Monday, 23 July 2012

ဝဋ်ဆိုတာ လည်တတ်ပါသလား



       မနသာစေ ပဒုဋ္ဌေန၊ ဘာသတိဝါ ကရောတိဝါ၊
        တတောနံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။ ။
       
       All mental phenomena have mind as their forerunner;
        they have mind as their chief; they are mind made.
        If one speaks or acts with an evil mind, ’dukkha’
        follows him just as the wheel follows the hoof-print
        of the ox that draws the cart.
      
  နေ့စဉ်ပြုလုပ်နေသော အလုပ်တို့သည်၊ စိတ်သာလျှင်ရှေ့ဆောင်ဦးစီးဖြစ်၏၊
မကောင်းသောစိတ်ဖြင့် ပြုလုပ်ပြောဆိုမိလျှင် ထိုမကောင်းမှုသည်၊ ပြုလုပ်ပြောဆိုသူ နောက်သို့ လှည်းဘီးရာသည် နွားခြေရာနောက်အစဉ်လိုက်သကဲ့သို့ လိုက်နေတတ်၏။ ။


တစ်ခါတစ်ခါမှာ လူတွေဟာ မခံချင်စိတ်လေးတွေနဲ့ မကောင်မှုလေးတွေကို လုပ်တတ်လေ့ရှိပါတယ်၊ အဲဒီလိုလုပ်လိုက်လို့ တကယ်ခံရတာကသူမဟုတ်ပါဘူး၊ ကိုယ်ခံရတာပါ၊ ဒီလိုဘာကြောင့်ပြောလည်းဆိုတော့ ဓမ္မပဒကဖတ်ဖူးထားတဲ့ စာလေး တစ်ပုဒ် ကြောင့်ပါ၊

        ဓမ္မပဒမှာပါတဲ့ စာလေးကိုမှတ်သားကြည့်ရအောင်ပါ၊ မြတ်စွာဘုရားရှင်လက် ထက်အခါက စက္ခုပါလဆိုတဲ့ရဟန်းတစ်ပါးရှိပါတယ်၊ စက္ခုပါလရဟန်းတော်ဟာ သာ မန်ရဟန်းတော်မဟုတ်ပါဘူး၊ ရဟန္တာအရှင်မြတ်ကြီးပါ၊ ဒါပေမဲ့ ဘ၀ဟောင်းကမကောင်း မှုတစ်ခုကြောင့် စက္ခုနှစ်ကွင်းအလင်းမရရှာဘူး၊ 

ဒါကြောင့် တရားအားထုတ်ရင်း စင်္ကြန် လျှေက်အခါ မမြင်မိပဲ ပိုးကောင်ငယ်လေးတွေကို တက်နင်းမိပါတယ်၊ အဲဒီလိုတက်နင်း တာကို အကြောင်းပြုပြီး အထက်မှာရေးပြခဲ့တဲ ဂါထာလေးကို မြတ်စွာဘုရားရှင်က အာ ဂန္တုရဟန်းတွေကိုဟောခဲ့တာပါ၊

        ဒီနေရာမှာ ရဟန္တာကြီးဖြစ်ရက်သားနဲ့ ဘာကြောင့်မျက်စိမမြင်ရတာလဲဆိုရင် ဘ၀ အတိတ်ဟောင်းက အရှင်မြတ်ကြီးပြုလုပ်ခဲ့တဲ့ ၀ဋ်ကြွေးကြောင့်ပါ၊ ဒီလိုပါ ၀ဘတစ်ခုမှာ အရှင်မြတ်ကြီးဟာ သမားတော်ကြီးဖြစ်ပါတယ်၊ တစ်နေ့တော့ မျက်စိရောဂါရနေတဲ့ လူ နာတစ်ယောက်ကိုဆေးကုပါတယ်၊ ဆေးကုတော့ ရောဂါပျောက်ရင် ဆေးဖိုးပေးဖို့ ကတိ စကားရှိကြပါတယ်၊ ဒီလိုနဲ့ကုရင်းကုရင်း ရောဂါကပျောက်လာပါတယ်၊ ဒါပေမဲ့ လူနာက ဆေးဖိုးမပေးချင်တာနဲ့ သူရောဂါဟာ မပျောက်သေးပါဘူးလို့ ငြင်းဆန်ပါတယ်၊

        ဒါပေမဲ သမားတော်ကြီးက သိတာပေါ့၊ ဆေးဖိုးမပေးချင်တာလည်းသိပါတယ်၊ အဲ ဒီလိုသိတာနဲ့ သမားတော်ကြီးဟာ ဒေါသဖြစ်ပြီး ကဲဒီလောက်မပျောက်ချင်ရင် နေနှင့်ဦး ဆိုပြီး မျက်စိကန်းတဲ့ဆေးတွေပေးလိုက်ပါတယ်၊ အဲဒီဆေးတွေခတ်ပြီး လူနာလဲ တစ်ဘ ၀လုံး မျက်စိနှစ်လုံးဆုံးရှုံးသွားပါတော့တယ်၊

        အဲဒီဘ၀ကလုပ်ခဲ့တဲ မကောင်းမှုအကုသိုလ်ကြောင့် ယခုလိုမြတ်စွာဘုရားနဲ့တွေ့ ဆုံပြီး ရဟန္တာအရှင်မြတ်ကြီးဖြစ်သွားတာတောင် ၀ဋ်ကြွေးကိုပေးဆပ်တဲ့အနေနဲ့ မျက်စိ နှလုံးဆုံးရှုံးရတာပါ၊

        ဒီဇာတ်လမ်းလေးမှာကြည့်မယ်ဆိုရင်တော့ သူမပေးလို့ ကိုယ်ကလုပ်လိုက်တာပါ၊ ဒါပေမဲ့ အဲဒီမကောင်းမှုကံကြီးက ကိုယ့်ရဲနောက်ကို တကောက်ကောက်လိုက်ပါနေပါ တယ်၊ လုပ်လိုက်တဲ့အလုပ်နဲ့ ခံရတာနဲ့က မမျှမတတာပါပဲလို့ ထင်စရာရှိပါတယ်၊ ဒါပေ မဲ့ စိတ်တွေဟာ အချိန်တိုင်းမှာ ကဋေပေါင်းများစွာဖြစ်ပျက်နေတာပါ၊ အဲဒီစိတ်တွေထဲမှာ စေတနာလေးတွေကပ်ပါသွားမယ်ဆိုရင် လုပ်လိုက်တိုင်း၊ ပြောလိုက်တိုင်း ၊ကြံလိုက် တိုင်းဟာ အားတွေပါနေမှာပါ၊

        “ယနေ့ကျွန်ုပ်တို့ ဖြစ်သမျှသည် မနေ့ကကျွန်ုပ်တို့ အတွေးအမြင်များမှ ဆင်းသက် သည်၊ ယနေ့ကျွန်ုပ်တို့ အတွေးအမြင်များသည် မနက်ဖြန်ကျွန်ုပ်တို့ ဘ၀များကိုတည် ဆောက်ပေလိမ့်မည်” ဆိုတဲ့အတွေးအခေါ်လိုပါပဲ၊ အရာအားလုံးကို လုပ်မယ်လို့ဆိုတာ ကြံစည်စိတ်ကူးတာကနေ စတင်တာပါ၊ အဲဒီတော့ စာဖတ်သူများကို တိုက်တွန်းချင်ပါ တယ်၊

        နံနက်ခင်း မိုးလင်းလို့ အိပ်ယာနိုးတာနဲ့တပြိုင်နက် ကောင်းသောအကြံလေးတွေ ကြံစည်ကြပါလို့၊ မကောင်းတာတွေကြံစည်မိရင်၊ လိုက်လုပ်မိမယ်၊ လိုက်လုပ်မိရင် နွား ခြေရာနောက်က လှည်းဘီးရာကြီးလို ကိုယ်ဖြစ်ရမဲ့ ဘ၀သံသရာတစ်လျှောက်လုံး တ ကောက်ကောက်လိုက်နေမှာစိုးလိုပါ။ ။

ရွှေမန်းသား ( အရွင္အကုၤရ)


No comments:

Post a Comment