စာဖတ်သူတွေကို ဘုရားဂုဏ်တော် အဓိပ္ပါယ်လေးတွေပြောပြပြီးတော့ ဒီတစ်ခါ တရားဂုဏ်တော် အဓိပ္ပါယ်လေးတွေ ဆက်ပြောချင်ပါသေးတယ်၊ တရားဂုဏ်တော် အ ဓိပ္ပါယ်လေးတွေကို ကြည်ညိုကြည့်ရအောင်ပါ၊
သွက္ခာတ ဂုဏ်တော်အဓိပ္ပါယ်၊
ဘဂ၀တာ- ထိုဘုန်းသခင်ရှင်တော်မြတ်ဘုရားသည်၊ ဓမ္မော-မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မခန် ဟု ဆယ်တန်သောတရားတော်မြတ်ကို၊ သွက္ခာတော-ကြားနာရုံပင် အပူစင်၍ ကျင့်လျှင် ချမ်းသာ ကျင့်ပြီးခါလည်း လွန်စွာငြိမ်းချမ်း နိဗ္ဗာန်နန်းနှင့် စခန်းသင့်အောင် မှန်းလင့်ရည် ရော် ကောင်းစွာဟောတော်မူအပ်ပါပေ၏။
ဒါက အရှည်ဖတ်ချင်မှတ်ချင်သူများအတွက်ပါ၊ အတိုအကျဉ်းလိုရင်းမှတ်ချင်ရင် တော့ သွက္ခာတော- ကောင်းစွာဟောတော်မူအပ်သောတရားတော်လို့ မှတ်ထားလိုက်ပါ
နော်တစ်ဆင့် မဂ်လေးတန်ဆိုတာက (၁) သောတာပတ္တိမက်၊ (၂) သကဒါဂါမိမဂ်၊ (၃) အနာဂါမိမဂ်၊ (၄) အရဟတ္တမက်တွေကိုပြောတာပါ၊ ဖိုလ်လေးတန်ဆိုတာက (၁) သော တာပတ္တိဖိုလ် (၂) သကဒါဂါမိဖိုလ် (၃) အနာဂါမိဖိုလ်၊ (၄) အရဟတ္တဖိုလ်ဆိုတာတွေကို ပြောတာ၊ အဲမဂ်လေးပါး ဖိုလ်လေးပါးရယ် နိဗ္ဗာန်ရယ်ပေါင်းလိုက်ရင် လောကုတ္တရာ တရားကိုးပါးဆိုတာဖြစ်ပါတယ်၊ ဒါကြောင့်
တချို့ဘုရားရှိခိုးတွေမှာ လောကုတ္တရာတရား ကိုးပါးအားလျှော်သော မြတ်သောအကျင့်ဖြင့် လို့ဆိုနေကြတာပါ၊
သန္ဒိဋ္ဌိက ဂုဏ်တော်အဓိပ္ပါယ်၊
ဓမ္မော- မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သောတရားတော်မြတ်သည်၊ သန္ဒိဋ္ဌိကော-ဟောပြ သလောက် ကျင့်တိုင်းပေါက်၍ မဂ်ရောက်ဖိုလ်ထိ ပညာရှိသည့် များအရိယာ သူတော် စွာတို့ သူတကာပြော ယုံကြည်သောကြောင့် သဘောချင်းထပ် မဆည်းကပ်ပဲ တပ်အပ် ထင်ထင် ကိုယ်တိုင်လည်း သိမြင်ထိုက်ပါပေ၏၊
ဒါကအရှည်မှတ်ဖို့ပါ၊ တိုတိုကျဉ်းလိုရင်းကတော့ သန္ဒိဋ္ဌိကော-ကိုယ်တိုင် သိမြင် တော်မူထိုက်၏ လို့မှတ်ရင်အဆင်ပြေပါတယ်၊ ဒီထက်နားလည်အောင်ပြောပြရမယ်ဆို ရင် မြတ်စွာဘုရားဟောတော်မူထားတဲ့တရားတော်တွေဟာ လုပ်ကြံပြီး စိတ်ကူးယဉ်ပြီး ဟောပြထားတာမဟုတ်ပါဘူး၊ တကယ်ကျင့်ရင် တကယ်ဖြစ်တဲ့ လက်တွေ့ဘ၀နဲ့တ ထပ်တည်းကျနေတာတွေကို ဟောပြထားတာပါ၊ ဒါကြောင့် မယုံရင် ကိုယ်တိုင်ကျင့်ပါ ကိုယ်တိုင်ဖြစ်ပါတယ်လို့ အာမခံထားတဲ့ ဒီသန္ဒိဋ္ဌိကဂုဏ်နဲ့ပြည့်စုံတာပါ၊
အကာလိက ဂုဏ်တော်အဓိပ္ပါယ်၊
ဓမ္မော-သောတာပတ္တိ စသည်ဆင့်တက် လေးချက်အပြား မဂ်တရားသည်၊ အကာ လိကော-ငါးရက် ခုနှစ်ရက် စသည်တက်၍ ငံ့လျက်ရှည်ဝေး အကျိုးပေးရာ အခါမမဲ့ အ ခြားမဲ့ဖိုလ် အကျိုးကိုလည်းပေးတော်မူတတ်ပါပေ၏၊
အတိုမှတ်ချင်ရင်တော့-အကာလိကော အချိန်မနှေးပဲ အကျိုးပေးတတ်ပါပေ၏လို့ မှတ် သားထားလိုက်ပါနော်၊ ဒီနေရာမှာ အချိန်မဆိုင်းပဲ အကျိုးပေးတယ်ဆိုတာ မဂ်တ ရားဖိုလ်တရားတွေကို ပြောတာပါ၊ မဂ်တရားရပြီးသွားရင် နောက်က ဖိုလ်တရားက တစ်ခါတည်းတစ်ပြိုင်းတည်းဖြစ်တယ် ရတယ်ဆိုတဲ့အဓိပ္ပါယ်ပါ၊
ဧဟိပဿိကော ဂုဏ်တော်အဓိပ္ပါယ်၊
ဓမ္မော-မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သောတရားတော်မြတ်သည်၊ ဧဟိပဿိကော-ဝေ ဟာတက်ထွန်း ယုဂန်စွန်း၌ လ၀န်းအလား ပတ္တမြားသဖွယ် စင်ကြယ်ထင်ရှား ရှိသည် များကြောင့် အားရရွှင်လန်း လိုက်ခဲ့စမ်းပါ ရှုစမ်းပါဟု သံသာချိုမြ ဖိတ်ခေါ်ပြဖို့ မုချဧကန် အမှန်သင့်လျှော် ထိုက်တော်မူပါပေ၏၊
အတိုမှတ်သားထားချင်ရင်တော့ ဧဟိပဿိကော-လာပြီးကြည့်ပါ ကျင့်ပါဟု ဖိတ်ခေါ် တတ်ပါပေ၏လို့ မှတ်သားထားရင် အဆင်ပြေမယ်ထင်ပါတယ်၊ ပြောရရင် တရားတော် တွေဟာ အားထုတ်ဖူးသွားရင်၊ အတွင်းကျကျ ကျင့်ကြံဖူးသွားရင် နောက်ဆိုရင် မကျင့်ပဲ ကိုမနေနိုင်တော့ပါဘူး၊ မကျင့်ချင်ကျင့်ချင်လာအောင် လာပါ၊ ကျင့်ပါဆိုပြီး ခေါ်ငင်နေသ လိုခံစားရပါတယ်၊ ဒါကလည်း တရားကိုတကယ်အားထုတ်ဖူးသူများမှ သိနိုင်တာပါ။
သြပနေယျိကော ဂုဏ်တော်အဓိပ္ပါယ်၊
ဓမ္မော-မဂ်ဖိုလ်နိဗ္ဗာန်ကိုးတန်သော တရားတော်မြတ်သည်၊ သြပနေယျိကော-မိမိ စိတ်တွင် တစ်ကြိမ်ထင်က လေးခွင်အပါယ် ၀ဋ်မီးကွယ်သဖြင့် ကိုယ်ဝယ်ဝတ်နှောင် ဆံ ဦးသျှောင်ကို မီးလောင်သော်ငြား မငြိမ်းအားဘဲ တရာမျက်ရှင် စိတ်စွဲထင်အောင် ကျင့် ဆောင်ခြင်းငှါ ထိုက်တော်မူပါပေ၏၊
အတိုမှတ်သားချင်ရင်တော့ သြပနေယျိကော- မိမိစိတ်ထဲသို့ ကပ်၍ဆောင်တတ်ပါပေ ၏ လို့မှတ်သားထားလိုက်ပါနော်၊
ပစ္စတ္တံ ဝေဒိတဗ္ဗံ ဂုဏ်တော်အဓိပ္ပါယ်၊
ဓမ္မော- မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်၊ ၀ိညူဟိ-ပုထုဇဉ်နှင့် မတန်သင့်စွာ လေးသစ္စာကို ကောင်းစွာမြင်သိ ပညာရှိပေါင်း အရိယာသူတော်ကောင်း တို့သည်၊ ပစ္စံဝေဒိတဗ္ဗော-ကိုယ်စီကိုယ်င လိုတိုင်းရ၍ နိဗ္ဗာနဓာတ် သမာပတ်ဖြင့် မပြတ် သိပိုင် ခံစားနိုင်ပါပေ၏၊
အတိုမှတ်ထားချင်ရင်တော့ ပစ္စတ္တံ ဝေဒိတဗ္ဗော-ကိုယ်စီကိုယ်ငှ သိရ ခံစားရ၏လို့ မှတ်ထားလိုက်ပါ၊
ခုပြောပြပေးခဲ့တာတွေက တရားတော်ရဲ့ဂုဏ်တော်တွေပါ၊ ဒါနဲ့တဆက်တည်းမေးစရာ ရှိတာက တရားတော်ကိုဘယ်လို ပူဇော်မလဲဆိုတဲ့ မေးခွန်းပါ၊ ဘာကြောင့်လဲဆိုရင် ဘု ရားရှင်နဲ့ သံဃာတွေကတော့ မျက်မြင်ထင်ရှားပုဂ္ဂိုလ်များမို့ ပူဇော်လို့ရတဲ့အတွက် ပြဿနာ မရှိနိုင်ပါဘူး၊ တရားတော်တွေကြတော့ အသံတွေ၊ စာအုပ်တွေဆိုတော့ ဘယ် လိုပူဇော်မလဲ၊ ကဲ- ဦးနှောက်စားမနေပါနဲ့ စာဖတ်သူရေ၊ ဆက်ဖတ်ကြည့်ပါနော်၊
မြတ်စွာဘုရားရှင်လက်ထက်တုန်းကလည်း ပုဏ္ဏားတစ်ယောက်က တရားတော် ကိုပူဇော်ချင်တာနဲ့ ဘယ်လိုပူဇော်ရမလဲလို့ မြတ်စွာဘုရားကလျှောက်ထားဖူးပါတယ်၊ ဒီ အခါ မြတ်စွာဘုရားက တရားတော်တွေကို အများကြီးသိတဲ့ဗဟုတများတဲ့ရဟန်းတွေကို ပူဇော်ပါ၊ ဒါဆိုရင် တရားတော်ကို ပူဇော်ရာရောက်ပါတယ်လို့ ပြန်လည်ဖြေကြားပါတယ်၊ ဒါနဲ့သံဃာတွေကို တရားဗဟုသုတများတဲ့ရဟန်းက ဘယ်ရဟန်းပါလဲဘုရားလို့ မေး လျှောက်တော့ ရဟန်းတော်တွေက အရှင်အာနန္ဒာမထေရ်မြတ်ကို ညွှန်ပြကြပါတယ်။ ဒါနဲ့ပုဏ္ဏားလည်း အရှင်အာနန္ဒာမထေရ်ကို တစ်ထောင်သင်္ကန်းလှူဒါန်းလိုက် ပါတယ်၊
ဒီနေ့ခေတ်မှာတော့ တရားတော်ကိုပူဇော်ချင်တယ်ဆိုရင် စာသင်တိုက်တွေမှာ စာဝါတက် စာဝါချလုပ်ငန်းတွေနေ့စဉ်လုပ်ဆောင်နေတဲ့ စာသင်သားတွေ စာချဘုန်းကြီး တွေကို ပူဇော်မယ်ဆိုရင် တရားတော်ကိုပူဇော်ရာရောက်တာပါပဲ၊ နောက်တစ်ခု သာသ နာအတွက် အားကြိုးမာန်တက် ပညာသင်ယူနေကြတဲ့ စာသင်သားကျောင်းသားရဟန်း တွေကို
တရားတော်ကိုရည်စူးကာလှူဒါန်းမယ်ဆိုရင်လည်း တရားတော်ကို ပူဇော်ရာ ရောက်တာပါပဲ၊
ဒါကြောင့် အကယ်၍များ တရားတော်ကိုပူဇော်ချင်တယ်ဆိုရင် စာသင်သားသံ ဃာတော်တွေကို တရားတော်ရည်မှန်းကာ လှူဒါန်းလိုက်ပါလို့ အကြံပြုပါရစေ။ ။
ရွှေမန်းသား ( အရွင္အကုၤရ)
No comments:
Post a Comment