပရိတ်သတ်ရေ ရန်သူမျိုးက ငါးပါရှိပါသတဲ့
ရန်သူမျိုးငါးပါးက ဘာတွေလဲဆိုရင် (၁)ရေ (၂)မီး (၃)မင်း(၄)ခိုးသူ------
ဦးဇင်းတို့ပရိတ်သတ်ကြီးရေ ရန်သူမျိုးက ငါးပါးရှိပါသတဲ့
ရန်သူမျိုးငါးပါးက ဘာတွေလဲ ဆိုရင် --
(၁)ရေဘေး (၂)မီးဘေး
(၃)မင်းဘေး(၄)ခိုးသူဘေး-----------------
ဟောရင်းဟောရင်း နောက်ဆုံးရန်မျိုးက ထွက်မလာပါဘူး၊
တရားကလည်းလည်ထွက်နေပါပြီး ဒါကို အဆုံးသတ်မရရင် ဒီကနေ့အဖို့
သပုသ်သည်တွေထမင်းငတ်ဖို့ပဲရှိတော့တာပေါ့။ ကိုယ်တော်လေး လည်း
ချွေးတွေကပြန်နေပြီ၊ စိတ်ကလည်းတိုနေပြီ တောက်ဒီလောက်ကျက်ထားတာကွာ မေ့ရမလား
ဆိုပြိးတော့ပေါ့၊ နောက်ဆုံးကြံရာမရတာနဲ့ ငယ်ငယ်ကသူ့ကို
ခွေးရူးကိုက်ဖူးတာပြေးသတိရလိုက်ပြီး“ အဲ နံပါတ်(၅) ပရိတ်သတ်ကြီးရေ
ခွေးရူးလည်းမခေဘူးဗျ”ဆိုပြီး တရားပွဲကို အဆုံးသတ်လိုက် ရပါတော့တယ်။ ။
ရွှေမန်းသား (အရွင္အကုၤ)
No comments:
Post a Comment