ရန်သူငါးပါးထဲမှာ xxx အင်မတန်ဆိုးဝါးလှတာ xxx မညှာမတာဘယ့်သူမှ မ ထောက်ပါxxx သူခိုးဓားမြထက်ဆိုးတဲ့ရန်သူပါ xxx ရန်သူမီးကိုရှောင်ရှားဂရုစိုက်ပါ xxx----
စာရေးသူတို့ မန္တလေးမှာနေစဉ်က နွေခါရောက်လာပြီဆိုရင် ယခုလိုကိုထွန်းရွှေရဲ့ မီးသတိပေးအသံကို လော်စပီကာကြီးက ကြားရတော့တာပါပဲ၊ သူလည်းအဲဒီလို လော် စပီကာက အော်လည်းပြီးရော တစ်နေရာရာတော့ မီးကလောင်တော့တာပုံမှန်လိုလိုပါပဲ၊ ဒါပေမဲ့ မန္တလေးက မီးဘယ်လောက်လောင်လောင် ပုံပြင်ထဲက ဖီးနှစ်ငှက်လိုပါပဲ၊ ပြန် လည်ထမြောက်ပြီး သစ်ပြီးရင်းသစ်နေတာလေ၊ အဲဒီလိုနဲ့ မန္တလေးနဲ့မီး၊ မီးနဲ့မန္တလေးဟာ နှစ်ယောက်တစ် အိမ်မက်ဖြစ်ခဲ့တာ ဟိုး-ရတနာပုံခေတ်ကတည်းကပေါ့၊
ဒါက အပြင်မှာလောင်နေတဲ့ မီးအကြောင်းတွေးမိတာလေးပါ၊ စာရေးသူတို့ စာဖတ်သူတို့မှာလည်း နေ့စဉ်မီးတွေလောင်နေကြပါတယ်၊ အဲဒီမီးတွေက လူတွေမှာ စားလိုက်တဲ့အစာတွေကို ခြေဖျက်ဖို့လောင်နေတဲ့မီးရယ်၊ နောက်တစ်ခု နေ့စဉ်လိုချင်မှုတွေများနေလို့ လောင်နေတဲ့ လောဘမီးရယ်၊ လိုချင်တာကို မရတဲ့အခါ စိတ်အလိုမကျဖြစ်ရတဲ့ ဒေါသမီးရယ်၊ နောက်တစ်ခါ အဲဒီလိုမီးတွေကြောင့် အမှားနဲ့အမှန်မခွဲခြားနိုင်တဲ့ မောဟမီးရယ်ဆိုပြီး မီးသုံးမျိုးက နေ့စဉ်လောင်နေတာလေ၊ မီးတွေကဘယ်လိုလောင်နေသလဲ? စာကိုရှေ့ဆက်မဖတ်သေးပဲ နဲနဲလေးလောက် စဉ်းစားကြည့်စေချင်ပါတယ်၊-------------------
နေ့စဉ်မနက်ခင်း ရုံးကိုသွားမယ်စလိုက်ကတည်းက မီးကကပ်ပါလာပြီလေ၊ ဘတ်(စ်)ကားမှတ်တိုင်မှာ ရေရာရဖို့ အပြေးအလွှားကားတိုးရတာက တစ်မီး၊ နောက်တစ်ခါ ဘတ်စကားပေါ်ရောက်တော့ နေရာလုရာတာက တစ်မီး၊ နေရာမရပြန် ရင် ကိုသွားရမဲ့မှတ်တိုင်ကိုတွေးပြီး၊ အဝေးကြီးပါလားဆိုပြီး ဒေါသေတွေအချောင်း ချောင်းထွက်နေတာက တစ်မီး၊ ဒီလိုနဲ့ရုန်းရောက်တော့ ကားပေါ်ကအဆင်မပြေလာ တာက ရုံးထဲအထိပါလာပြီး စိတ်ကတိုဒေါသကဖြစ်နေတော့ စာရင်းတွေမှာပါလေရော၊ အဲဒီမှာ မောဟဆိုတဲ့မီးတစ်မီးထပ်တိုးပြန်တာပေါ့၊
ဒါက ဖြစ်တတ်တာလေးကို နမူပြောပြတာပါ၊ အိမ်ရှင်မဆိုရင်လည်း အိပ်ယာထ နောက်ကျလို့ ချက်ရပြုတ်ရ၊ ကလေးကျောင်းပို့ဖို့နောက်ကျလို့ ပူရတဲ့မီး၊ ယောက်ျားအ တွက် အပြေးအလွှားထမင်းချိုင့်ပြင်ပေးတော့ သူကြိုက်တတ်တာလေး စီစဉ်မပေးလိုက် ရပါလားဆိုပြီး စိတ်ထဲကလိလိဖြစ်နေတာလဲ မီးပဲပေါ့၊
ပြောရရင်တော့ ဒါကအသေးစားမီးလေးတွေပါ၊ အကြီးစားမီးကြီးတွေကတော့ စီးပွားရှာရာမှာ ပိုပြီးတော့ လောင်မြိုက်ကြရပါတယ်၊ ကိုယ့်စီးပွားရေးအောင်မြင်ဖို့ သူများ ကိုတိုက်ခိုက်ရတာ၊ သူများထက်သာအောင် နေ့စဉ်ကောင်းတာရော မကောင်းတာရော နည်းမျိုးစုံနဲ့ ယှဉ်ပြိုင်နေတာလဲ မီးတွေလောင်နေတာပါပဲ၊ ဒီနေရာမှာ စီးပွားရေးဆိုတာ ဝိသမလောဘ-မတော်မတရားနဲ့ရှာတဲ့ စီးပွားရေးသမားမျိုးကိုပြောတပါ၊ သမလောဘ- မျှမျှတတရှာဖွေတာကိုပြောလိုတာမဟုတ်ပါဘူး၊
ကဲကောင်းပါပြီစာဖတ်သူရေ လောင်နေတဲ့မီးတွေကို ဘယ်လိုငြိမ်းမလဲ? အဝေး ကြီးစဉ်းစားမနေပါနဲ့ စာဖတ်သူရယ် မေတ္တာနဲ့ငြှိမ်းရင် အဲဒီလောင်နေတဲ့မီတွေငြိမ်းပါ တယ်တဲ့၊ မေတ္တာလို့ပြောလိုက်ရင် စာဖတ်သူတော်တော်များများက မေတ္တာပို့တာ၊ မေတ္တသုတ်ရွတ်ဖတ်တာကို ပြေးသတိရကြမှာပါ၊
အဲဒီထက်တဆင့်တက်ပြီး မေတ္တာဆိုတာ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနော ကံမေတ္တာတွေကိုလည်း သတိရကြည့်စေချင်ပါတယ်၊
ကာယကံမေတ္တာဆိုတာ-ကိုယ်နဲ့ပတ်သက်ပြီးဆောင်ရွက်တာလေးတွေပါ၊ ဥပမာ ပြောရရင် ဘတ်(စ်)ကားပေါ်မှာ ကိုယ်ထက်အသက်ကြီးသူတွေ၊ ကိုယ်လေးလက်ဝန်ရှိ သူတွေကို နေရာဖယ်ပေးတာ၊ သူငယ်ချင်းကိုတွေ့ရင် နွေးထွေးထွေး လက်ဆွဲနှုတ် ဆက်တာ၊ သူငယ်ချင်းတွေဆီကို အီမေးတွေ၊ သတိရကြောင်းစာလေးတွေ နေ့စဉ်ပို့ပေး နေတာတွေဟာ ကာယကံမေတ္တာလေးတွေပါပဲ၊
ဝစီကံမေတ္တာဆိုတာကတော့ စကားပြောတဲအခါ ရင်ထဲကမေတ္တာလေးနဲ့ တစ် ယောက်စကား တစ်ယောက်နားမှာ မခါးရအောင်သတိဆောင်ပြီး ချိုချိုသာသာနဲ့ပြောဆို တာ၊ သူငယ်ချင်းတွေကို ဖုန်းထဲကနေယဉ်ယဉ်ကျေးပြောဆိုတာ၊ ကိုယ့်မိသားစုကို ချိုချို သာသာပြောဆိုတာစာတာတွေက ဝစီကံမေတ္တာတွေပါ၊ နောက်ကိုယ်နဲ့ သိသိမသိသိ စကားကို ယဉ်ယဉ်ကျေးကျေးချိုချိုသာသာပြောတာတွေဟာ ဝစီကံမေတ္တာတွေပါ၊
မနောကံမေတ္တာဆိုတာက ကိုယ်နဲ့ပတ်သတ်သူတွေ၊ မပတ်သက်သူတွေကို စိတ်ထဲမနောထဲကနေ မေတ္တာပို့နေတာ၊ သူတို့တွေအတွက် ကောင်းတာတွေလုပ်ပေးဖို့ စဉ်းစားနေတာ၊ ကြံစည်နေတာတွေဟာ မနောကံမေတတ္တာတွေပါ၊
ယခုပြောခဲ့တဲ့မေတ္တာကံလေးတွေကိုနေ့စဉ် လုပ်ဆောင်ပြောဆိုကြံစည်နေမယ်ဆို ရင် စာရေးသူတို့ စာဖတ်သူတို့ရဲ့ ရင်ထဲမှာတောက်လောင်နေတဲ့ မီတွေဟာ ငြိမ်းအေး သွားမှာပါ၊ အပြီးတိုင်မငြိမ်းနိုင်တောင် နေရထိုင်ရတာ မတ္တောမပွားခင်ကထက်စာရင် ကိုယ်လက်စိတ်တွေ ပေါ့ပါးလာမှာပါ၊
စာရေးသူပြောတာတွေကိုမယုံရင် စာဖတ်ပြီးတဲ့အချိန်ကစပြီးစမ်းကြည့်ပါနော် ။ ။
မေတ္တာဓာတ်ကမ္ဘာပတ်ပြီး အာလုံးသတ္တ၀ါများသူငါ ငြိမ်းချမ်းကြပါစေ၊
ရွှေမန်းသား ( အရွင္အကုၤရ)
No comments:
Post a Comment