ဖေကြီးစားတဲ့ ဟင်းနဲ့ စားမယ်
မန္တလေးရွှေမြို့တော်ကြီးဆိုတာ စာသင်သားရဟန်းသံဃာတွေ အရမ်းပျော်တဲ့မြို့ကြီးပါ၊ ရွှေမြို့တော်သူ ရွှေမြို့တော်သားတွေက သာသနာတော်ကြီးကိုထောက်ပံ့လှူဒါန်းတာ ရယ်၊ စာသင်တိုက်ကြီးတွေက စာချမှုနည်းစုံတာရယ်ကြောင့် နှစ်စဉ်နှစ်တိုင်း စာသင် သားသံဃာတွေက မလျှော့တဲ့အပြင် တိုးတိုးလာနေပါတယ်၊ ဒါကလည်း အခုမှမဟုတ် ပါဘူး၊ မင်းတုန်းမင်းတရားကြီးတို့လက်ထက်တော်အခါကလည်း အခုလိုသံဃာတော် တွေများလို့ မြို့နေလူထုနဲ့ သံဃာဦးရေနဲ့က မမျှဖြစ်ပြီး ဆွမ်းကွမ်းခက်ခဲကြရပါတယ်၊
ဒီနေ့ခေတ်မှာလဲ မင်းတုန်းမင်းတရားကြီးတို့ ခေတ်တုန်းကလိုပါပဲ သံဃာတော် တွေများလေတော့ ဆွမ်းကွမ်းကမလွယ်ပါဘူး၊ စာသင်သားသံဃာအသစ်လေးများ ရွှေ မြို့တော်ရောက်စဆိုရင် ဆွမ်းခံအိမ်ရဖို့က ချွေးပြန်ရတဲ့အလုပ်ပါ၊ ဆွမ်းခံအိမ်ရပြန်ရင် လည်း ဆွမ်းခံအိမ်တွေက ရပ်ကိုယ်တော်။ ထိုင်ကိုယ်တော်၊ တို့ကိုယ်တော်ဆိုပြီး သုံးမျိုး သုံးစားရှိသေးတာ၊ ရပ်ကိုယ်တော်ဆိုတာ ဆွမ်းခံစကြွခါစ မရင်းနှီးသေးတော့ အိမ်အ ပေါက်ဝကပဲ ဆွမ်းရပ်ပြီးပြန်ရလို့ ရပ်ကိုယ်တော်လို့ခေါ်တာပါ၊ ထိုင်ကိုယ်တော်ဆိုတာ ဆွမ်းခံအိမ်က ခင်းထားပေးတဲ့နေရာမှာထိုင်ပြီး အိမ်ကဒကာဒကာမတွေနဲ့ စကားနည်း နည်းပြောရပြီး ဆွမ်းခံရလို့ ထိုင်ကိုယ်တော်လို့ခေါ်တာပါ၊ တို့ကိုယ်တော်ဆိုတာကတော့ ဆွမ်းခံကြွတာ နှစ်တွေကြာလာတော့အိမ်ကလူအားလုံးနဲ့ ရင်းနှီးကာ မိသားစုလိုနေပြီး အစစအရာရာလှူဒါန်းလို့ တို့ကိုယ်တော်ဖြစ်ရတာပါ၊
အဲဒီလိုမဖြစ်ဘူးများဆိုရင် ဘုံလောင်းတိုးပေတော့ပဲ၊ ဘုံလောင်းဆိုတာ လာသမျှ ကိုယ်တော်တွေကို လောင်းတဲ့ဆွမ်းလောင်းဖွဲ့ ဒါမှမဟုတ် ဆွမ်းလောင်းတဲ့အိမ်တွေကို ပြောတာပါ၊ ဘုံလောင်းသွားပြီဆိုရင်“စ ဒ ဘ ၀”ဆိုတဲ့ဆောင်ပုဒ်လေးနဲ့သွားရပါတယ်၊ “စ”ဆိုတာ စောစောထပါလို့ပြောတာပါ၊ “ဒ”ဆိုတာ ဒုန်းပြေးလို့ပြောတာပါ၊“ဘ”ဆိုတာ ဘုံလောင်းတိုးလို့ပြာတာပါ၊ “၀”ဆိုတာကတော့ ၀အောင်စားလို့ပြောတာပါ၊
အဲဒီလိုစာသင်သားလောကမှာ ဆွမ်းခံအိမ်တွေနဲ့ပတ်သက်ပြီး ပြုံးစရာလေးတစ်ခု ဖြစ်ခဲ့ဖူးပါတယ်၊ ဖြစ်ပုံကဒီလိုပါ မန်းမြို့ကိုရောက်ခါစ စာသင်သားကိုယ်တော်လေးတစ် ပါးဆွမ်းခံကြွတော့ ဆွမ်းခံအိမ်တစ်အိမ်မှာ ဒကာမတစ်ယောက်က သူသားလေးကို ကျောင်းမသွားခင် ထမင်းကျွေးနေပါတယ်၊ ကလေးကကျွေးတဲ့ဟင်းကို မစားပဲကောက် နေပါတယ်။ နောက်ကလေးပါးစပ်ကလည်း သူအမေကိုတတွတ်တွတ်ပြာနေပါတယ် ကလေးပြောတဲ့စကားကိုကြားပြီး ကိုယ်တော်လေးခမျာ ရှေ့တိုးရခက်နောက်ဆုတ် ရခက်ပေါ့၊ ကလေးပြောတဲ့စကားကကြည့်ဦးလေ” ဟင့်အင်း ဟင့်အင်း ဘုန်းဘုန်းတွေ လောင်းတဲ့ဟင်းနဲ့စားချင်ဘူး ဖေကြီးအတွက်ချက်တဲ့ဟင်းနဲ့ စားမယ်၊ ဖေကြီအတွက် ချက်တဲ့ဟင်းနဲ့စားမယ် ”၊
ကဲစာဖတ်သူရေ စာဖတ်သူရောအဲဒီနေရာမှာဆိုရင် ရှေ့ကိုတိုးမလား အသာလေးမသိ ချင်ယောင်ဆောင်ပြီး ပြန်ထွက်လာမလား၊ နောက် ဒီကိုယ်လေးက ရပ်ကိုယ်တော်လား ထိုင်ကိုယ်လေးလား၊ တို့ကိုယ်တော်လေးလားဆိုတာကိုပါ စဉ်းစားလိုက်ပါဦးနော်။ ။
ရွှေမန်းသား ( အရွင္အကုၤရ )
No comments:
Post a Comment