တစ်ခါက
စာရေးသူနဲ့ခင်တဲ့ညီမတစ်ယောက်က မေးဘူးပါတယ်၊ သူမက လှချင်တာ
ဘယ်လိုလုပ်မလဲတဲ့၊ စာရေးသူလဲ အဲဒီတုန်းက မိတ်ကပ်ဝယ်လိမ်းလို့လွယ်လွယ်ပဲ
ပြန်ဖြေဖြစ်ခဲ့ပါတယ်၊ ဒါမေပဲ့ သူမကထပ်ပြောပါတယ်၊ သူ မိတ်ကပ်တွေ
အမြဲလိမ်းတာထူးလှမလာဘူးတဲ့ မတည့်တဲ့မိတ်ကပ်တွေ၊ သနပ်ခါးတွေလိမ်းမိလို့
ဝက်ခြံတွေတောင် ပေါက်လာတယ်ဆိုပဲ၊
ခုစာရေးမယ်လုပ်တော့ အဲဒီအကြောင်းလေးကို ပြန်အမှတ်ရမိပါတယ်၊
လူတိုင်းကလှချင်ချောချင်ကြပါတယ်၊ မိန်းကလေးတွေမပြောနဲ့ ဒီနေ့ခေတ်
ယောင်္ကျားလေးတွေလည်း ချောချင်လှချင်ကြတာပါပဲ။အမေရိကန်နိုင်ငံမှာဆိုရင်
အလှကုန်ဝယ်ယူသုံးစွဲသူစာရင်းဟာ မိန်းကလေးများထက်
ယောင်္ကျားလေးများကပိုများပြားနေတယ်ဆိုတာကို ဂျာနယ်တစ်ဆောင်မှာ
ဖတ်လိုက်ရဖူးပါတယ်၊ ပြောရရင်တော့ သူလည်းလေလောကီသားပေမို့ပေါ့လို့
ပြောရမယ်ထင်ပါတယ်၊
အလှအပနဲ့ပတ်သက်လို့ စာရေးသူသိထားတာလေတွေ ပြောပြချင်ပါတယ်၊ ဒါပေမဲ့စာရေးသူက
အလှပြင်တဲ့သူမဟုတ်တော့ မိတ်ကပ်တွေ၊ သနပ်ခါးတွေနဲ့ ပြင်တဲ့အလှကို
ပြောပြမှာမဟုတ်ပါဘူး၊ စိတ်နဲ့ပြင်တဲ့အလှ ကျင်ကြံမှုနဲ့ ပြုပြင်တဲ့
အလှအကြောင်းကိုပြောပြမှာပါ၊ဒါကလည်း အလွတ်ပြောသွားမှာမဟုတ်ပါဘူး၊
သက်သေတွေနဲ့ ပြောပြသွားမှာပါ၊
ကဲစပြောကြည့်ရအောင်ပါ၊မြတ်စွာဘုရား
သက်တော်ထင်ရှားရှိတဲ့အချိန်က အရှင်အနရုဒ္ဒါရဲ့ ညီမလေး ရောဟိနီဆိုတာ
ရှိခဲ့ပါတယ်၊ရောဟိနီက အရမ်းချော အရမ်းလှတဲ့ သူပါ၊ ဒါပေမဲ့ ကံဆိုးချင်တော့
တစ်နေ့မှာ ရောဟိနီရဲ့အရေပြားတွေပေါ်မှာ နူနာလို အရေပြားရောဂါတွေ
ဖြစ်လာပါတယ်၊ ရောဟိနီလေးခမျာ အဲဒီအချိန်ကစပြီးအခန်းအောင်းနေတော့တာပါပဲ၊
တစ်နေ့ အရှင်နုဒ္ဒါက နန်းတော်ကို ကြွအလာ သူညီမ
ရောဟိနီကိုမမြင်လို့မေးတဲ့အခါ၊ ဖြစ်ကြောင်းကုန်စင်လျှောက်တင်ကြတာပေါ့၊
အကြောင်းစုံကို
အရှင်နုဒ္ဒါကသိတော့ဆွမ်းစားကြောင်းဆောင်ကြီး
တစ်ဆောင်ဆောက်လုပ်စေပြီး သံဃာတော်တွေ ဆွမ်းစားပြီးတိုင်းရောဟီနီကို
တံမျက်စည်း လှည်းခိုင်းပါတယ်၊ အဲဒီကောင်းမှုကြောင့် ရောဟိနီရဲ့
အရေပြားရောဂါတွေပြောက်ကင်းခဲ့ပါတယ်၊ ဒါက အလှပဂေးမင်းသမီးတစ်ပါး
အလှပျက်သွားရာကနေ တံမျက်လှည်းတဲ့ကောင်းမှုကြောင့်မူရင်းအလှ
ပြန်ရတဲ့သာဓကလေးပါ၊ နောက် အာဠ၀ကသုတ်မှာ
မြတ်စွာဘုရား
ဟောကြားထားတာရှိပါသေးတယ်၊နောက်နောင် ဘ၀ဘ၀တိုင်း လှချင်သူဟာ မာန
မကြီးရပါဘူးတဲ့ မာနကြီးသူဟာ အကြီးတန်တတ်ပါတယ်လို့ဟောကြားထားပါတယ်၊
နောက် တေမိယဇာတ်တော်မှာ တောထွက်သွားတဲ့ သားတော်တေမိမင်းသားဆီ
ကိုလိုက်လာတဲ့ခမည်းတော်မင်းကြီး မေးတာလေးတစ်ခုရှိပါတယ်၊ “သားတော်ရယ်
တောထဲတောင်ထဲမှ သစ်ရွက်သစ်မြစ်သစ်ဥသစ်ဖုတွေစားနေပြီး သားတော်ရဲ့
အသားအရေတွေဟာ ဘာကြောင့် ၀ါဝင်းလှပနေရတာလဲ”ဒီလိုမေးတော့တေမိယမင်းသားလေး
ဖြေတဲ့အဖြေဟာ မှတ်သားစရာကောင်းပါတယ်၊ ”ခမည်းတော် သားတော်
အသားအရေတွေဝါ၀င်းလှပနေတယ်ဆိုတာ အတိတ်ကိုလည်းမတွေး အနာဂတ်ရေးကိုလည်းမမျှော်
သင့်တော်တဲ့
ခုပစ္စုပ္ပန်တည့်တည့်ကိုပဲရှုကြည့်သိနေလို့ပါ”တဲ့။
ပြောရရင်တော့
တေမိမင်းသားလေးဟာ လက်ရှိအချိန်ကိုပဲ ကြည့်နေတဲ့အတွက် အမှားမရှိတော့
ပူဆွေးစရာ နည်းပါးသွားတာပေါ့၊ နောက် အနာဂတ်ရေးကိုလည်း
မမျှော်တော့စိတ်မမောရတော့ဘူးလေ၊ ဒီလို တရားကိုပဲ စွဲမြဲထားတော့ ရုပ်ရည်တွေ
လှပတယ်လို့ ဆိုရမယ်ထင်ပါတယ်၊ ကဲစာဖတ်သူရော အသားရေတွေ ၀ါဝင်းပြီး
မလှချင်ဘူးလား၊
လှချင်ရင်တော့ ရောဟိနီလိုတံမျက်စည်းလှည်းမလား၊
တေမိမင်းသားလေးလို ပစ္စုန်တည့်တည့်ကိုပဲ ရှုသိနေမလား၊
ဒါမှမဟုတ်အာဠ၀ကသုတ်ထဲကလို မာနမကြီးမိအောင်ကြိုးစားမလား၊ စာဖတ်သူဘာသာ
တိုးတိုးလေးဖြေကြည့်ပါနော်။။
တစ်ခါက
စာရေးသူနဲ့ခင်တဲ့ညီမတစ်ယောက်က မေးဘူးပါတယ်၊ သူမက လှချင်တာ
ဘယ်လိုလုပ်မလဲတဲ့၊ စာရေးသူလဲ အဲဒီတုန်းက မိတ်ကပ်ဝယ်လိမ်းလို့လွယ်လွယ်ပဲ
ပြန်ဖြေဖြစ်ခဲ့ပါတယ်၊ ဒါမေပဲ့ သူမကထပ်ပြောပါတယ်၊ သူ မိတ်ကပ်တွေ
အမြဲလိမ်းတာထူးလှမလာဘူးတဲ့ မတည့်တဲ့မိတ်ကပ်တွေ၊ သနပ်ခါးတွေလိမ်းမိလို့
ဝက်ခြံတွေတောင် ပေါက်လာတယ်ဆိုပဲ၊
ခုစာရေးမယ်လုပ်တော့ အဲဒီအကြောင်းလေးကို ပြန်အမှတ်ရမိပါတယ်၊
လူတိုင်းကလှချင်ချောချင်ကြပါတယ်၊ မိန်းကလေးတွေမပြောနဲ့ ဒီနေ့ခေတ်
ယောင်္ကျားလေးတွေလည်း ချောချင်လှချင်ကြတာပါပဲ။အမေရိကန်နိုင်ငံမှာဆိုရင်
အလှကုန်ဝယ်ယူသုံးစွဲသူစာရင်းဟာ မိန်းကလေးများထက်
ယောင်္ကျားလေးများကပိုများပြားနေတယ်ဆိုတာကို ဂျာနယ်တစ်ဆောင်မှာ
ဖတ်လိုက်ရဖူးပါတယ်၊ ပြောရရင်တော့ သူလည်းလေလောကီသားပေမို့ပေါ့လို့
ပြောရမယ်ထင်ပါတယ်၊
အလှအပနဲ့ပတ်သက်လို့ စာရေးသူသိထားတာလေတွေ ပြောပြချင်ပါတယ်၊ ဒါပေမဲ့စာရေးသူက
အလှပြင်တဲ့သူမဟုတ်တော့ မိတ်ကပ်တွေ၊ သနပ်ခါးတွေနဲ့ ပြင်တဲ့အလှကို
ပြောပြမှာမဟုတ်ပါဘူး၊ စိတ်နဲ့ပြင်တဲ့အလှ ကျင်ကြံမှုနဲ့ ပြုပြင်တဲ့
အလှအကြောင်းကိုပြောပြမှာပါ၊ဒါကလည်း အလွတ်ပြောသွားမှာမဟုတ်ပါဘူး၊
သက်သေတွေနဲ့ ပြောပြသွားမှာပါ၊
ကဲစပြောကြည့်ရအောင်ပါ၊မြတ်စွာဘုရား
သက်တော်ထင်ရှားရှိတဲ့အချိန်က အရှင်အနရုဒ္ဒါရဲ့ ညီမလေး ရောဟိနီဆိုတာ
ရှိခဲ့ပါတယ်၊ရောဟိနီက အရမ်းချော အရမ်းလှတဲ့ သူပါ၊ ဒါပေမဲ့ ကံဆိုးချင်တော့
တစ်နေ့မှာ ရောဟိနီရဲ့အရေပြားတွေပေါ်မှာ နူနာလို အရေပြားရောဂါတွေ
ဖြစ်လာပါတယ်၊ ရောဟိနီလေးခမျာ အဲဒီအချိန်ကစပြီးအခန်းအောင်းနေတော့တာပါပဲ၊
တစ်နေ့ အရှင်နုဒ္ဒါက နန်းတော်ကို ကြွအလာ သူညီမ
ရောဟိနီကိုမမြင်လို့မေးတဲ့အခါ၊ ဖြစ်ကြောင်းကုန်စင်လျှောက်တင်ကြတာပေါ့၊
အကြောင်းစုံကို အရှင်နုဒ္ဒါကသိတော့ဆွမ်းစားကြောင်းဆောင်ကြီး
တစ်ဆောင်ဆောက်လုပ်စေပြီး သံဃာတော်တွေ ဆွမ်းစားပြီးတိုင်းရောဟီနီကို
တံမျက်စည်း လှည်းခိုင်းပါတယ်၊ အဲဒီကောင်းမှုကြောင့် ရောဟိနီရဲ့
အရေပြားရောဂါတွေပြောက်ကင်းခဲ့ပါတယ်၊ ဒါက အလှပဂေးမင်းသမီးတစ်ပါး
အလှပျက်သွားရာကနေ တံမျက်လှည်းတဲ့ကောင်းမှုကြောင့်မူရင်းအလှ
ပြန်ရတဲ့သာဓကလေးပါ၊ နောက် အာဠ၀ကသုတ်မှာ မြတ်စွာဘုရား
ဟောကြားထားတာရှိပါသေးတယ်၊နောက်နောင် ဘ၀ဘ၀တိုင်း လှချင်သူဟာ မာန
မကြီးရပါဘူးတဲ့ မာနကြီးသူဟာ အကြီးတန်တတ်ပါတယ်လို့ဟောကြားထားပါတယ်၊
နောက် တေမိယဇာတ်တော်မှာ တောထွက်သွားတဲ့ သားတော်တေမိမင်းသားဆီ
ကိုလိုက်လာတဲ့ခမည်းတော်မင်းကြီး မေးတာလေးတစ်ခုရှိပါတယ်၊ “သားတော်ရယ်
တောထဲတောင်ထဲမှ သစ်ရွက်သစ်မြစ်သစ်ဥသစ်ဖုတွေစားနေပြီး သားတော်ရဲ့
အသားအရေတွေဟာ ဘာကြောင့် ၀ါဝင်းလှပနေရတာလဲ”ဒီလိုမေးတော့တေမိယမင်းသားလေး
ဖြေတဲ့အဖြေဟာ မှတ်သားစရာကောင်းပါတယ်၊ ”ခမည်းတော် သားတော်
အသားအရေတွေဝါ၀င်းလှပနေတယ်ဆိုတာ အတိတ်ကိုလည်းမတွေး အနာဂတ်ရေးကိုလည်းမမျှော်
သင့်တော်တဲ့ ခုပစ္စုပ္ပန်တည့်တည့်ကိုပဲရှုကြည့်သိနေလို့ပါ”တဲ့။
ပြောရရင်တော့
တေမိမင်းသားလေးဟာ လက်ရှိအချိန်ကိုပဲ ကြည့်နေတဲ့အတွက် အမှားမရှိတော့
ပူဆွေးစရာ နည်းပါးသွားတာပေါ့၊ နောက် အနာဂတ်ရေးကိုလည်း
မမျှော်တော့စိတ်မမောရတော့ဘူးလေ၊ ဒီလို တရားကိုပဲ စွဲမြဲထားတော့ ရုပ်ရည်တွေ
လှပတယ်လို့ ဆိုရမယ်ထင်ပါတယ်၊ ကဲစာဖတ်သူရော အသားရေတွေ ၀ါဝင်းပြီး
မလှချင်ဘူးလား၊
လှချင်ရင်တော့ ရောဟိနီလိုတံမျက်စည်းလှည်းမလား၊
တေမိမင်းသားလေးလို ပစ္စုန်တည့်တည့်ကိုပဲ ရှုသိနေမလား၊
ဒါမှမဟုတ်အာဠ၀ကသုတ်ထဲကလို မာနမကြီးမိအောင်ကြိုးစားမလား၊ စာဖတ်သူဘာသာ
တိုးတိုးလေးဖြေကြည့်ပါနော်။။
ရွှေမန်းသား (အရွင္အကုၤရ)
No comments:
Post a Comment