ကျွန်ုပ်နှင့် အီတလိခေါက်ဆွဲ
န့၌ စာရေးသူနေသော ကုလားဘုန်းကြီးကျောင်းသို့ အီတလီတွင်နေသော ကုလားအာဂန္တုဘုန်းကြီးတစ်ပါးနှင့် အီတလီဒကာမကြီးတစ်ယောက် အလည်ရောက် လာ၏၊ အီတလီမှ လက်ဆောင်တွေအပြင် အီတလီခေါက်ဆွဲခြောက်များလည်းပါလာ၏၊
ကုလားဘုန်းကြီးကျောင်းရောက်ကတည်းက အုန်းသီးဆံသုတ်၊ ပါတိပူတီခေါ်ကုလားပဲ ဟင်းတွေနဲ့ပဲ နေ့စဉ်ရက်စက် နှစ်ပါးသွားကာ တအားစာခဲ့ရခြင်းကြောင့် ဒီနေ့တော့ အီ တလီခေါက်ဆွဲနဲ့ တအားဆွဲရမည်ဟု အားခဲထားမိ၏၊ ကုလားကျောင်းသားလေးက လည်း“ဘန္တေ ဒီနေ့ အီတလီခေါက်ဆွဲစားရမယ်”ဟု လာပြောထား၏၊
“အင်း ဒီနေ့တော့ အီတလီခေါက်ဆွဲကို အမုန်းဆွဲလိုက်ဦးမယ်”ဟု စိတ်ထဲတွင် တေးထားလိုက်မိ၏၊
နေ့လည်(၁၁)နာရီကျော်ကျော်လောက်တွင် ကုလားကျောင်းသားလေးက“ဘန္တေ ဆွမ်းဘုန်းပေးရအောင်”ဟု လာခေါ်လေ၏၊ ဆွမ်းဝိုင်းအရောက် အီတလီခေါက်ဆွဲအား ဒေါက်ထောက်ရှာသော်“ဟိုက် ဘယ်မှာလဲအီတလီခေါက်ဆွဲ”။ မျက်စိအားတအား ဖြဲ ကာရှာပါသော်လဲ အနှီအီတလီခေါက်ဆွဲကား မတွေ့ရေးချာမတွေ့တဲ့အဆုံး၊ ကုလား ကျောင်းသားလေးအား “ဘယ်မှာလဲအီတလီခေါက်ဆွဲ”လို့မေးတော့၊ “ဒီမှာလေ ဘန္တေ”
“ဟိုက် အီတလီ ခေါက်ဆွဲ ဘယ်လိုများဖြစ်ရတာတုန်း ”ဆိုပြီး ယူကြုံးမရဖြစ်မိ၏၊
သူတို့ချက်ထားတဲ့ အီတလီခေါက်ဆွဲကား အရှင်လတ်လတ်အီတလီခေါက်ဆွဲဘ၀မှ စင်ဟာလီ ခေါက်ဆွဲဘ၀သို့ကူးပြောင်းသွားလေပြီ။ ကြည့်ပါဦးစာဖတ်သူရယ် စင်ဟာလီ ခေါက်ဆွဲတစ်ဖြစ်လဲ အီတလီခေါက်ဆွဲဖြစ်ပုံကား အရည်မပါအဖတ်ဗလာထဲတွင် ကြက် ဥတွေပေါက်ထဲထားပြီး အုန်းနို့တွေနဲ့ရောချက်ထား၏၊ စားရတာကအရာသာခြောက်ပါး တစ်ပါးမှမပါ၊ မှန်းချက်နဲ့ နှမ်းတွက်သွက်သွက်လည်အောင် လွဲသွားလေတော့၏၊
ကဲဖြစ်ပုံကတော့ မှန်းထားသောအီတလီခေါက်ဆွဲမှာ စင်ဟာလီခေါက်ဆွဲဘ၀သို့ ကူးပြောင်းသွားပါသဖြင့် မြန်မာပြည်တုန်းက စားခဲ့ရသော အီတလီခေါက်ဆွဲကို လွမ်းမိပါကြောင်း။ ။
ရွှေမန်းသား ( အရွင္အကုၤ)
No comments:
Post a Comment